ဂျပန်နိုင်ငံမှ မြန်မာလေဘေး ရန်ပုံငွေအတွက် ဈေးရောင်းပွဲ။
သြဂုတ်၊၁၆ရက် ၂၀၀၈
မြန်မာနာဂစ်လေဘေး ရန်ပုံငွေအတွက် ဂျပန်နိုင်ငံတွင်ရှိသော AYUS ဂျပန်ဘာသာရေးအဖွဲ့၊ PFB(People's Forum On Burma)အဖွဲ့၊ NGO အဖွဲ့အစည်းများ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ Tokyo Iitabashi မြို့နယ် Yoshikuni Otera ဂျပန်ဘုန်းကြီးကျောင်းတွင် မြန်မာမုန့်များ၊ဂျပန် ဘီယာ၊ အခြားသော လူသုံးကုန်ပစ္စည်းများဖြင့် မြန်မာလေဘေး ရန်ပုံငွေအတွက် ဈေးရောင်းပွဲကို မြန်မာ့အဆိုအကများဖြင့် စည်ကားသိုက်မြိုက်စွာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါသည်။