Monday, August 4, 2008

သြဂုတ်လ လူထုအုံကြွမှုနဲ့  စက်တင်ဘာ ရွှေဝါရောင်လှိုင်းကို အာဏာရှင်တို့  ကြောက်ဒူးတုန်စေရမယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ကြပါစို့ ။

ရှစ်လေးလုံးအရေးတော်ပုံကြီး အနှစ် (၂၀) ပြည့်မြောက် အထိမ်းအမှတ်အဖြစ် အာဏာရှင်အား ဆန့် ကျင်တော်လှန်နေကြသော အင်အားစုများ စုပေါင်းကာ သြဂုတ်လ အနီရောင်လှုပ်ရှားမှုအဖြစ် ယမန်နေ့  စနေနေ့ မှ စတင်ကာ မြန်မာနိုင်ငံ မြို့ များ နယ်များတွင် နေ့ စဉ်ဆက်တိုက် ပြုလုပ်နေကြကြောင်း သိရှိရပါသည်။

စနေနေ့ တွင် ရန်ကုန်မြို့  စီးပွားရေးတက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ်နေရာများတွင် သြဂုတ်လ အနီရောင်လှုပ်ရှားမှုအဖြစ် အနီရောင်ဆေးများသာမက၊ အချို့ နေရာများတွင် ၈၈၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ကျဆုံးသွားသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား အောင်းမေ့ သောအားဖြင့်လည်း အနက်ရောင်ဆေးများဖြင့်လည်း ပက်ဖြန်းဖေါ်ပြခဲ့ကြကြောင်း သိရှိရပါသည်။

ထို့ အတူ မန္တလေးမြို့ တွင်လည်း အာဏာရှင်ဆန့် ကျင်ရေး ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး နှစ် (၂၀) ပြည့်မြောက် အထိမ်းအမှတ်အဖြစ် အုတ်တံတိုင်းများ၊ လမ်းမပေါ်များနှင့် ကြံ့ ဖွတ် ရုံးအချို့  နအဖရုံးအချို့ နေရာများတွင် အနီရောင်ဆေးများ ပက်ဖြန်းခြင်း အနီရောင် နံပါတ် (၈) ဂဏန်းစာလုံးများ ရေးသားခြင်းတို့  ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲမြို့ များတွင်လည်း လူစည်ကားရာ ဈေးများ၊ ဘုန်းကြီးကျောင်း အပေါက်ဝများ၊ ဘုရားစေတီများတွင် နအဖမှ လုံခြုံရေးအင်အားများ ချထားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သြဂုတ်လ အနီရောင်လှုပ်ရှားမှုအား မြေလတ်ဒေသ (၁၄) မြို့ နယ်နှင့် ချင်းပြည်နယ် (၄) မြို့  တွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ နအဖမှ တင်းကြပ်စွာချထားသည့် လုံခြုံရေးများရှိသည့်ကြားမှပင်လျှင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မနေ့ ညပိုင်းတွင်လည်း အနီရောင်သြဂုတ်လလှုပ်ရှားမှုအား အင်အားဖြည့် ပြုလုပ်သည့်အနေဖြင့် ပြည်သူများထဲမှ ရန်ကုန်မြို့  ဗိုလ်ချုပ်လမ်း တလျှောက် (လမ်းမတော်မှ ဗိုလ်ချုပ်ဈေးထိ) ကားများပေါ်မှ လမ်းမများပေါ်သို့  ဆေးဘူးတွေ ပစ်ချခြင်းဖြင့် လမ်းများအား အနီရောင်ဆေးများ ပက်ဖြန်းသွားကြကြောင်း သိရှိရပါသည်။ ယနေ့ မနက်တွင် စည်ပင်သာယာဝန်ထမ်းများမှ အဆိုပါ လမ်းမများပေါ်မှ ဆေးအနီကွက်များကို ဆေးအနက်များဖြင့် အလျင်အမြန် လိုက်သုတ်ကာ ဖုံးအုပ်နေကြကြောင်း သိရှိရပါသည်။

ထို့ အပြင် ဧရာဝတီတိုင်းမှ တက္ကသိုလ်အချို့ နှင့် သိပံကျောင်းများတွင်လည်း သြဂုတ်လ အနီရောင်လှုပ်ရှားမှုအား တပြိုင်နက် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

သြဂုတ်လ အနီရောင်လှုပ်ရှားမှု ဆောင်ရွက်လျက်ရှိနေကြသော စနစ်တကျ ချိတ်ဆက်ကာ စုပေါင်းထားသည့် အင်အားစုများမှ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများအား အာဏာရှင်ဆန့် ကျင်တော်လှန်တိုက်ပွဲဝင်မှုတွင် ကိုယ်စီကိုယ်ငှ ပူးပေါင်းပါဝင်ခြင်းဖြင့် လူထုလှုပ်ရှားမှုကြီးအား ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးကဲ့သို့  အရှိန်အဟုန်မြှင့်တင်ကာ အာဏာရှင် လက်တစ်ဆုပ်စာအား လူထုအင်အားဖြင့် ဖယ်ရှားပြစ်ကြပါရန် တိုက်တွန်းနှိုဆော်ထားပါသည်။

ယခုဆောင်ရွက်လျက်ရှိသော သြဂုတ်လ အနီရောင်လှုပ်ရှားမှုအား အစပြုပြီး ပြည်သူတစ်ဦးချင်းတိုင်း မိမိတို့ စွမ်းဆောင်နိုင်သည့် အာဏာရှင်အား ဆန့် ကျင်မှု မည်သည့်နည်းဖြင့်မဆို လက်တွေ့  အမြန်ပူးပေါင်းကြရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

သြဂုတ်လ လူထုအုံကြွမှုနဲ့  စက်တင်ဘာ ရွှေဝါရောင်လှိုင်းကို အာဏာရှင် ကြောက်ဒူးတုန်စေရမယ်။

ပြည်သူ့ အောင်ပွဲကို ပြည်သူတစ်ဦးချင်းစီတိုင်း ရဲရဲဝန့် ဝန့်  လက်ချင်းချိတ်ဆက် ပါဝင်ကြ။