Sunday, August 24, 2008

“ရေကြည်တပေါက် သံစဉ်ပွဲတော် ( ၂ ) FreeShow” ။



















လေဘေးသင့် ပြည်သူများအတွက် အနုပညာရှင်များ၏ ရံပုံငွေအလှူပွဲအဖြစ် “ရေကြည်တပေါက် သံစဉ်ပွဲတော် ( ၂ ) FreeShow” ကို မနေ့  မွန်းလွဲပိုင်းတွင် သာကေတမြို့ နယ်ရှိ CAPITAL Hypermarket တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည် ။ ၄င်းပွဲများမှ ရရှိသည့် အလှူငွေများကို လေဘေးသင့်  ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အပြည့်အ၀ အသုံးချသွားမည် ဖြစ်ကြောင်း နှင့် ဆက်လက်ပြီး ရံပုံငွေပွဲများကိုပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည် ။

ပါဝင်သီ ဆိုကြသည့် အနုပညာ ရှင်များမှာ အဆိုတော် အောင်နိုင် ၊ အနဂ္ဂ ၊ ဖြိုးကြီး ၊ ယုန်လေး ၊ ကော်ပရာ ၊ ဇင်မင်းခန့် ၊ ဂျေညီမလေး ၊ မစ်ကီကိုး စသည့် အနုပညာ ရှင် များနှင့်  တက်သစ်စ လူငယ် အဖွဲ့ ပေါင်းမြောက်များစွာ ပါဝင်ကြကြောင်း သိရှိရပါသည် ။

၎င်း ရံပုံငွေပွဲ အား ယနေ့ တနင်္ဂနွေ နေ့ ၊ နေ့ လည်ပိုင်းတွင်ဆက်လက် ကျင်းပနေကြောင်း သိရပါသည် ။ ပြည်တွင်း မှ အလှူရှင်များအနေဖြင့်  လေဘေးသင့်  ပြည်သူများ အတွက် တတ်နိုင်သမျှပါဝင် လှူဒါန်းရင်း အနုပညာရှင် များ၏ တေးသီချင်းများ ဖြင့် ပြန်လည် သီဆိုဖျော်ဖြေ မှုများကို နားဆင်နိုင်နေကြကြောင်း သိရှိပါသည် ။

နိုင်ငံတကာရောက် မြန်မာမိသားစုများမှလည်း ယခုကဲ့သို့ လေဘေးသင့် ပြည်သူများအတွက့် ရန်ပုံငွေရှာဖွေရေးပွဲများတွင် ကြိုးစားဆောင်ရွက်နေကြသော ပြည်တွင်းမှ အနုပညာရှင်များအား လေးစားဂုဏ်ယူနေကြကြောင်း သိရှိရပါသည် ။