၁၉၈၈ ခုနှစ်၊ သြဂုတ်လ (ရှစ်လေးလုံး အရေးတော်ပုံကြီး) မှတ်တမ်း။
သြဂုတ် (၈) ရက် နေ့  တွင် ရန်ကုန်မြို့ ရှိ လမ်းမပေါ် နေရာတိုင်း၌ လူတန်းစား ပေါင်းစုံ ပါဝင်သော အထွေထွေသပိတ်ကြီး ကို ဆင်နွဲကြသည်။ တနိုင်ငံလုံးရှိ ဆန္ဒပြလူထုကြီးက ဒီမိုကရေစီ နှင့် လူ့ အခွင့်အရေး ရရှိရေး ရရှိရန်၊ မဆလ ပါတီနှုတ်ထွက်ပေးရန်နှင့် ဆိုရှယ်လစ် စီးပွားရေးစနစ် အဆုံးသတ်ရန် တောင်းဆိုကြသည်။ မြန်မာတနိုင်ငံလုံးရှိ အနယ်နယ် အရပ်ရပ်တွင်လည်း ဆန္ဒပြပွဲများ တပြိုင်တည်းကျင်းပ ကြသည်။
ဆန္ဒပြသူများ မြို့ တော်ခန်းမရှေ့ တွင် စုဝေးကြသည်။ ရန်ကုန်တိုင်းမှုး ဗိုလ်မှုးချုပ်မျိုးညွန့် က လူစုခွဲရန် အသံချဲ့ ဖြင့် သတိပေးသည်။ လူထုကြီးက ဆက်လဲရှိမြဲအတိုင်း ရှိနေသဖြင့် ည ၁၁ နာရီ ၄၅ မိနစ်တွင် တပ်သားများ က မြို့ တော်ခန်းမ အပြင်ဘက်ရှိ ဆန္ဒပြနေကြသူ လူအုပ်ထဲသို့  သေနတ်များဖြင့် စတင်ပစ်ခတ်ကြသည်။
သြဂုတ် (၉) ရက် နေ့  တွင် တနိုင်ငံလုံးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ တပ်မ ၂၂ မှ စစ်သားများက ရန်ကုန်မြို့ ရှိ ဆန္ဒပြ လုထုကို ပစ်ခတ်ကြသည်... ပြည်သူလူထု ရာပေါင်းများစွာ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အဖမ်းခံခဲ့ရသည်။ ကျောင်းများအားလုံး ပိတ်လိုက်သည်။ ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
သြဂုတ်လ (၁၀) ရက် နေ့ တွင် ရန်ကုန်မြို့ ၌ ဆန္ဒပြသူများအား စစ်သားများက ဘရင်းကယ်ရီယာများ ပေါ်မှ ပစ်ခတ်ခဲ့သဖြင့် ဆန္ဒပြသူ အမြောက်အမြား သေဆုံးခဲ့ရသည်။ ရန်ကုန်ဆေးရုံကြီးတွင်းသို့ စတင်ပစ်ခတ်ခဲ့သည်။
သြဂုတ်လ (၁၂) ရက် နေ့ တွင် ဦးစိန်လွင် သမတ ရာထူးမှ ဆင်းပေးရသည် ။ ပြည်သူများ လမ်းမပေါ်ထွက်၍ သံပုံးများတီးကာ ပျော်ရွှင်စွာ ကခုန်ကြသည်။ ရန်ကုန်ဆေးရုံကြီးတွင် သေနတ်ဒဏ်ရာရသူများနှင့် ပြည့်နှက်လျက် ရှိသည်။
သြဂုတ်လ (၁၉) ရက် နေ့ တွင် ဒေါက်တာမောင်မောင်အား မဆလပါတီ၏ ဥက္ကဌသစ် အဖြစ် ခန့် ထားလိုက်သည်။ ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဌ ဦးတင်အောင်ဟိန်း ဦးဆောင်သည့် ပြည်သူ့ ဆန္ဒလေ့လာရေး ကောင်မရှင် ကို ပြည်သူ့ လွှတ်တော်က ဖွဲ့ စည်းလိုက်သည်။
သြဂုတ် (၂၀) ရက် နေ့  တွင် ဆန္ဒပြသူများက ဒေါက်တာမောင်မောင်၏ အစိုးရသစ် နှုတ်ထွက်ပေးရန် ၊ အထွေထွေရွေးကောက်ပွဲပြုလုပ်ပေးရန် နှင့် ကြားဖြတ်အစိုးရဖွဲ့ စည်းပေးရန် တောင်းဆိုကြသည်။
သြဂုတ်လ (၂၄) ရက် နေ့ တွင် မာရှယ်လော စစ်ဥပဒေကို ရုတ်သိမ်းလိုက်သည်။ ဒေါက်တာမောင်မောင်က တစ်ပါတီစနစ် သို့ မဟုတ် ပါတီစုံစနစ် ကျင့်သုံးရန် အတွက် ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်ပေးရန် ကတိပြုလိုက်သည်။
သြဂုတ်လ (၂၆) ရက် နေ့ တွင် ရွှေတိဂုံစေတီတော် အနောက်မုခ်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောင်ပေါင်းများစွာသော လူထုကြီးအား မိန့် ခွန်းပြောကြားခဲ့သည်။
အင်းစိန်ထောင်အတွင်း အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ မြန်မာတနိုင်လုံးရှိ ထောင်အသီးသီးတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်. အကျဉ်းသား ၉၀၀၀ ခန့် လွတ်မြောက်သွားခဲ့သည်။
သြဂုတ်လ (၂၇) ရက် နေ့ တွင် ကာကွယ်ဝန်ကြီးဌာန စစ်ဦးချုပ်ဟောင်း ဦးတင်ဦး ရန်ကုန်ဆေးရုံကြီး ရှေ့ တွင် မိန့် ခွန်းပြောကြားခဲ့သည်။
သြဂုတ်လ (၂၈) ရက် နေ့ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ဖွဲ့ စည်း တည်ထောင်လိုက်သည်။ မင်းကိုနိုင်အား ဥက္ကဌ အဖြစ်ရွေးချယ် တင်မြှောက်ကြသည်။ ဆန္ဒပြပွဲများ နေ့ စဉ်ရက်ဆက် ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ (၁၇) ရက် နေ့ တွင် ကုန်သွယ်ဝန်ကြီးဌာန ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သော စစ်သား နှစ်ဆယ့်လေးဦး လက်နက်ချလိုက်ပြီး ကုန်သွယ်ရေးဝန်ကြီးဌာန အဆောက်အဦးကို ရဟန်းပျိုသမဂ္ဂ နှင့် ကျောင်းသားများက သိမ်းလိုက်သည်။ အစိုးရ က နှုတ်ထွက်ပေးရန် နှင့် ကြားဖြတ်အစိုးရ ဖွဲ့ စည်းပေးရန် ငြင်းဆန်ခဲ့သဖြင့် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာသည်။ ကျောင်းသားများ စတင်၍ တောခိုကြသည်။
စက်တင်ဘာ (၁၈) ရက် နေ့ တွင် ဗိုလ်ချုပ်ကြီး စောမောင်က စစ်တပ်မှ အာဏာကို လွှဲပြောင်းရယူလိုက်ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကို ဖွဲ့ စည်းလိုက်ကြောင်း ကြေညာလိုက်သည်။ ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ အပြင်မထွက်ရ အမိန့် ကို ဆန့် ကျင်ကြသည်။ စစ်တပ်မှ ဆန္ဒပြသူများကို ပစ်ခတ်ခဲ့သည်။
စက်တင်ဘာ (၁၉) ရက် နေ့ တွင် ဆန္ဒပြသူများ နှင့် စစ်တပ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ မြို့ ပေါ်ရှိ ပြောက်ကျားများ က ရန်ကုန်မြို့ လယ်ရှိ မိုက်ကရိုဝေ့ ကြေးနန်းတိုင်အား ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်။ ပြည်သူ့ လွှတ်တော် ၊ နိုင်ငံတော်ကောင်စီ နှင့် အခြား အာဏာပိုင် အဖွဲ့ အစည်းများကိုဖျက်သိမ်းလိုက်သည်။
စက်တင်ဘာ (၂၄) ရက် နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်တို့ က အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ကို ဖွဲ့ စည်းလိုက်သည်။