Monday, July 21, 2008

နအဖက ကျင်းပတဲ့ ဟန်ပြ အာဇာနည်နေ့ အခမ်းအနား။

(အာဇာနည်နေ့ ကျင်းပရေးကော်မီတီဥက္ကဌဆိုပြီး အခိုင်းခံထားရတဲ့ ဗိုလ်မှူးချူပ်အောင်သိန်းလင်းဟာလည်း စိတ်မပါလက်မပါနဲ့  အာဇာနည်ကြီးတွေကို အလေးတောင်မပြူဘဲ လှည့်ထွက်သွားတာ ဗွီဒီယိုထဲမှာ သိသိသာသာကြီး တွေ့  မြင်ရလိမ့်မယ်)။




















နအဖက အာဇာနည်နေ့ ကို နိုင်ငံတော်ဈာပနအခမ်းအနားအဆင့် မကျင်းပဘဲ ရန်ကုန်မြို့ တစ်မြို့ ရဲ့  သာမန်အခမ်းအနားပုံစံလောက်ထိသာ ကျင်းပလိုက်တာဟာ ကျွန်တော်တို့ ရဲ့  လွတ်လပ်ရေးဖခင်ကြီးတွေကို စော်ကားရုံသာမက မြန်မာပြည်သူပြည်သားတွေ အားလုံးကို စော်ကားခြင်းဘဲ ဖြစ်တယ်။

ယခင်ကဆိုရင် တိုင်းပြည်ကို အုပ်ချူပ်သူ နိုင်ငံတော်သမတ (သို့ ) ၀န်ကြီးချူပ်အဆင့်ကတောင် လေးစားစွာနဲ့  အာဇာနည်ကုန်းကို လာရောက် ဦးညွတ်ဂါရ၀ပြုကြရတယ်။

နောက်ပိုင်းမှာ တဖြေးဖြေးနဲ့  အဆင့်တွေလျှော့ချလာပြီး အာဇာနည်ကြီးတွေကို အလေးမထား ဂရုမစိုက်တဲ့ ပုံစံတွေ ပြုလုပ်လာခဲ့တယ်။ အခုဆိုရင် ရန်ကုန်မြို့ စည်ပင်သာယာရေး ဥက္ကဌအဆင့်သာရှိတဲ့. ရန်ကုန်မြို့ တော်ဝန်အဆင့်လောက်နဲ့ သာ ဖြစ်သလို ဟန်ပြလုပ်လာတယ်။ နိုင်ငံတော်ဈာပနအဖြစ် မလုပ်လိုတာကြောင့် နိုင်ငံတကာသံတမန်တွေကိုလည်း မဖိတ်ခေါ်ခဲ့ဘူး၊ တိုင်းသူပြည်သားတွေကိုလည်း လွတ်လပ်စွာ ဂါရ၀ပြုခွင့်မပေးခဲ့ဘူး။

ဒီအပြင် နအဖထိပ်ပိုင်းခေါင်းဆောင်တွေလည်း ဂရုမစိုက် အလေးမထားကြဘူး။ ဆိုလိုတဲ့သဘောက ဗိုလ်ချူပ်အောင်ဆန်းနဲ့  ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သန်းရွှေတို့  မောင်အေးတို့  ရွှေမန်းတို့  သိန်းစိန်တို့ က ကိုယ်တိုင်ဦးညွတ်ဂုဏ်ပြုစရာ မလိုဘူးဆိုတဲ့ သဘောကို ပေါ်တင်ထင်ဟပ်ပြသတာဘဲ။ ဒါဟာ တမျိုးသားလုံးနဲ့ နိုင်ငံကို စော်ကားမှုကြီးဘဲ ဖြစ်တယ်။

နအဖရဲ့  သာမာန်ဟန်ပြ အာဇာနည်နေ့ လုပ်ပုံကို ကြည့်ဖို့ အတွက် -

http://www.zshare.net/video/15665388a0e522ec/ (wmv file format - 74MB)

http://www.zshare.net/video/15665388a0e522ec/ (dvix/avi file format - 34MB)