Friday, August 29, 2008

စစ်ထောက်လှမ်းရေးကားနဲ့  ထိန်းချုပ်ခေါ်ဆောင်ခြင်းခံခဲ့ရသော ဂန်ဘာရီနှင့် ကိုယ်စားလှယ်တော်ကြီးများ။
























ဂန်ဘာရီရဲ့  ကိုယ်စားလှယ်နှစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့  ဂိတ်တံခါးဝကို ခေါ်ဆောင်သွားတဲ့ မာစီဒီအနက်ရောက်ကားဟာ ကားနံပါတ်ပြားအမှတ် ၄၆၁၇ (လ) ဖြစ်ပါတယ်။ ဒီကားဟာ နအဖစစ်ထောက်လှမ်းရေးက ကား ဖြစ်ပါတယ်။ သာမာန်အရပ်သုံးကားများမှာ အက္ခရာနံပါတ်က ရှေ့ ကလာပြီးမှ ဂဏန်းက နောက်ကလာပါတယ်။ ဂဏန်းနံပါတ်တွေ ရှေ့ ကလာပြီး အက္ခရာက နောက်ကလာတဲ့ ကားနံပါတ်နဲ့ ကားတွေဟာ နအဖစစ်တပ်နဲ့  ထောက်လှမ်းရေးက ကားတွေ ဖြစ်ကြပါတယ်။

မြန်မာပြည်မှာ ကုလရုံးပိုင် မော်တော်ကားတွေရှိပါရက်နဲ့  နအဖက သူတို့ ရဲ့  စစ်ထောက်လှမ်းရေးကားနဲ့ မှ ဒီကိုယ်စားလှယ်နှစ်ဦးကို ခေါ်တင်သွားခဲ့တာ မရိုးသားမှုတွေ ရှိနေကြောင်း ပေါ်လွင်စေတဲ့အချက်တွေ ရှိပါတယ်။ ပထမဦးဆုံးကတော့ ဂန်ဘာရီရဲ့  မြန်မာပြည်ခရီးစဉ်အတွင်း ဂန်ဘာရီ ဘယ်ဘဲသွားသွား နအဖရဲ့  စောင့်ကြည့်ထိန်းချူပ်မှုအောက်မှာ လုံးဝပြုလုပ်ထားတာဖြစ်ပါတယ်။ ဂန်ဘာရီရဲ့  ကိုယ်စားလှယ်နှစ်ဦးကိုလည်း ထိုနည်းတူ အနီးကပ်စောင့်ကြည့်ထိန်းချူပ်တာ ဖြစ်ပါတယ်။

အရင်တုန်းကလည်း ကုလက စေလွှတ်ခဲ့တဲ့ လူ့ အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးကိုယ်စားလှယ် ပင်ညဲရိုးနဲ့  တွေ့ ဆုံတဲ့အစီအစဉ်တစ်ခုမှာ စားပွဲအောက်ဘက်မှာ အသံဖမ်းစက်တစ်ခု လျှို့ ဝှက်တပ်ဆင်တားမှုကို နအဖမှ ပြုလုပ်ခဲ့လို့  တကမ္ဘာလုံး သိသွားပြီး နအဖရဲ့  ကောက်ကျစ်ယုတ်မာမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ယခုလည်း စစ်ထောက်လှမ်းရေးကားပေါ်မှာ စီနင်းလိုက်ပါကြရတဲ့  ဂန်ဘာရီရဲ့  ကိုယ်စားလှယ်နှစ်ဦး အချင်းချင်းပြောစကားတွေ၊ ဂန်ဘာရီဆီကို သတင်းပေးပို့ အကြောင်းကြားမှုတွေကို ကားပေါ်မှာပါတဲ့ နအဖဘက်တော်သားတွေ နားထောင်ရုံသာမက အသံဖမ်းစက်လည်း လျှို့ ဝှက်တပ်ဆင်ကာ အသံဖမ်းထားနိုင်ပါတယ်။

နအဖတွေရဲ့ ကလိမ်ကကျစ်ကျမှုပေါင်းစုံနဲ့  မုသားစကား လိမ်လည်လှည့်ပတ် ပြောဆိုမှုတွေကို ဂန်ဘာရီတင်မက ဘန်ကီမွန်း သွားလည်း ထိုနည်းတူ ခံရမှာ သေချာပါတယ်။ သာမန်နိုင်ငံခြားသားတွေ နအဖကို သွားဆက်ဆံလည်း ဒီလို ခံရမှာ အတူတူပါဘဲ။

ဒီ့အတွက် အလိမ်အညာအကောက်အကျစ်မှာ သရဖူဆောင်းတဲ့ နအဖနဲ့  ကမ္ဘာကြီးကို အုပ်ချူပ်နေရတယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်နေကြတဲ့ အူတူတူ အတတကြီးတွေ တွေ့ နေကြတာ ကျွန်တော်တို့  မြန်မာလူမျိုးတွေအနေနဲ့  အထူးအဆန်းလို့  မထင်ဘဲ သူဖာသူ လိမ်တဲ့သူနဲ့  အလိမ်ခံရတဲ့သူ ရှိပါစေ။

ကျွန်တော်တို့  မြန်မာပြည်သူတွေ သိဖို့ က နအဖရဲ့  လိမ်လည်လှည့်ဖြားမှုတွေကို မိမိတို့  ပြည်သူတစ်ဦးချင်းစီတိုင်းက ဆက်လက်ခေါင်းငုံ့ မခံကြဘဲ၊ တစ်ခုတည်းသော အားကိုးရာဟာ မိမိကိုယ်သည်သာ ဖြစ်ပါတယ်။ အာဏာရှင်လက်အောက်က အမှန်တကယ်လွတ်မြောက်လိုရင် မိမိကိုယ်ကိုသာ အားကိုးပြီး မိမိကိုယ်တိုင်က စိတ်ဓါတ်ခိုင်မာစွာနဲ့  တော်လှန်တိုက်ပွဲဆင်နွဲဖို့ သာ ဖြစ်ပါတယ်။