သတင်းအတိုအထွာ (၂၄-၀၄-၀၈)။
(၁) ရန်ကုန်မြို့ ၊ တာမွေမြို့ နယ် ယုဇနပလာဇာ ရှေ့ တွင် ဆိုင်းဘုတ်ကြီးတစ်ခု ထောင်ထားပါတယ်။ ထောက် ခံ မဲပေးဖို့  တိုက်တွန်းရေးသားထားတာ ဖြစ်ပါတယ်။ တိုင်းပြည်ကို ချစ်သူတိုင်း အခြေခံဥပဒေကို ထောက်ခံကြဟု ရေးသားထားပါတယ်။
ဖတ်မိသူ ပြည်သူတိုင်းက အော့နှလုံးနာကာ စက်တင်ဘာအတွင်း ရဟန်းသံဃာတွေနဲ့  ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်သူ နအဖနှင့်လက်ပါးစေများမှ တိုင်းပြည်ကို ချစ်လျှင်ဘာလုပ်ပါ ညာလုပ်ပါနှင့် ပြောနေသည်မှာ အလွန်ရီရဖွယ်ကောင်းသော ဟာသပျက်လုံးဘဲဟု တီးတိုးပြောဆိုနေကြကြောင်း သိရှိရပါတယ်။
(၂) သိမ်ဖြူကုန်းဆင်းတွင် စစ်ကား (၄) စီး ချထားပြီး၊ ဒိုင်းတွေ နံပါတ်တုတ်တွေ ကိုင်ထားသော လုံထိန်းများ အပြည့် ပါရှိကြောင်း သိရှိရပါတယ်။ အယောက်အင်အား (၅၀) ခန့် ရှိပါတယ်။ မှောင်နေသောနေရာတွင် စစ်ကားများရပ်ထားခြင်း ဖြစ်ပါတယ်။ တွေ့ ရှိရသူ ပြည်သူများမှ ထိုကဲ့သို့  ဟန်ရေးပြ ခြိမ်းခြောက်ပြနေမှုအား မမှုကာ မိမိတို့ လုပ်သင့်သည်များကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းနှင့် ပြည်သူတွေအလှည့်ပြန်ရောက်တော့မည့် အချိန်ကို ပါဝင်ရန် အဆင်သင့်ရှိနေကြကြောင်း ပြောဆိုနေကြပါသည်။
No comments:
Post a Comment