Must stop all Dam projects on Irrawaddy River in Burma! ဧရာဝတီ (မေခမြစ်နှင့် မလိခမြစ် အပါအ၀င်) မြစ်ကြီးပေါ်မှ ရေကာတာစီမံကိန်းများ ရပ်တန့် ပေးပါ။

Sunday, February 19, 2012

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံရှိ တိုင်ရီဖိနပ်စက်ရုံအလုပ်သမားတွေကို ဆွီဒင်နိုင်ငံက ဆိုရှယ်ဒီမိုကရက်ကျောင်းသားလူငယ်များမှ ထောက်ခံမှုပြု။

အလုပ်သမားအခွင့်အရေးကို (၁၂) ရက်မြောက်ကြာမြင့်နေသည့်တိုင် ဆက်လက်ဆန္ဒပြတောင်းဆိုနေကြတဲ့ ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံရှိ တိုင်ရီဖိနပ်စက်ရုံအလုပ်သမားတွေကို ဆွီဒင်နိုင်ငံက
ဆိုရှယ်ဒီမိုကရက်ကျောင်းသားလူငယ်များမှ ထောက်ခံမှုပြု။



အပြည့်ဖတ်မည်...

Thursday, February 16, 2012

ရန်ကုန်မြို့  ကြည့်မြင်တိုင်ရှိ နှစ်ခန်းတွဲ (၇) ထပ် ကန်ထရိုက်တိုက် မတရားအမှုမှာ ကြံ့ ဖွတ်အမတ် ဒေါ်ကြည်ကြည်မာ ပါဝင်ပတ်သက်နေ။

ရန်ကုန်မြို့  ကြည့်မြင်တိုင်ရှိ နှစ်ခန်းတွဲ (၇) ထပ် ကန်ထရိုက်တိုက်အား မြေရှင်မှ ၀င်ရောက်ကျူးကျော်ရန် ရည်ရွယ်ချက်ဖြင့် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များသို့  မမှန်မကန် တိုင်ကြားနေမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

အဆိုပါ တိုက်ဆောက်လုပ်ရာတွင် တစ်နှစ်ထက်ပိုကြာမြင့်မှ အပြည့်အ၀ပြီးစီမည်ဖြစ်သောကြောင့် ဆောက်လုပ်မှုသက်တမ်း နောက်ထပ် (၆) လအား တရားဝင်ထပ်မံ တိုးမြှင့်ခဲ့ကြောင်း သိရှိရပါတယ်။ သို့ သော် မြေရှင်မှ ဆောက်လုပ်နေသည့် တိုက်မပြီးစီးသေးဘဲ လူနေခွင့် မကျသေးဘဲ ၀င်ရောက်နေထိုင်ရန် ကြိုးစားခဲ့ပြီး ယခုလို သက်ဆိုင်ရာသို့  မတရားတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။



































ကန်ထရိုက်မှ မိမိနစ်နာမှုများကို ပြန်လည်ချေပရန် ဥပဒေအရ ဆောင်ရွက်ခဲ့သော်လည်း မြေရှင်နှင့် ၄င်းရှေ့နေမှ တရားရုံးသို့  (၄) ကြိမ် လာရောက်ရန် ပျက်ကွက်ခဲ့ပါတယ်။ ထို့ အတူ မြေရှင်မှ အုပ်ချုပ်ရေးအဖွဲ့ များနှင့် ပေါင်းကာ ဧည့်စာရင်းအား တိုက်ဆောက်လုပ်နေသူ အလုပ်သမားများ နေထိုင်ခွင့်မရှိစေရန်အတွက် ကြည့်မြင်တိုင် အရှေ့ ရပ်ကွက် ရယကများနှင့် အတူကြံစည်၍ ဧည့်စာရင်းအား ပိတ်ပင်ခဲ့ပါတယ်။ ၄င်းဧည့်စာရင်းပိတ်မှုကို ရယက အပါအ၀င် မယက၊ ခယကမှ ညွှန်ကြားသည်ဟု ပြောဆိုခဲ့ပါတယ်။

ကန်ထရိုက်မှ အမှုကိစ္စအား တရားဥပဒေအရ ဆောင်ရွက်လိုသည်၊ တရားရုံးအမိန့်အား စောင့်ပေးပါဟု ပြောဆိုသည့်အခါ “တရားရုံးဆိုတာ တို့ အောက်က” ဟု မယက မှ ပြောကြားခဲ့ပါတယ်။

ယခုကဲ့သို့ သော မြေရှင်နှင့် သက်ဆိုင်ရာများ ပူးပေါင်းကြံစည်၍ ကန်ထရိုက်အား မတရားအပြစ်ဆင် သည့်  အဓမ္မအမှုအား မြေရှင်၏ နောက်ကွယ်မှ ကြည့်မြင့်တိုင် ရန်ကုန်တိုင်းဒေသအနိုင်ရလွှတ်တော်ကိုယ်စားလှယ် ကြံ့ ဖွတ်ပါတီဝင် ဒေါ်ကြည်ကြည်မာ ပါဝင်နေကြောင်းသိရှိရပါတယ်။

ဤမတရားမှုအား နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာအဖွဲ့ များထံ စာပို့ တိုင်ကြားခဲ့သော်လည်း အကြောင်းအရာ တစုံတရာ ပြန်ကြားခြင်း မရှိခဲ့ပါ။

ယခုအမှုတွင် ကန်ထရိုက်မှ ဥပဒေအရ ဆောင်ရွက်နေသော်လည်း မြေရှင်နှင့် အုပ်ချုပ်ရေးအဖွဲ့ များ ပေါင်းပြီး ကန်ထရိုက်ကို နှင်ထုတ်ရန် ကြံစည်၍ ယခုလ (၁၆) ရက်နေ့  နောက်ဆုံးထား၍ ဖယ်ရှားရန်၊ ထိုသိုဆိုလျှင် မတရားဆောင်ရွက်ခံရသည့် ကန်ထရိုက်အနေဖြင့် မိမိ စိုက်ဆောက်လုပ်ထားသော တိုက်အတွက် သိန်း (၈၀၀) ကျော် ဆုံးရှုံးနှိုင်သည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း သိရှိရပါတယ်။

ယခုကဲ့သို့  မြေရှင်များမှ မတရားသဖြင့် အုပ်ချုပ်ရေးအဖွဲ့ များနှင့် ပူးပေါင်းကြံစည်ကာ ဆောက်လက်စ သက်တမ်းမပြည့်ခင် တိုက်အိမ်များပေါ် တက်သိမ်းသည့် ဖြစ်စဉ်များ (၃) ကြိမ်ထက်မနည်း ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့ နယ်များတွင် ဖြစ်ပေါ်ကြောင်း သိရှိရပါတယ်။

ဤမတရားမှုအား မြေရှင်ဖြစ်သူ ဒေါ်ခင်ဌေးရီနှင့် သက်ဆိုင်ရာ အုပ်ချူပ်ရေးအဖွဲ့ များသာမက ကြံ့ ဖွတ်ပါတီ အမတ် ကြည်မြင့်တိုင် တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာ၏ ကျောထောက်နောက်ခံပေး ပါဝင်မှုက ပိုမိုဆိုးရွားနေစေကြောင်း သိရှိရပါတယ်။

အပြည့်ဖတ်မည်...

Wednesday, February 15, 2012

နေပြည်တော်က သမတရုံးထဲမှာ EU ကော်မရှင်နာနဲ့  ဂျာမန်ဝန်ကြီးကို တွေ့ ဖို့  စောင့်နေရတဲ့ မြန်မာသမတ ဘ၀။

စင်ကာပူနိုင်ငံသွားတုန်းက စင်ကာပူ ၀န်ကြီးချုပ်ကို ထိုင်စောင့်နေရတယ်၊ ဒီတစ်ခေါက်တော့ နေပြည်တော်က သမတရုံးထဲမှာ EU ကော်မရှင်နာနဲ့  ဂျာမန်ဝန်ကြီးကို တွေ့ ဖို့  စောင့်နေရတဲ့ မြန်မာသမတ ဘ၀။

အပြည့်ဖတ်မည်...

Generation Wave ( မျိုးဆက်သစ်လူငယ်များ) ၏ " ကျည်ဆံတွေအစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြည်" ငြိမ်ချမ်းရေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ။

Generation Wave ( မျိုးဆက်သစ်လူငယ်များ) ၏ " ကျည်ဆံတွေအစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြည် - Let The Flower Bloom But Not Bullets" ငြိမ်ချမ်းရေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ။



(မှတ်တမ်းဓါတ်ပုံများအတွက် ကောင်းဆုလင်းအား အထူးကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

Tuesday, February 14, 2012

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  လူထုဟောပြောပွဲတွေကို လိုက်လံပိတ်ပင်နေတဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တင့်ဆန်း။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  လူထုဟောပြောပွဲတွေကို လိုက်လံပိတ်ပင်နေတဲ့ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တင့်ဆန်း။



































ရန်ကုန်တိုင်းဒေသကြီးရဲ့  ခွင့်ပြုချက်ရရှိခဲ့တဲ့ လှည်ကူးမြို့ လူထုအားကစားကွင်းမှာ မနက်ဖြန်လုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  လူထုဟောပြောပွဲကို ပြည်ထောင်စု အားကစားဝန်ကြီးကနေ ပိတ်ပင်တားဆီးလိုက်ပါတယ်။

အပြည့်ဖတ်မည်...

Monday, February 13, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်ထောင်စုတိုင်းရင်သားများပညာရေးရန်ပုံငွေ ကရင်ပြည်နယ်သို့ ပြည်ထောင်စုနေ့ တွင် ဂုဏ်ပြုလှူဒါန်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်ထောင်စုတိုင်းရင်သားများပညာရေးရန်ပုံငွေ လှူဒါန်းမူအစီအစဉ်အဖြစ် (၆၅) နှစ်မြောက်ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုသောအားဖြစ် ကရင်ပြည်နယ်အတွင်းရှိ အောက်ပါ မူလတန်းကျောင်းများအား ခွဲဝေလှူဒါန်ပေးနိုင်ရန် ငွေကျပ်သိန်း (၄၀) ဗလာစာအုပ်ဒါဇင် (၅၀၀) ဘောလ်ပင် (၂၇၈) ဒါဇင်၊ပေတံ (၄၆) ဒါဇင်တို့ ကို ကရင်ပြည်နယ် အဖွဲ့ ချုပ်သို့  ပညာရေးကွန်ရက်မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်း ပေးအပ်ခဲ့ပါသည်။

(၁) အမှတ် (၆၃) အခြေခံပညာမူလတန်းကျောင်း၊ ဖါလင်ကျောက်တန်းကျေးရွာ၊ ဘားအံမြို့ ။

(၂) အမှတ် (၇၈) အခြေခံပညာမူလတန်းကျောင်း၊ ကော့တုံကျေးရွာ၊ ဘားအံမြို့ ။

(၃) ဖါလင် (၂) အခြေခံပညာမူလတန်းကျောင်း၊ ဖါလင်ကျေးရွာ၊ ဘားအံမြို့ ။

(၄) အခြေခံပညာမူလတန်းကျောင်း၊ ကော့ကရဲထော်ကျေးရွာ၊ ဘားအံမြို့ ။

(၅) အခြေခံပညာမူလတန်းကျောင်း၊ သာနူံးကျေးရွာ၊ ဘားအံမြို့ ။

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်။

အပြည့်ဖတ်မည်...

တိုင်းပြည်တစ်ဝှမ်း ငြိမ်းချမ်းစေချင်ကြတဲ့ ဆန္ဒတွေရှိကြလို့  ၀ိုင်းဝန်းကြတယ်။






























ဗိုလ်ချူပ်အောင်ဆန်း မွေးနေ့  ယနေ့ တွင် မြန်မာပြည် ငြိမ်းချမ်းရေး ရည်ရွယ်ကာ မြန်မာပြည်တွင်းရှိ မြေသြဇာအဖွဲ့ မှ “ကျည်ဆံတွေအစား ပန်းများပွင့်စေ မြန်မာပြည်” ပိုစတာများအား ဆူးလေကုန်သည်ကြီးများဟိုတယ်အရှေ့ တွင်၎င်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးတွင်၎င်း၊ မျှော်စင်ကျွန်းတွင်၎င်း၊ ရွှေဂုံတိုင်တွင်၎င်း ဖြန့် ဝေခဲ့ရာ ယာဉ်ထိန်းရဲများနှင့် တပ်မတော်သားအချို့ မှလည်း လက်ခံရယူကာ ထပ်ဆင့်လက်ကမ်းကြကြောင်း သိရှိရပါတယ်။

အပြည့်ဖတ်မည်...

ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေ မွန်ပြည်နယ်သို့ စတင်လှူဒါန်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ရက်မှ ပြည်ထောင်စုတိုင်းရင်သားများပညာရေးရန်ပုံငွေ စတင်လှူဒါန်းမူ အစီအစဉ်အဖြစ် (၁၁.၂.၂၀၁၂) စနေနေ့ က မွန်ပြည်နယ် အတွင်းရှိ အောက်ပါ ဘုန်းတော်ကြီးသင် ပရဟိတ ပညာရေးကျောင်း (၂) ကျောင်းကို အလှုငွေ ကျပ်သိန်း (၂၀) စီနှင့် ဗလာစာအုပ် (၄၈) ဒါဇင်စီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။

(၁) သာသနရောင်ခြည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းသားဦးရေ (၈၇) ယောက်၊ ဆရာဦးရေ (၃) ယောက် ဘုရားကုန်းရပ်၊ ညောင်ပင်ဆိပ်ကျေးရွာ ကျိုက်မရောမြို့ နယ်။

(၂) ဟံသာဝတီတိုက်သစ် ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းသားဦးရေ (၃၇၆) ယောက်၊ ဆရာဦးရေ (၈) ယောက် (၉) လမ်းထိပ်၊ ဟံသာဝတီရပ်၊ သံဖြူဇရပ်မြို့ နယ်။

ပြည်နယ်တစ်ခုလျှင် ဗလာစာအုပ် ဒါဇင် (၅၀၀)၊ ဘောလ်ပင်ဒါဇင် (၂၇၈)၊ ပေတံဒါဇင် (၄၆) တို့ ကိုလည်း လာမည့် ကျောင်းဖွင့်ရာသီတွင် သက်ဆိုင်ရာ ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်မှ တဆင့် ထပ်မံ ခွဲဝေလှူဒါန်းပေးရန် စီစဉ်ထားပြီး ဖြစ်ပါသည်။

ပညာရေးကွန်ရက်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်။



(ပေးပို့ လာသော ဦးငယ်အား အထူးကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

မြန်မာပြည် ငြိမ်းချမ်းရေး ရည်ရွယ်ကာ မြန်မာပြည်တွင်းရှိ မြေသြဇာအဖွဲ့ မှ “ကျည်ဆံတွေအစား ပန်းများပွင့်စေ မြန်မာပြည်” ပိုစတာများ ဖြန့် ဝေ။

ဗိုလ်ချူပ်အောင်ဆန်း မွေးနေ့  ယနေ့ တွင် မြန်မာပြည် ငြိမ်းချမ်းရေး ရည်ရွယ်ကာ မြန်မာပြည်တွင်းရှိ မြေသြဇာအဖွဲ့ မှ “ကျည်ဆံတွေအစား ပန်းများပွင့်စေ မြန်မာပြည်” ပိုစတာများ ဖြန့် ဝေ။

အပြည့်ဖတ်မည်...

ပြည်ထောင်စုနေ့  အထိမ်းအမှတ် - ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တိုင်းရင်းသားပြည်သူများနှင့်အတူတစ်ကွ။

ပြည်ထောင်စုနေ့  အထိမ်းအမှတ် - ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တိုင်းရင်းသားပြည်သူများနှင့်အတူတစ်ကွ။

ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့  ၂၀၁၂ ခုနှစ်။

(ဓါတ်ပုံ - ကိုကျော်စိုးမိုး)။



















အပြည့်ဖတ်မည်...