မုန်တိုင်းဒဏ်သင့် ပန်းကလေးတိုင်း ပြန်လည်မွေးပျံ့ လန်းဆန်းကြပါစေ။
နာဂစ်မုန်တိုင်းဘေးသင့်တဲ့ဒေသတစ်ခုမှ မိဘများကင်းမဲ့သွားကြသော ကလေးသူငယ်များအား ဘ၀ရှေ့ ရေး လှပစေဖို့ အတွက်၊ အဆိုပါ နယ်မြေဒေသမှနေပြီး ရန်ကုန်မြို့ ဒေသဆီသို့  ခေါ်ယူစောင့်ရှောက်ပြီး၊ စားဝတ်နေရေး အစစအရာရာ တာဝန်ယူကာ ကူညီမှုပေးမှုဟာ နတ်လူ သာဓု ခေါ်ဆိုရလောက်အောင် အင်မတန်မွန်မြတ်လှတာမို့  မြင်တွေ့  ရသူတိုင်း ၀မ်းသာပီတိဖြစ်ကြစေရန် မျှဝေဖေါ်ပြလိုက်ပါတယ်။
ခရီးစဖို့  ခြေလှမ်းသစ်ဖြင့် ခရီးထွက်ရန် ကားပေါ်တက်စဉ်။
ကျန်ရစ်ခဲ့တော့ မွေးဌာနေရေ။
မွေးရပ်မြေကို ခွဲခွာရတော့မယ်ဆိုတော့ စိတ်မကောင်းဖူး။
ဘ၀အသစ်စဖို့ အတွက် ခရီးဆက်စဉ် သင်္ဘောပေါ်တွင်။
ငြိမ်းချမ်းစွာနဲ့  အိပ်ရပေမယ့် အတွေးထဲမှာတော့ ဘ၀သစ်ဆီ တွေးဆလျက်။
အချို့ လည်း ကိုရင်ဝတ်လေးတွေနဲ့ ။ ကွယ်လွန်သွားတဲ့ မိဘတွေကို မြင်စေချင်။
ဌာနေသစ်ရောက်တော့ ပြုစုစောင့်ရှောက်မှုတွေရ။
ကလေးတို့ သဘာဝ ဆော့ကစားကြ။
အချိန်ရတော့လည်း အပန်းလည်းဖြေ ဗဟုသုတလည်းရဖို့ ။
မြတ်ရွှေတိဂုံစေတီတော်သို့  သွားရောက်ဖူးကြ။
ရွှေတိရုံစေတီတော်မြတ်ရှိ ပြတိုက်တွင် လေ့လာစဉ်။
ကွယ်လွန်သွားသူတွေအတွက်ရော ဘ၀တူတွေအတွက်လည်း ဆုတောင်းမေတ္တာပို့ ပါတယ်။