ပညာရေးဝန်ကြီးနှင့် ဒဂုံတက္ကသိုလ် ဒုတိယ-ပါမောက္ခချူပ်ထံ ပေးပို့ ထားသော ကျောင်းသားကျောင်းသူများ၏ တောင်းဆိုစာ။
သို့  -
ဒေါက်တာချမ်းငြိမ်း
ပညာရေးဝန်ကြီး
မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန။
ဦးဆန်း
ဒု-ပါမောက္ခချုပ်
ဒဂုံတက္ကသိုလ်။
ရက်စွဲ။ ။ ၂၈၊ ၀၇၊ ၂၀၀၈။
အကြောင်းအရာ။ ။ ကျောင်းဝင်းအတွင်း မလိုလားအပ်သော စည်းကမ်းများအား အတင်းအကျပ် လိုက်နာခိုင်းနေခြင်းများအား တားဆီးပါယ်ဖျက်ပေးပါရန် တင်ပြခြင်း။
အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ကျောင်းဝင်းအတွင်းကျောင်းသားကဒ် မချိတ်ပါက ” နောက်နောင် ကျောင်းသားကဒ်ချိတ်ပါမည်၊ ပါမောက္ခမှ ခေါ်ယုဆုံးမပြီးဖြစ်ပါ သည်ဟု ကိုယ်တိုင်ရေးသား ခံဝန်လက်မှတ်ရေးထိုးခိုင်းခြင်း၊ အကယ်၍့ ကျောင်းသားကဒ် မချိတ်ဆွဲပါက အဆောင်ထဲသို့  ပေးမ၀င် ခြင်း။
၎င်းအပြင် ကျောင်းအတွင်း အနက်ရောင်ပါသော အ၀တ်အစား မ၀တ်ရဟု စည်းကမ်း ထုတ်ခြင်း၊ အကယ်လို့ ဝတ်ဆင်မိပါက ကျောင်းအတွင်းသို့ ပေးဝင်သော်လည်း အဆောင်အ တွင်း ပေးမ၀င်ပဲ စာသင်ယူခွင့် ကို ပိတ်ပင်တားဖြစ်နေခြင်း။
စသည့် စည်းကမ်းချက်များသည် ကျတော်တို့  တက္ကသိုလ်ကျောင်းသားများအတွက် မလိုလားအပ်သော စည်းကမ်းချက်များဖြစ်သည်ဟု ကျတော်တို့ အနေဖြင့် သုံးသပ်မိပါသည်။
သရုပ်ပျက်အ၀တ်အစားများ ၀တ်ဆင်ခြင်း မပြုရဆိုသည့် စည်းကမ်းကို ကျောင်းသားအများစုမှ လက်ခံနိုင်ဘွယ်ရာရှိသော်လည်း မြန်မာ့ ရိုးရာဝတ်စုံဖြစ်သော ယောလုံချည်၊ ယောထမီ တို့ ကို အနက်ရောင်ပါသည့် အတွက် ၀တ်ဆင်ခြင်းမပြုရဟု ဆိုသော အချက်မှာလည်း လက်ခံနိုင်စရာ မရှိပါ။
ထို့ အပြင် အဆိုပါစည်းကမ်းချက်များသည် အေးချမ်းစွာ ပညာသင်ကြားလိုသော ကျောင်းသားများအား မကျေမနပ်ဖြစ်စေခြင်းမှတဖန် ဆရာနှင့် တပည့်များအကြား မလိုလား အပ်သော တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ထင်မြင်မိပါသည်။
ထို့ အတွက် တက္ကသိုလ်အဆင့် တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် အဆိုပါ စည်းကမ်းချက်များမှာ မလိုလားအပ်သော စည်းကမ်းများဖြစ်နေပြီး၊ ကျောင်းသားများအတွက် လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့် ကို ထိပါးနေခြင်းနှင့် ကျောင်းအတွင်း ကျောင်းသားကဒ် မချိတ်ပါက အဆောင်တွင်းဝင်ပြီး၊ ပညာသင်ယူခွင့် ပိတ်ပင်ခံရမည် ဆိုသည့် စည်းကမ်းသည်လည်း တက္ကသိုလ်အဆင့် တွင် ပညာသင်ကြားနေသော ကျောင်းသားများအတွက် ကျောင်းဝင်းအတွင်း လွတ်လပ်စွာ ပညာသင်ယူပိုင်ခွင့် နှင့် လွတ်လပ်စွာ သွားလာပိုင်ခွင့် ကို ထိခိုက်နေပါသဖြင့် ထိုသို့ အတင်းအကျပ်ပြုလုပ်ပြီး မလိုက်နာမနေရ စည်းကမ်းများချမှတ်နေခြင်းကို လာမည့် ကျောင်းသီတင်းပါတ်အတွင်း အမြန်ဆုံး တားဆီးပါယ်ဖျက်ပေးပါရန် တောင်းဆိုအပ်ပါသည်။
ဒဂုံတက္ကသိုလ်ကျောင်းသား/ကျောင်းသူများ။