နအဖခေါင်းဆောင်ကြီးတွေကို သေဒဏ်ပေးပါ။
နေပြည်တော်မှ လာသောသတင်းစကားအရ နာဂစ်မုန်တိုင်းအတွင်း လှူဒါန်းသောပစ္စည်းများကို ကိုယ်ကျိုးအလွှဲသုံးစား ပြုလုပ်ခဲ့သူ (၃၁) ယောက်ကို အမှုဖွင့်ပြီး သေဒဏ်ပေးလိုက်တယ်လို့  ကြားသိရပါတယ်။ အစိုးရ၀န်ထမ်းထဲက ရဲ၊ ညွှုန်မှူးနှင့် ညွှုန်ချုပ်အချို့ ပါရှိကြောင်း သိရှိရပါတယ်။
ဒါဆိုရင် - နအဖခေါင်းဆောင်ကြီးတွေကိုယ်တိုင် နိုင်ငံတော်ငွေတွေနဲ့  ပစ္စည်းတွေကို ဘုန်းနေကြတာ ကြာနေပြီ။ အခုတော့ နအဖက မုန်တိုင်းကို အကြောင်းပြုပြီး နိုင်ငံတကာငွေတွေ ထပ်တောင်းဖို့  အပြကောင်းအောင် ဇတ်တူသားချင်း စားလိုက်ပြန်ပြီ။ စစ်တုရင်ကစားသလို အောက်ခြေက ပွန်းလေးကို ထိုးကျွေးချလိုက်ပြန်ပြီ။
ရလာတဲ့ နိုင်ငံတကာက နိုင်ငံခြားငွေတွေကို FEC နဲ့ လဲပြီး ဘုန်းတာတွေကြတော့ သေဒဏ် မပေးကြဖူးထင်တယ်။ ဒီ FEC ကို စတင်ဖန်တီးတဲ့ နအဖခေါင်းဆောင်ကြီးတွေကိုရော သေဒဏ်မပေးသင့်ဖူးလား။ ဒါ နအဖရဲ့  နားလှည့်ပါးရိုက်ပြီး၊ တရားဝင် ငွေလဲလှယ်နှုန်းကို မလိမ့်တပတ်လုပ်ပြီ့း အလှူငွေတွေကို သန်းနဲ့ ချီပြီး ဘုန်းတာဘဲ။
နိုင်ငံတကာက လှူဒါန်းခဲ့တဲ့ပစ္စည်းတွေကိုလည်း ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး ကိုယ်ကဘဲလှူသလိုလိုနဲ့  နာမည်ရေး တံဆိပ်ကပ်ပြီး လုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချူပ်ကြီးမြင့်ဆွေကိုရော အခြား နအဖဗိုလ်ချူပ်တွေကိုရော မုန်တိုင်းအလှူပစ္စည်းတွေ အလွဲသုံးစားလုပ်မှုနဲ့  အမှုဖွင့်ပြီး သေဒဏ်ပေးမှာလား။
အပြောကတော့ ရွှေမန်းလို့  ပြည်သူတွေအကြား ခနဲ့ ရလောက်အောင် ပြောခဲ့တဲ့ - ဥပဒေအထက်မှာ မည်သူမှ မရှိစေရ - ဆိုတဲ့စကားကို ရွှေမန်းကိုယ်တိုင်ရော မှတ်မိသေးရဲ့ လား မသိဖူး။ အကယ်လို့  မှတ်မိသေတယ်၊ ပြောတဲ့အတိုင်း အမှန်တကယ်လုပ်တယ်ဆိုရင်တော့ ခေါင်က စပြီးတော့သာ သေဒဏ်ပေးပါလို့ ။.မုန်တိုင်းအလှူပစ္စည်းတွေ ငွေတွေကို ဘုန်းနေကြတဲ့ နအဖခေါင်းဆောင်ကြီးတွေကို သေဒဏ်ပေးပါ။