Monday, August 11, 2008

တက္ကသိုလ်ကျောင်းသူတစ်ဦး မြွေပေါက်ခံရတာ မြွေဆိပ်ဖြေဆေး မရှိလို့  ဆေးရုံတွေ အဆင့်ဆင့်လွှဲနေတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့။


















မြန်မာပြည်မှာ အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ယောက် ကျောင်းကန်တင်းမှာ မြွေပေါက်ခံရတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ဒုတိယနှစ်ကျောင်းသူ မမြတ်ဆုမွန် မြွေကိုက်ခံရလို့  အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရပါတယ်။

မြွေကိုက်ခံရရခြင်း ချက်ချင်းအသက်ဆုံးရှုံးတယ်ဆိုတာ မရှိလေ့ပေမယ့် အချိန်မီ မကုသနိုင်ရင်တော့ အသက်ဆုံးရှုံးရပါတယ်။ ယခုမြွေကိုက်ခံရတဲ့နေရာဟာ ဝေးလံခေါင်းပါးတဲ့နေရတောင် မဟုတ်သေးပါဖူး။ နောက် ဒီလို လူစည်ကားတဲ့ကျောင်းမှာ တက္ကသိုလ်ရဲ့  အုပ်ချူပ်သူတွေ အဆက်မပြတ်ရှိနေတဲ့ နေရာပါ။

ကျောင်းသူကျောင်းသားတွေ နအဖဆန့် ကျင်ရေးလုပ်မှာကြောက်ပြီးတော့ မျက်စေ့ဒေါက်ထောက်ကြည့်နေကြသူတွေ၊ ကျောင်းသူကျောင်းသားတွေ ဆန္ဒပြတဲ့အရိပ်အယောင်တွေ့ တာနဲ့  ဖုန်းနဲ့ သတင်းပေးအကြောင်းကြားသူတွေ၊ ကျောင်းသူကျောင်းသားတွေ ဆန္ဒပြတယ်ကြားတာနဲ့  ချက်ချင်းကားတွေနဲ့ ရောက်လာကြသူတွေ အခုလို မြွေကိုက်တာကြတော့ ချက်ချင်း အလျင်အမြန်ဆောင်ရွက်ကူညီပေးကြတာ မရှိကြပါလား။

လှိုင်သာယာလို မြို့ နယ်ဆေးရုံအဆင့်မှာတောင် မြွေဆိပ်ဖြေဆေးမရှိတာဟာ ကျန်းမာရေးစနစ်ဘယ်လောက် နိမ့်ကျခေါင်းပါးသလည်းဆိုတာ ပေါ်လွင်ပါတယ်။

လှိုင်သာယာကျောင်းက ကိုယ်ပိုင်ကား၊ လိုင်းကားပေါတဲ့ နေရာမို့လို မြန်မာပြည်အနေအထားနဲ့ ဆေးရုံတွေကို ရောက်သွားခဲ့ရတယ်လို့ ဆိုရပေမယ့် မြွေဆိပ်ဖြေဆေးမရှိလို့  ကံမဆိုးသင့်ဘဲ ကံဆိုးရရှာတယ်။ အခြားဝေးလံတဲ့ဒေသတွေဆိုရင် မတွေးဝံ့စရာဘဲ။

သာမန်လူတစ်ယောက် မြွေကိုက်ခံရရင် အမြန်ဆုံးဆေးကုသမှုရနိုင်မယ့် အရေးပေါ် ကျန်းမာရေး အစီအစဉ် မရှိကြောင်း သိသာပါတယ်။ တက္ကသိုလ်ကျောင်းထဲမှာရော ရှေးဦးသူနာပြုတို့  သူနာပြုတို့  ကျောင်းဆေးခန်း ကျန်းမာရေးဝန်ထမ်းတို့  မရှိဘူးလား။ မြေဆိပ်မပြန့် ပွားရအောင် ရှေးဦးသူနာပြုစုနည်းတွေနဲ့ ဆောင်ရွက်တာ မပြုလုပ်နိုင်ခဲ့ကြတာဟာ တက္ကသိုလ်ကျောင်းမှာ ကျန်းမာရေး အသိပေးသင်တန်းတွေ မဆောင်ရွက်ထားလို့ ဆိုတာ ပေါ်လွင်ပါတယ်။ အရင်ခောတ်တွေတုန်းကဆိုရင် ရန်ကုန်တက္ကသိုလ်မှာ ရန်ကုန်တက္ကသိုလ်ဆေးရုံဆိုပြီး ကျောင်းဝန်းအတွင်းမှာ သီးသန့်  တည်ရှိပြီး ကျောင်းသားကျောင်းသူတွေရဲ့  ကျန်းမာရေးကို တာဝန်ယူဆောင်ရွက်ပေးခဲ့တာ ရှိခဲ့ပါတယ်။

မြွေဆိပ်ဖြေဆေးလို အရေးပေါ်ဆေးတွေ မရှိဘူးလား။ တက္ကသိုလ်တစ်ခုရဲ့  ရှိသင့်ရှိထိုက်တဲ့ လုပ်ငန်းဆောင်တာတွေမရှိရင် အဆင့်မီပညာရေးစနစ် အဆင့်မီတက္ကသိုလ်ဆိုတာမဟုတ်ဘဲ ပြီးစလွယ် တည်ဆောက်ထားပြီး ဘာမှ အာမခံမရှိတဲ့ ပြည့်စုံထောက်ပံ့မှုမရှိတဲ့ စီမံထားမှုလို့ ပြော၇မှာ ဖြစ်ပါတယ်။

လူနာပို့ လိုက်တဲ့ အင်းစိန်ဆေးရုံကြီးမှာလည်း မြွေဆိပ်ဖြေဆေးမရှိတာ မထူးဆန်းပါဖူး။ မြေဆိပ်ဖြေဆေးမှ မဟုတ်ပါ ဆေးဝါးတော်တော်များများ မရှိတာ ပြည်သူအများ သိကြပါတယ်။ နအဖရဲ့ ပြည်သူ့ ကျန်းမာရေးစနစ်ညံ့ဖျင်းမှု ဆေးဝါးမပြည့်စုံမှု ကျွမ်းကျင်သူဆေးပညာရှင်များ မလုံလောက်မှု၊ ဆေးရုံတက်ရောက်ကုသခွင့်မရမှုတို့ ကြောင့် မသေသင့်ဘဲ သေခဲ့ကြရတဲ့ ပြည်သူတွေ အများကြီးပါ။

အခုဒီ ကိစ္စဖြစ်တော့ တာဝန်ကျဆရာဝန်က မကုပေးလို့ တာဝန်ပျက်ကွက်မှုနဲ့ အရေးယူသတဲ့။ သတင်းစာထဲမှာသာ ပြောရဲတဲ့ တော်လိုက်တဲ့ နအဖကျန်းမာရေးဝန်ကြီးရယ်။ တာဝန်ခံ ဆရာဝန်တယောက်တည်းကို လက်ညှိုးထိုးပြီး အပြစ်ပုံချရဲပါပေတယ်။

ယခုဖြစ်တဲ့ အခြေအနေက တက္ကသိုလ်ကျောင်းတွေကို ဝေးလံခေါင်းပါးတဲ့နေရာတွေကို ပြောင်းရွှေ့ ၊ ကျောင်းနဲ့ ပတ်သက်တဲ့ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေ ဖြည့်ဆီးဆောင်ရွက်ပေးတာမျိုး လုံလောက်အောင် မပြုလုပ်၊ ကျောင်းသူကျောင်းသားတွေ လိုအပ်တဲ့ ထေက်ပံ့ကူညီမှုတွေကို မဖြည့်ဆီးပေးတာတွေကြောင့် အဓိက တာဝန်ရှိတဲ့ ပညာရေး ကျန်းမာရေးတာဝန်ယူထားကြတဲ့ ၀န်ကြီးဌာနတွေပေါ်မှာ အဓိက တာဝန်ရှိပါတယ်။ တကယ်ဆိုရင် ဆေးရုံအုပ်ကြီးကို ပင်စင်ပေးတာ၊ တာဝန်ကျဆရာဝန်ကို အလုပ်မှ ရပ်စဲတာထက် ကျန်းမာရေးဝန်ကြီးသာလျှင် မိမိဖာသာ တာဝန်ကနေ နှုတ်ထွက်ရမှာပါ။

နအဖကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်သာလျှင် မိမိဖာသာ တာဝန်ကနေ နှုတ်ထွက်ရမှာပါ။