Sunday, April 15, 2018

အမှိုက်ပစ်သူများ ရှက်ဖွယ်။

နိုင်ငံကြီးသား မပီသသော စိတ်ဓါတ်မရှိကြသော လုပ်ရပ်။


သင်္ကြန်ရက်အတွင်း ပျော်ပါးမှုမှ မဟုတ်၊ မည်သည့် ပွဲလန်းသဘင်မှာမဆို အတွင်းအပြင်နေရာတွေမှာ အမှိုက်တွေကို ပစ်ချကြတဲ့ အလေ့အကျင့်ဟာ ဘယ်လောက်ထိတောင် ရုပ်ပျက်ဆင်းပျက်နိုင်ကြသလည်းဆိုတာ ဒီမြင်ကွင်းတွေက သက်သေပြနေတယ်။

ပွဲစီစဉ်သူတွေဘက်က အမှိုက်ပစ်ဖို့  နေရာနဲ့  အမှိုက်ပုံးတွေ စီစဉ်ပေးခဲ့ရင်တောင် ကြုံရာနေရာ အလွယ်တကူ ပစ်ချခဲ့တဲ့သူတွေ တာဝန်မဲ့စိတ်တွေ ပြလိုက်တာ။

မိမိတစ်ဦးချင်းအနေနဲ့  မိမိအမှိုက်ကို စွန့် ပစ်ဖို့  အဆင်မပြေရင် ပွဲစီစဉ်သူတွေကို မေးမြန်း (သို့ ) လာရောက်စဉ်ကတည်းက အမှိုက်ထည့်ဖို့ တစ်နိုင် အမှိုက်အိတ်လေးတွေ ယူလာပြီး အမှိုက်အိတ်ထဲ ထည့်၊ စွန့် ပစ်ရမယ့်နေရာမှ သွားရောက် စွန့် ပစ်ထားပေးမယ်ဆိုရင် ဒီလို ရုပ်ပျက်ဆင်းပျက် မြင်ကွင်းတွေ မြင်ရမှာ မဟုတ်ဖူး။

နိုင်ငံတစ်နိုင်ငံရဲ့  လူမျိုးတစ်မျိုးရဲ့  ဂုဏ်အင်္ဂါရပ်ဆိုတာ တစ်ဦးချင်းစီရဲ့  လိုက်နာစောင့်ထိန်းတဲ့ စိတ်ဓါတ်တွေနဲ့ လည်း အခြေခံ သက်ဆိုင်တယ်။

အမှိုက်ကို စည်းကမ်းမဲ့ ပစ်ကြသူတွေ ရှက်ဖွယ်ပါ။


https://www.facebook.com/niknayman.burma.5/posts/112193432971309








No comments: