Tuesday, August 19, 2008

အာဏာရှင်တွေကို အနီးကပ် လုပ်ကြံဖို့  ကိုယ်ပျောက်အင်္ကျီက အသုံးဝင်တော့မည်။










အမေရိကန်သိပ္ပံပညာရှင်များ ကိုယ်ပျောက်အင်္ကျ င်္ီထုတ်လုပ်နိုင်တော့မည်။

အမေရိကန် သိပ္ပံပညာရှင်တစ်စုက ၄င်းတို့  အဖွဲ့ ၏ ကိုယ်ပျောက်အင်္ကျီတီထွင်နေမှုမှာ အောင်မြင်မှုရရန် အလွန်နီးစပ်နေပြီဟု သတင်းထုတ်ပြန်ခဲ့သည်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လေ့လာသူများက အလင်းယိုင်ခြင်း နိယာမနှင့် သုံးဖက်မြင်ရုပ်လုံးကြွ အခြေခံသဘောတရားများကို အသုံးပြုရောစပ်ရင်း အလင်းဖောက်ဝင်နိုင်မည့် အပေါ်ရုံ အင်္ကျီအား တီထွင်အောင်မြင်တော့မည်ဟု ဆိုသည်။
ထိုကဲ့သို့ ကိုယ်ပျောက်ဂုဏ်သတ္တိ ဖြစ်ပေါ်စေမည့် အင်္ကျီတွင် ဓာတ်ပစ္စည်းတစ်မျိုးအား အသုံးပြုရပြီး ၄င်း ပစ္စည်းမှာ သဘာဝအတိုင်း ပေါ်ပေါက်ခြင်းမရှိဟု ပညာရှင်အဖွဲ့က ပြောကြားသွားသည်။ သို့သော် နာနိုနည်းပညာသုံးကာ ပြုလုပ်ထားသော တစ်မီတာ၏ အပုံသန်းရာပေါင်းများစွာတွင် တစ်ပုံခန့်မျှသာ အရွယ်အစားရှိမည့် အကြေးခွံလေးများဖြင့် ကိုယ်ပျောက်ဝတ်ရုံအား ချုပ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သိပ္ပံပညာရှင်များက မကြာမီကာလအတွင်း လူတစ်ကိုယ်စာ ၀တ်ဆင်နိုင်မည့် အရွယ်အစားရှိသည့် ကိုယ်ပျောက်အင်္ကျီများ ချုပ်လုပ်နိုင်ရန် နာနိုအကြေးခွံလေးများ အလုံအလောက် ထုတ်လုပ်လာနိုင်ရန် မျှော်လင့်ထားသည်။ အဆိုပါ သိပ္ပံပညာရှင်အဖွဲ့အား ဦးဆောင်နေသော ဇင်ဇန်က ၎င်းတို့၏ အားထုတ်မှုအား Nature နှင့် Science မဂ္ဂဇင်းများသို့ တရားဝင် အသိပေးကြေငြာခဲ့သည်။

အဆိုပါအဖွဲ့သည် အမေရိကန်အစိုးရ၏ ငွေကြေးထောက်ပံ့မှုကို ရရှိထားပြီး ၄င်းတို့တီထွင်နေသည့် ကိုယ်ပျောက်ဝတ်ရုံ စီမံကိန်းအောင်မြင်ခဲ့ပါက အနာဂတ်အမေရိကန် တပ်မတော်တွင် ကိုယ်ပျောက်တိုက်ခိုက်ရေးတပ်များ ပေါ်ပေါက်လာဖွယ်ရှိနေသည်။ ဇင်ဇန်က ၎င်းတို့အနေဖြင့် ရန်သူ့စစ်တပ်ဘေးမှ ဖြတ်သွားလျင်ပင် ရန်သူတို့မမြင်နိုင်သော ကိုယ်ပျောက် သံချပ်ကာ တင့်ကားများထုတ်လုပ်သွားရန် ကြိုးပမ်းလျက်ရှိနေသည်ဟု ပြောကြားသွားသည်။