Monday, July 14, 2008

တိုးတက်တယ်လို့  ဆိုနေကြသော အကျွန်ုပ်တို့ နိုင်ငံမှာ တစ်ကောင်သာ လိုပါတယ်တဲ့ဗျာ။














ယနေ့  သတင်းမှာ - လယ်ထွန်ရန် ကျွဲနွားတစ်ကောင်သာ လိုပါတော့တယ်တဲ့ဗျာ။ တိုးတက်တဲ့ နိုင်ငံတွေမှာ လယ်ယာလုပ်ငန်းလုပ်တာ စက်ကိရိယာပစ္စည်းတွေနဲ့  ဖြစ်ကုန်တဲ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာတော့ နွားတွေ ကျွဲတွေက ဆင်းရဲဒုက္ခခံရတုန်း။ နှစ်ကောင်ဆွဲရုန်းလို့  ခံသာနေရာကနေ အခုတစ်ကောင်တည်း ဆွဲရုန်းရမယ်ဆိုတော့ဗျာ။ ပြောတဲ့သူတွေ ကိုယ်ကိုတိုင်ဘဲ လည်ဂုတ်ပေါ်မှာ တံပိုးထမ်းပြီး လယ်တစ်ဧကလောက်ကို တစ်ပတ်လောက် ပါတ်ကြည့်ပါဦးလို့  ဥာဏ်ပညာရှိသူကြီးများကို ခိုင်းကြည့်လိုက်ချင်ပါရဲ့ ဗျာ။

တော်လိုက်တဲ့ အတွေးအချော်သတင်းလေးကတော့ - လယ်ယာလုပ်ငန်းများ၌ အသုံး ပြုလျှက်ရှိသော ကျွဲ သို့မဟုတ် နွား စသော တိရစ္ဆာန်တစ်ကောင်တည်း ကို အသုံးပြု၍ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တီထွင်လေ့ကျင့်ပြီး သင်တန်းပေး လျှက်ရှိသည်ဟု တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

စိုက်ပျိုးရေးသုတေသနဦးစီး ဌာနမှ တိရစ္ဆာန်တစ်ကောင်တည်း ၏ အင်အားကို အသုံးချ၍ လယ် ယာမြေများ၌ ထယ်ထိုးခြင်း၊ ထွန်မွှေ ခြင်း၊ လှည်းဆွဲခြင်းစသော အသစ် တီထွင်ထားသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးလျှက်ရှိသည်။

လေ့ကျင့်သင်ကြားရာတွင် အသစ် တီထွင်ထုတ်လုပ်ထားသော ၀န်ဆွဲ ထမ်းပိုးကောက် Curved Yoke ကို အသုံးပြုပြီး တစ်ကောင်ဆွဲထယ် အပေါ့စားဖြင့် ထွန်ဆွဲယူခြင်းနှင့် လှည်းကိုပါလေ့ကျင့်ဆွဲယူစေခဲ့သည် ဟု သိရသည်။ တိရစ္ဆာန်တစ်ကောင်တည်းဖြင့် စိုက်ပျိုးရေးလုပ်နိုင်သည့် နည်းလမ်း ကို ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်၊ ရန်ကုန်တိုင်းတိုက်ကြီးနှင့်မှော်ဘီ မြို့နယ်များနှင့် ပဲခူးတိုင်းရှိ ဒိုက်ဦး မြို့နှင့် ပြည်မြို့များ၌ လေ့ကျင့် သင်တန်းပေးလျှက်ရှိကြောင်း သိရ သည်။

မှတ်သားလောက်ပါပေတယ်။ ပညာမဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှူးရယ်။

မြန်မာပြည်မှာဖြစ်ရ ဒို့ ကျွဲနွားဘ၀ လည်စင်းခံရ တစ်ဘ၀။