Friday, April 25, 2008

အမျိုးဘာသာနှင့် တိုင်းပြည်အကျိုးသည် မိမိတို့ ကိုယ်ရေးကိုယ်တာများထက် ပဓာနကျသည်။













ကျွန်တော်တို့ ပြည်သူများ ရိုသေကိုင်းရှိုင်းရပါသော ရဟန်းသံဃာတော်များနှင့် ဂုဏ်ယူလေးစားရပါသော လူထုခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် တော်လှန်ရေးသစ္စာ၊ အမျိုးသားရေးသစ္စာဖြင့် တိုင်းပြည်နှင့်လူမျိုးထုကြီး တစ်ရပ်လုံး အာဏာရှင်လက်အောက်မှ အမြန်လွတ်မြောက်စေရန် ကျွန်တော်တို့ ပြည်သူများအားလုံး ကိုယ်စီကိုယ်ငှ တိုက်ပွဲဝင်သွားကြရန် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။

နစ်နေမန်းအနေဖြင့်လည်း တိုင်းပြည်အရေးနှင့် တော်လှန်ရေးအပေါ် မည့်သည့်အခါမျှ သစ္စာဖေါက်မည်မဟုတ်ကြောင်းနှင့် ရန်သူကို ရန်သူလို ပြတ်ပြတ်သားသား ဆက်ဆံသွားမည်ဖြစ်ပြီး၊ မိတ်ဆွေကို မိတ်ဆွေလို အလေးထားဆက်ဆံသွားမည် ဖြစ်သည်။

လေးစားလျက် - နစ်နေမန်း။

No comments:

Post a Comment

Note: Only a member of this blog may post a comment.