မြန်မာလေဘေးဒုက္ခသည်များအတွက် ကူညီမှုတစ်ခု။
မလေးရှားနိုင်ငံမှာ Rennes မြို့ တော်ဝန်ရဲ့  ခွင့်ပြူချက်နဲ့  Live to Love အဖွဲ့ မှနေပြီး မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဘေးသင့်သူများအတွက် ကူညီသောအားဖြင့် ရံပုံငွေရှာပွဲတစ်ခုကို ဇွန်လ (၁၄) ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီရံပုံငွေရှာပွဲမှာ မိမိတို့  ခြံဥယျာဉ်များထဲမှ ပန်းများ၊ ကိုယ်တိုင်ဖုတ် ကိတ်မုန့် များနဲ့  မိုးပျံဘူဘောင်း ဒီဇိုင်းမျိုးစုံကို ရောင်းချခြင်းဖြင့် ရံပုံငွေများ ရရှိခဲ့ပါတယ်။ လာရောက်အားပေးကြသူ မလေးရှားပြည်သူများဟာ မြန်မာနိုင်ငံလေဘေးဒုက္ခသည်များအပေါ် အထူးဂရုဏာသက်ကြကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒီရရှိလာတဲ့ ရံပုံငွေများကို Drukpa Humanitaire and to France Birmanie အဖွဲ့ မှ တစ်ဆင့် မြန်မာပြည်တွင်းရှိ လေဘေးဒုက္ခသည်များထံ တိုက်ရိုက်ပေးပို့  လှူဒါန်းသွားမယ်လို့  သိရှိရပါတယ်။