Monday, August 18, 2008

ခြောက်တိုင်း မကြောက်ကြ၊ ချော့တိုင်း မပျော့ကြ။ ကြောက်နေလို့  အမျိုးမျိုး လုပ်ပြနေတာက နအဖ။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နီးလာလို့  အခုဆိုရင် နအဖ ဒု-ဗိုလ်ချူပ်ကြီးမြင့်ဆွေ (နိုင်ငံတကာမှ လှူဒါန်းခဲ့သော နာဂစ်မုန်တိုင်းအလှူပစ္စည်းများကို ၄င်းအမည်တပ်သူ) က ဦဆောင်ပြီး ရန်ကုန် တောင်ဥက္ကလာပမြို့ နယ်နဲ့  လှိုင်မြို့ နယ်ထဲက ဘုန်းကြီးကျောင်းတွေကို ငွေသိန်းပေါင်းများစွာ၊ ဆန်အိတ်တွေ ၊ ဆီ ပဲ အစရှိတဲ့ ပစ္စည်းတွေနဲ့  အလှူအတန်းတွေ လုပ်ပြီး၊ သံဃာတော်တွေ မဆန့် ကျင်ကြအောင် ချွေးသိပ် လာဘ်တိုးတဲ့အနေနဲ့ လှူဒါန်းနေကြောင်း သိရှိရပါတယ်။















တစ်ဘက်ကလည်း လမ်းမပေါ်တွေမှာ စစ်မြေပြင်မှာ စစ်ချီတက်သလို စစ်သားတွေ လက်နက်အပြည့်နဲ့  ချီတက်ပြနေပြီး ခြိမ်းခြောက်ပြသတာတွေလုပ်နေတယ်လို့  သိရှိရပါတယ်။

တကယ်တန်းကြတော့ သံဃာတော်တွေနဲ့  ပြည်သူတွေ နအဖဆန့် ကျင်ရေး လှုပ်ရှားမှုတွေလုပ်ကြရင် သူတို့ အာဏာတွေပြုတ်တော့မယ်ဆိုတာ သိလို့  တကယ်ကြောက်ရွံ့ နေတာ နအဖနဲ့  ၄င်းရဲ့ လက်ပါးစေတွေပါ။

အာဏာရှင်တိုင်းရဲ့  ရှေးရိုးစွဲနည်းတွေနဲ့  ခြောက်တိုင်း ကြောက်ရမယ်၊ ချော့တိုင်း ပျော့ရမယ်ဆိုရင် ဘယ်တော့မှ ခောတ်အဆက်ဆက်က ပြည်သူ့ လူထုတော်လှန်ရေးတို့  ကျောင်းသားလှုပ်ရှားမှုတို့  ပေါ်ခဲ့မှာ မဟုတ်ပါဖူး။ အာဏာရှင်ဟာ ကြောက်တဲ့သူကို ဖြဲခြောက်မယ်၊ ပျော့တဲ့သူကို ပိုချော့မယ်ဆိုတဲ့ နည်းတွေ သုံးလေ့သုံးထရှိတယ်ဆိုတာ ပြည်သူအများက သဘောပေါက်နားလည်ကြပါတယ်။

အစစအရာရာ အသံကြားတာနဲ့  ကြောက်ရွံ့ နေပြီး အတင်းကာရော ဟန်ဆောင်အလှူတွေလုပ်ပြ၊ စစ်အင်အားတွေ ခင်းကျင်းပြနဲ့  လုပ်နေတဲ့ နအဖဟာ မကြာခင်တစ်ချိန်ကြရင် ပြည်သူ့ အင်အားကို ခံနိုင်မှာ မဟုတ်ဖူးဆိုတာ ရှေ့ က အာဏာရှင်ဟောင်းကြီးတွေရဲ့  သမိုင်းက သက်သေပြနေပါတယ်။

ကျွန်တော်တို့  ပြည်သူတွေ “ပြည်တင်းလျှင် မင်းမခံနိုင်” ဆိုတဲ့ အစဉ်မှန်နေတဲ့ စကားအဆိုကို အပြည့်အ၀ယုံကြည်မှုရှိပြီး၊ ပြည်သူ့ အားသာလျှင် အစစ်အမှန်ဆိုတာ မနှေးအမြန် ဖေါ်ထုတ်ပြသကြဖို့ ။ ဖေါ်ထုတ်ပြသကြစို့ ။

ပြည်သူ့ အင်အားများပြားလာတာနဲ့ အမျှ အာဏာရှင်ရဲ့  လက်အောက်မှာ မလွှဲသာ မရှောင်သာ ဘ၀မပြေလည်မှုတွေ ခံပြင်းနာကျီးမှုတွေနဲ့  ခွဲခြားဆက်ဆံ နှိမ်ချခံနေရတဲ့  ကြိတ်မှိတ်နေကြရတဲ့ စစ်တပ်အတွင်းက အကြပ်တပ်သားတွေအပါအ၀င် အောက်ခြေလူတန်းစားပေါင်းစုံဟာ မလွဲမသွေ ပူးပေါင်းပါဝင်လာပြီး အာဏာရှင်ကို ဇီဝန်ချူပ်ပေးကြမယ်ဆိုတာ မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်းမှာ အာဏာရှင်တွေရဲ့ ကျဆုံးခန်းနဲ့  ပြည်သူတွေရဲ့ အောင်ပွဲတွေက သက်သေပြနေပါတယ်။

ပြည်သူ့ တိုက်ပွဲဟာ အောင်ပွဲအမြဲပါ။ ပြည်သူတစ်ဦးခြင်းစီတိုင်း ပြည်သူ့ တိုက်ပွဲအတွက် ပြင်ဆင်ကြပါစို့ ။