တက္ကသိုလ်ကျောင်းသားသမဂ္ဂ (မြန်မာပြည်) မှ ပြည်သူသို့ ပန်ကြားလွှာ။
ယနေ့သည် ၆၁ နှစ်မြောက် အာဇာနည်နေ့ဖြစ်သည် ။ ဗိုလိချုပ်အောင်ဆန်းနှင့် အာဇာနည်ခေင်းဆောင်ကြီးများ အား ဦးစောနှင့် အပါင်းအပါ တစုမှ လုပ်ကြံ သတ်ဖြတ်သောနေ့ လည်း ဖြစ်သည်။ မြန်မာ့ သမိုင်းတွင် ရာဇ၀င် တွင်သော နေ့တစ်နေ့လည်း ဖြစ်သည်။
ဂျုလိုင် မိုးစက်များနှင့်အတူ ပြည်သူလူထု မျက်ရေမိုးစက်များ ရောပါစီးဆင်း ရသော နေ့လည်းဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဦးစောသတ်သဖြင့် လူသေ သော် လည်း နာမည် မသေ သမိုင်း မသေ ခဲ့ပေ ။ ပြည်သူ လူထု ရင်ထဲ တွင်အစဉ်အမြဲ ရှိနေ ပေသည် ။
သို့သော် ယခု န.အ.ဖ စစ်အစိုးရ လက်ထက် တွင် န.အ.ဖ စစ်အစိုးရ သည် ဗိုလ်ချုပ် အောင်ဆန်း ၏ သမိုင်း နှင့်နာမည် အား သတ်နေ ပြီဖြစ်သည် ။
ဗိုလ်ချုပ်အောင်ဆန်းပုံပါ T-shirt ၀တ်လျှင် ဖမ်းဆီးခြင်း ၊ ဗိုလ်ချုပ် ၏စာပေ များအားအထက်တန်း သင်ရိုး ညွှန်းတမ်းများ မှ ဖြုတ်ပစ် ခြင်း ၊ အဆိုးရွားဆုံး အပြုအမူမှာ အာဇာနည်နေ့ အားမကျင်းပ တော့ ခြင်း ပင် ဖြစ်သည်။ န.အ.ဖ စစ်အစိုးရသည် ယုတ်မာရိုင်းစိုင်း သောနည်း ဖြင့် သမိုင်းကိုဖျောက်ဖျက်နေခြင်းပင် ဖြစ် ပေသည်။
အာဇာနည်နေ့အား သမိုင်းမှဖျောက်ဖျက်နေခြင်း ကို ပြည်သူလူထုကြီးမှ လက်ပိုက် ကြည့်မနေကြပါနှင့် ။ ဗိုလ်ချုပ်အောင်ဆန်းအား လေးစားကြည်ညိုသူတိုင်း လွတ်လပ်ရေးကိုချစ်မြတ်နိုးသူတိုင်း အာဇာနည်နေ့အား မမေ့နိုင်သူတိုင်း မြန်မာ့သမိုင်းမှ အာဇာနည့်နေ့အား ဖြောက်ဖျက်နေခြင်းအား အတူတကွ ၀ိုင်းဝန်းကာကွယ်ကြပါစို့။
တက္ကသိုလ်ကျောင်းသားသမဂ္ဂ (မြန်မာပြည်)။
၁၉၊ ၇၊ ၂၀၀၈။