Tuesday, September 2, 2008

ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်း (သို့ ) ဦးကိတ္တိသာရ။







































ဦးကျော်ဟိန်းရဲ့  ဘ၀အကြောင်း အကျဉ်းချူပ်လေးကတော့ -

ဦးကျော်ဟိန်းကို ၁၉၄၇ ခုနှစ်၊ ဇူလိုင် လ (၂၅) ရက်နေ့ မှာ မွေးဖွားခဲ့ပါတယ်။

ဦးကျော်ဟိန်း ငယ်စဉ်အရွယ်က စိန်ဂေါ်လီလမ်းသူရဲဂိုဏ်းက အဖွဲ့ ဝင်တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ အသက်နှစ်ဆယ်အရွယ်မှာ ဖူးစာလမ်းဆုံဆိုတဲ့ ရုပ်ရှင်နဲ့  ရုပ်ရှင်လောကထဲကို အခြေချခဲ့တာပါ။ အကာက အချစ် အနှစ်ကမေတ္တာ (၁၉၇၉ ခုနှစ်)၊ မွန်းတည့်ချိန်မှာ နေ၀င်တယ် (၁၉၈၂ ခုနှစ်)၊ ပန်းမြိုင်လည်က ဥယျာဉ်မှူး (၁၉၈၉ ခုနှစ်) နဲ့  ဝေလည်းမွှေး ကြွေလည်းမွှေး (၁၉၉၄ ခုနှစ်) ရုပ်ရှင်များနဲ့  အကယ်ဒမီဆုများ ရရှိခဲ့ပါတယ်။

တရားဝင် မိန်းမ (၃) ဦးကို ပေါင်းသင်းခဲ့ပါတယ်။ ပထမဇနီးက ရုပ်ရှင်မင်းသမီး စန္ဒာ၊ ဒုတိယဇနီးကတော့ ဒါရိုက်တာ တင်လတ်သန္တာဘို ဖြစ်ပြီး၊ ယခုလက်ရှိကတော့ ဒေါ်မီးမီး ဖြစ်ပါတယ်။

တစ်ချိန်ကလည်း စီးပွားရေးလုပ်တဲ့အနေနဲ့  ပြည်လုံးချမ်းသာဆေးပေါ့လိပ်ကို ထုတ်ခဲ့ပါတယ်။ ကြော်ငြာအား အကြီးအကျယ် သုံးခဲ့ပေမယ့် နောက်ဆုံးမှာ ပြည်သူတွေကနေ သတ်မှတ်ပေးလိုက်တဲ့ အဆိုစကားဖြစ်တဲ့ “ပြည်လုံးချောင်းဆိုး ကျော်ဟိန်းချမ်းသာ” ဆိုပြီး ပေါ်ထွက်လာပြီးတဲ့နောက် လုပ်ငန်းရပ်ဆိုင်းသွားခဲ့ပါတယ်။

ဦးကျော်ဟိန်းရဲ့  ဘ၀အကြောင်းတော့ ဒီလောက်ဘဲ အကျဉ်းရုံးလိုက်ပြီးတော့ ဦကျော်ဟိန်း ဘုန်းကြီးဝတ်တဲ့ ကိစ္စဘက် ဆက်ပါမယ်။
















ဦးကျော်ဟိန်း ဘုန်းကြီးဝတ်ခြင်းသည် သာမန်အားဖြင့်ဆိုသော် ကိုယ်ရေးကိုယ်တာကိစ္စတစ်ရပ်အဖြစ် သာသနာဘောင်အတွင်းသို့  ကူးပြောင်းဝင်ရောက်ခြင်းဟု ယူဆခြင်းအားဖြင့်တော့ အများသူငှာကဲ့သို့  လုပ်ဆောင်ခြင်းဖြစ်သောကြောင့် သာဓုအနုမောဒနာ ခေါ်ဆိုထိုက်သော လုပ်ရပ်ဖြစ်ပါတယ်။

သို့ သော်လည်း ဦးကျော်ဟိန်း ဘုန်ကြီးဝတ်ခြင်းသည် လူအများ စိတ်ဝင်စားစရာ သတင်းထူးတစ်ရပ်ကဲ့သို့  ဖြစ်ပေါ်လာကာ အခြေအနေ အချိန်ကာလကပါ ပတ်သက်လာသောကြောင့် မေးမြန်းစရာတွေ၊ သိသင့်သိထိုက်တာတွေ ပေါ်ထွက်လာပါတယ်။ ထို့ အပြင် ဦးကျော်ဟိန်း ဘုန်းကြီးဝတ်ခြင်းသည် ပြည်သူအများနှင့် တိုင်းပြည်အတွက်ပါ ဆက်စပ် ပတ်သက်စရာတွေလည်းသာမက သာသနာတော်နှင့်ပါ ပတ်သက်လာခြင်းကြောင့် ဖြစ်ပါတယ်။

ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအပေါ် မူတည်သုံးသပ်ခြင်းမျိုး အဓိက မထားလိုပါသော်လည်း ဦးကျော်ဟိန်း၏ ဘ၀အကြောင်း အကြမ်းဖျဉ်းတော့ ခြေရာကောက် သိရန်တော့ လိုအပ်ပါတယ်။ သို့ မှသာ ယခင် ဆက်စပ်မှုများနှင့် ဆက်စပ်နေသောအကြောင်းအရာများ တွဲဘက်မိမှသာ မေးမြန်းလိုသည့်အချက်များအတွက် ပိုမိုကောင်းမွန်သော အဖြေရှိလာနိုင်မည် ဖြစ်ပါတယ်။

လူပုဂ္ဂိုလ်တစ်ဦး လူဆိုးလူမိုက်ဖြစ်ခဲ့ရင်တောင်မှ သာမန်လူကောင်းဘ၀သို့  ပြောင်းလဲသွားခြင်းအား အများမှ ၀ိုင်းဝန်းကြိုဆို လက်ကမ်းကာ အားပေးရမည်၊ ဒီ့ထက်တိုးကာ သာသာနာဘောင်အတွင်းသို့  ကူးပြောင်းမှုအား ပိုမို ချီးကျူးကာ လေးစားတန်ဖိုးထားရမည် ဖြစ်သော်လည်း သို့ သော် အမှန်တကယ် ကောင်းမွန်စွာဖြင့် ကူးပြောင်းခြင်း မဟုတ်ဘဲ၊ လုပ်ကြံ လန်ကြုတ်လုပ်ကာ ကူးပြောင်းလာသည့်နေရာအတွင်း ဟန်ဆောင်ကောင်းပြကာ အချိန်တန်လျှင် နွားပိန်ကန်သလို ဆိုးလာမည်ဆိုရင်တော့ မတွေးဝံ့စရာ ပိုဆိုးလာနိုင်စရာတွေ ဖြစ်လာရင်တော့ လွယ်မည် မဟုတ်ပါ။

ဒီ့အတွက် ဦးကျော်ဟိန်း ဘုန်းကြီးဝတ်ကာ သာသနာဘောင်ကူးပြောင်းခြင်းသည် ဘယ်အတွက်၊ ဘာကြောင့်၊ ဘာတွေလုပ်နေတာလည်း၊ ဘာဖြစ်လာမှာလည်းဆိုတဲ့ အမေးတွေ ထပ်ဆင့် ပေါ်ပေါက်လာပါတယ်။

ဦးကျော်ဟိန်း ဘုန်းကြီးဝတ်ခြင်းသည် ဘုန်းကြီးဝတ်ခြင်းပါဘဲလားဟု စရမည် ဖြစ်ပါတယ်။ အများသူငှာ ဘုန်းကြီးဝတ်ခြင်းနှင့် မတူသော အကြောင်းအရာတွေ အချက်အလက်တွေကို ဦးကျော်ဟိန်းကိုယ်တိုင်က ဖန်တီးလာခြင်းကြောင့်လည်း ယခုလို မေးစရာ သိသင့်စရာတွေ ပေါ်လာရခြင်းဖြစ်တဲ့အတွက် ဦးကျော်ဟိန်းဝတ်ထားသော သင်္ကန်းကိုတော့ ရိုသေလေးစားရပါသော်လည်း ၀တ်ထားသော သင်္ကန်းကို ကန်တော့ပါဘုရားဟု ပြောပြီးတော့သာ၊ ဘာသာသာသနာနှင့် တိုင်းပြည် ပြည်သူအများအတွက်တော့ မေးရပါတော့မည်။ သာမန်လူ ဘုန်းကြီးဝတ်ခြင်းနှင့် မတူသော အနုပညာလောကမှ သူ့ နည်းသူ့ ဟန်နှင့် ကျော်ကြားခဲ့သော အများသိသည့် ဦးကျော်ဟိန်း ဘုန်းကြီးဝတ်ခြင်း ဖြစ်ပါသောကြောင့် မေးရပါတော့မည်။















၁။ ၁၉၈၉ ခုနှစ်ပတ်ဝန်းကျင်ခန့် က ၁၉၉၀ ရွေးကောက်ပွဲမှာ မင်းသားကြီး ဦးကျော်ဟိန်းက မဆလ အရောင်ပြောင်း တစညပါတီ မှာ ၀င်ရောက်အရွေးခံမယ်လို့  သတင်းပေါ်ထွက်ခဲ့ဘူးပါတယ်။ ဒီသတင်းဟာ ဦးကျော်ဟိန်းအနေနဲ့  ၀င်ရောက်လုပ်ဆောင်လိုတာ ဖြစ်နိုင်သလို၊ တစ်ဘက်ကလည်း အာဏာရှင် န၀တ က ရွေးကောက်ပွဲနီးလို့  လူတွေ အာရုံပြောင်းအောင် ဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကတော့ အဆိုပါ အချိန်ကာလတုန်းက န၀တကနေ စတိတ်ရှိုးတွေ လုပ်ခွင့်ပေးပေးပြီး အနုပညာရှင်တွေကို အသုံးချခဲ့လို့  ဖြစ်ပါတယ်။

ထို့ အပြင် နအဖအလိုကျ ၀ါဒဖြန့်  သီချင်းဆိုခဲ့လို့  ပရိတ်သတ်က ၀ိုင်းဆန့် ကျင်လိုက်လို့  လိုက်လို့  သီချင်းတစ်ပုဒ်လောက်ပဲဆိုပြီး စင်ပေါ်ကနေ ဆင်းပြေးရခဲ့ရကြောင်း သိရှိရပါတယ်။ သီတင်းတပတ်လောက်လဲကြာတဲ့အခါမှာတေ့ သတင်းစာထဲမှာ “ကျွန်တော် ကျော်ဟိန်းသည်၊ အနုပညာလုပ်ငန်း နှင့် သာသနာပြုခြင်းတို့ မှလွဲ၍၊ မည်သည့်အလုပ်မှ မလုပ်ပါကြောင်း အသိပေးအပ်ပါသည်” ဆိုပြီး ကြော်ငြာပါလာတာ သိရှိရပါတယ်။

ယခုကာအခါမှာလည်း အများသူငှာသိခဲ့ကြတဲ့ သြဂုတ်လ ၈၈၈၈ နှစ်ပါတ်လည်ကာလနဲ့  စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်ကာလ ဖြစ်နေတဲ့အချိန်မှာ ဦးကျော်ဟိန်း ဘုန်းကြီးဝတ်ခြင်းကို ပြည်သူတွေ နိုင်ငံရေးဘက် နအဖဆန့် ကျင်ရေးဘက်ကနေ အာရုံလွှဲဖို့  ထင်ပေါ်ကျော်ကြားသူ အနုပညာရှင်တစ်ဦးနဲ့  ဖန်တီးတာလားဆိုတာ မေးစရာရှိပါတယ်။

ဒီလိုမေးရတာကလည်း အချက်အလက်တစ်ခုထဲပေါ်မှာဘဲ မူတည်တာ မဟုတ်ဘဲ၊ အခြားသော အချက်များကလည်း ပံ့ပိုးနေလို့ ဖြစ်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးအချိန်ကာလနဲ့  ဆက်စပ်နေတာကြောင့်လည်း ဖြစ်ပါတယ်။

ဦးကျော်ဟိန်းဟာ အများသူငှာလို ရိုးရိုးလေး ဘုန်းကြီးဝတ် တရားအားထုတ် ကျင့်ကြံတာမျိုးမဟုတ်ဘဲ၊ တရားပွဲတော်နဲ့  ပြည့်ကျပ်နေပြီး တရားဟောပွဲတွေလုပ်၊ နောက် စက်တင်ဘာလ (၅) ရက်နေ့ ကနေ အောက်တိုဘာလ (၃၁) ရက်နေ့ အထိ မြို့ ပေါင်းစုံကို လှည့်ဖို့ စီစဉ်နေတာတွေတွေ့ တော့ ပုဂ္ဂိုလ်ရေး နာမည်ပိုထင်ရှားပေါ်လွင်စေချင်လို့  လား (သို့ ) ဘာသာရေးကို အခြေခံပြီး ပြည်သူလူထုကို နအဖအလိုကျ လက်ဝါးရိုက်ပြီး စည်းရုံးရေးလိုက်ဆင်းနေတာလားဆိုတာ မေးစရာရှိပါတယ်။

၂။ ဦးကျော်ဟိန်းဟာ အနုပညာပိုင်းမှာ အောင်မြင်မှုရှိခဲ့တယ်ဆိုပေမယ့် အများပြည်သူနဲ့  တိုင်းပြည်အကျိုးအတွက် အမှန်တကယ်ထောက်ကူပံ့ပိုးမှု ရှိခဲ့ပါသလားဆိုသည့် မေးခွန်းတော့ မေးစရာတွေ ရှိနေပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးကာလအတွင်းမှာ လူသိထင်ရှား ကျော်ကြားတဲ့  ပြည်သူ့ ချစ်တဲ့ ပြည်သူကို ချစ်တဲ့ အနုပညာရှင် အတော်များများ ပြည်သူတွေနဲ့  လက်တွဲပြီး ဒီမိုကရေစီခောတ်စနစ်ပေါ်ပေါက်ထွန်းကားဖို့ အတွက် မိမိတို့  တတ်ကျွမ်းတဲ့ အနုပညာတွေကနဲ့  ဖေါ်ထုတ်ပြသာကာ ပြည်သူတွေရဲ့  လိုအင်တောင်းတမှုတွေကို တစ်သွေးတစ်သားထဲ အတူတူတောင်းဆိုဖေါ်ထုတ်ခဲ့ကြပါတယ်။ ပြည်သူ့ ကို ချစ်လှပါတယ်ဆိုတဲ့ ပြည်သူကအကျိုးကို ထမ်းဆောင်လိုပါတယ်လို့  မကြာခဏပြောလေ့ရှိတဲ့ ဦးကျော်ဟိန်းကတော့ အရိပ်အယောင်တောင် မတွေ့ ခဲ့ရပါဖူး။

ယခုနှစ်ကာလ နာဂစ်လေမုန်တိုင်းဘေးဒုက္ခရောက်နေကြချိန်မှာ ဒုက္ခသည်ပြည်သူတွေကို ကူညီပံ့ပိုးတဲ့အနေနဲ့  အချို့ သောအနုပညာရှင်တွေဟာ မိမိတို့ ကျွမ်းတဲ့ အနုပညာနဲ့  ဖြော်ဖြေပွဲတွေလုပ်ကြ၊ မုန်တိုင်းဘေးဒုက္ခသင့်ရာဒေသတွေကို သွားရောက် ကူညီကြနဲ့  ပြည်သူ အများအကျိုးကို လက်တွေ့ မှာ လုပ်ဆောင်ပေးခဲ့ကြတာတွေ့ ရှိရပါတယ်။ ရုပ်ရှင်လောကဘက်မှာရော တေးဂီတဘက်မှာရော နာမည်ကျော်တဲ့  ဦးကျော်ဟိန်းရဲ့  အများပြည်သူတွေ လက်တွေ့ ဒုက္ခရောက်ခက်ခဲနေချိန်မှာ ဘာတွေများ ကူညီပံ့ပိုးပေးတာတွေ ရှိပါသလည်းဆိုတာ သိလိုကြပါတယ်။

ဒီတော့ ဦးကျော်ဟိန်းရဲ့  ဘုန်းကြီးဝတ်မှုဟာ မိမိကိုယ်ကို ဘ၀အကူးကောင်းရေးအတွက် ကုသိုလ်ပါသွားအောင်လုပ်တာလား (သို့ ) နာမည်ကြီးသထက်ကြီးအောင် လုပ်နေကျအတိုင်း လုပ်တာလား (သို့ ) ပြည်သူအများကို အေးချမ်းသာယာစေဖို့  တရားရေအေးတိုက်ကျွေးပြီး ကုသိုလ်ဒါနပြုတာလား (သို့ ) ဒီ့ထက်အရေးကြီးတာကတော့ ပြည်သူတွေ ငြိမ်သက်ပိပြားအောင် တရားကို ခုတုံးလုပ်လို့ နအဖအလိုကျပါ ဖြားယောင်းမှု လုပ်နေသလား ဆိုတာ မေးစရာ ရှိပါတယ်။

၃။ ဇူလိုင်လ(၂၉)ရက်နေ့  တွင် ကျရောက်ခဲ့သော ဒုတိယ၀ါဆိုလပြည့်ဓမ္မစကြာနေ့ မှာ ဗိုလ်တစ်ထောင်၊ ကျိုက်ဒေးအပ်ဆံတော်ရှင်ဘုရားရှိ ကြေးသွန်းရုပ်ပွါးတော်ကြီးအား အနေကဇာတင်ပွဲကျင်းပခဲ့ပါတယ်။ ကြေးသွန်းရုပ်ပွါးတော်ကြီးက မန္တလေးမှာ ထုလုပ်ပြီး ရန်ကုန်ကို ပင့်ဆောင်လာခဲ့တာပါ။ ကြေးသွန်းဘုရားကြီးအလှူရှင် ဦးကိတ္တိသာရ (ကျော်ဇောခြင်း) - (သရုပ်ဆောင်ဦးကျော်ဟိန်း) ကနေ တက်ရောက်လာသောပရိသတ်ကို တရားဟောကြား ခဲ့ကြောင်း သိရှိရပါတယ်။

သံယောဇဉ်များကို ဖြတ်တောက်၊ လောဘဒေါသမောဟတွေကို ကင်းပယ်အောင်ကြိုးစားပြီး သာသနာဘောင်အတွင်း အပြီးတိုင်ဝင်ရောက်ဖို့  စရုံဘဲရှိသေး လူဝတ်ကြောင်တွေနဲ့  တရုံးရုံး၊ နယ်လှည့်ပြီးပါ နှုတ်ဆက်ပွဲလုပ်ဦးမယ်ဆိုတော့ကာ သာသနာဘောင်အတွင်းဝင်ရောက်ခြင်းဟာ အဓိကက ဘာလည်းဆိုတာ ပျောက်ကွယ်သလို ဖြစ်နေပါတယ်။

တမင်အထူးတလည် စီစဉ်ပြီး မြန်မာပြည်အနှံ့  ဘုရားဖူးထွက်တာ မဟုတ်ဘဲ လူတွေကို နှုတ်ဆက်ပွဲထွက်တာလုပ်ခြင်းဟာ သူတော်စင်တို့  လုပ်ဆောင်ခြင်းမျိုး မဟုတ်ဟု သံဃာတော်အရှင်သူမြတ်တစ်ပါးကလည်း မိန့် ကြားတာလည်း သိရှိရပါတယ်။ သာသနာ့ဘောင် ၀င်ရောက်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ဘ၀ကို ပူလောင်စေတတ်တဲ့ အရာတွေကို ငြိမ်းသတ်ဖို့သာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အပူတွေကို တိုးပွါးလာအောင် တမင်လုပ်ဆောင်နေရင်တော့ ဒါဟာ ရိုးသားမှုမရှိတဲ့ ရဟန်းပြုခြင်းလို့သာ ခေါ်ရပါလိမ့်မယ်ဟု မိန့် ကြားတော်မူပါတယ်။












ပြည်သူတွေအနေနဲ့ ကလည်း ပုဂ္ဂိုလ်တစ်ဦးကို (လူပင်ဖြစ်စေ၊ အခြားပုဂ္ဂိုလ်ပင်ဖြစ်စေ) နာမည်ကြီးထင်ရှားကျော်ကြားတိုင်း မည်သူကိုမဆို သင့်တော်ရုံထက် အရိုသေလွန်းလွန်းလျှင် မှားယွင်းတတ်တာတွေ ပြသနာကြုံတွေ့ ရတတ်တာတွေ ရှိတတ်တယ်ဆိုတာ သတိရှိစေချင်ပါတယ်။ လူ့ လောကတွင် လိုသည်ထက် ပိုပြီး အရိုသေလွန်လျှင်၊ ထင်ပေါ်ကျော်ကြားမှုကို ရှေ့ တန်းတင်ကြည့်လျှင်၊ အချိန်စောင့်ဆိုင်းကာ လေ့လာစောင့်ကြည့်မှုမရှိဘဲ အချိန်ပိုင်းအတွင်း ချက်ချင်းယုံခြင်းနှင့် မျက်ကန်းပမာ မသုံးသပ် မလေ့လာဘဲ ကောက်ချက်ချခြင်းတို့ သည် အမှားများ လွယ်ကူစွာ ပေါ်ပေါက်စေရန် မြန်မြန်ဆန်ဆန် တွန်းအားပေးနေသကဲ့သို့  ဖြစ်ပါတယ်။

ပြည်သူတွေ သိရှိထားသင့်တာတွေထဲမှာလည်း နိုင်ငံရေးအာရုံလွှဲဖို့ အတွက် လုပ်လေ့လုပ်ထရှိတဲ့ နအဖရဲ့  စိတ်ဓါတ်စစ်ဆင်ရေးဗျူဟာတွေ မကြာခဏဆိုသလို ပေါ်ပေါက်တတ်တယ်ဆိုတာပါ။ အနုပညာကို ခုတုံးလုပ် အသုံးချတတ်တဲ့ နအဖရဲ့  မျက်လှည့် (အာရုံလွှဲနည်းပညာတစ်ခု) ဟာ တစ်ခုထဲမဟုတ်ဘဲ အခုဆိုရင် အနုပညာ၊ ဘာသာရေး၊ လူမျိုးရေးတွေနဲ့ ပါ လုပ်ကြံဖန်တီးပြီး ဖန်တီးလေ့ရှိပါတယ်။

သိပ်မကြာခင်ကာလတုန်းကလည်း ရုပ်ရုင်မင်းသမီးနှစ်ဦး အတင်းပြောတဲ့ဇာတ်လမ်းကို လုပ်ကြံဖန်တီးပြီး ပြည်သူတွေကို အာရုံလွဲအောင် ပြုလုပ်ခဲ့ပါတယ်။ နောက်အခြားသော လူအများအား မပြသင့် မပြောသင့်သော အနုပညာရှင်များပုံစံပြုလုပ်ကာ ဖန်တီးလုပ်ကြံထားသည့် အကြောင်းအရာများလည်း အာဏာရှင်လက်ပါးစေတွေက ပြုလုပ်ချက်တွေ ရှိပါတယ်။

တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် လုပ်လာနေတဲ့ နအဖရဲ့  လှည့်ကွက်ထဲမှာ နောက်ဆုံးလက်နက်တွေ ထုတ်သုံးတဲ့အနေနဲ့  အင်မတန်ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေ၊ လူအများ အင်မတန် ရိုသေကိုင်းရှိုင်းတဲ့ ဆရာတော်တွေကိုပါ ပွဲထုတ်လာတာ သတိထားမိပါတယ်။ တစ်ချက်ခုတ် နှစ်ချက်တောင်မက ပြတ်အောင် လုပ်လေ့ရှိတဲ့ သန်းရွှေဦးဆောင်တဲ့ နအဖတွေရဲ့  စိတ်ဓါတ်စစ်ဆင်ရေးတိုက်ကွက်တွေကတော့ ပါးပါးလေးမှ တကယ့်ပါးပါးလေးပါ။

လူအများထဲမှာ ကိုယ်ပိုင်ဥာဏ်ဆင်ခြင်မှုနဲ့  ကျကျနနသုံးသတ်တဲ့သူတွေနဲ့  မျက်စိစုံမှိတ်ပြီး ယုံလွယ် လေးစားလွယ် ကိုးကွယ်လိုတဲ့သူတွေအကြား အချင်းချင်း အငြင်းပွားပြီး ပြသနာဖြစ်အောင်ပါ ဖန်တီးသွေးကွဲစေတဲ့နည်းတွေကို နအဖက ယုတ်ယုတ်မာမာ ပါးပါးနပ်နပ်နဲ့ ဖန်တီးလေ့ရှိပါတယ်။

အနှစ်ချူပ် ဆိုရသော် လူသိထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များအား ခုတုံးလုပ် အသုံးချတတ်သော အာဏာရှင်များနှင့် ကိုယ်ကျိုးအတွက်သာ ကြည့်တတ်ကြသော (အချို့ သော) နာမည်ကြီး လူသိများသူများ၏ ပလဲပနံသင့်ကာ ကိုယ့်အကျိုးကြည့်တတ်မှုများ ရှိနေတာကြောင့် ဦးကျော်ဟိန်း ဘုန်းကြီးဝတ်တာ မိမိဘ၀အဆက်ဆက်အတွက် ရိုးရိုးတရားအားထုတ် ကုသိုလ်ယူရင်းနဲ့  အများသူငှာအတွက် မှန်ကန်သော တရားနည်းလမ်းပြကာ လုပ်ဆောင်တာလားဆိုတာ အချိန်က စကားပြောလာမှာပါ။

အများအကျိုး ထိခိုက် မထိခိုက်၊ အများကောင်းကျိုးပေး မပေးကို ကျွန်တော်တို့  ပြည်သူတွေကတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှူစားကြဖို့ သာ ရှိပါကြောင်း ပြောကြားလိုပါတယ်။

ဦးကျော်ဟိန်း ဘုန်ကြီးဝတ်ခြင်းက ဘယ်လည်း ဘာလဲဆိုတာကို အများပြည်သူတွေ စိတ်ဝင်စားကြတာမို့  ဦးကျော်ဟိန်းရဲ့  သာသာနာဘောင် ကူးပြောင်းခြင်းဟာ ဘ၀ကုသိုလ်ရေးအတွက်ဖြစ်ပြီး၊ သာသနာတော်ကို မှန်ကန်စွာ တိုးတက်ပြန့် ပွားစေရေးနဲ့  ပြည်သူပြည်သားများအကျိုးကို ကာကွယ်စောင့်ရှောက်လိုမှု ဖြစ်ရင်တော့ သာဓုအနုမောဒနာ ခေါ်ဆိုရပါမယ်။

သံဃာတော်များနဲ့  သာသနာတော်ကို ဖျက်ဆီးနေကြေတဲ့ မိစ္ဆာဒိဌိ နအဖတွေရန်ကိုလည်း တွန်းလှန်ကာကွယ်နိုင်မယ်ဆိုရင်တော့ ပိုပြီးတောင် လေးစားကြည်ညိုရမှာ ဖြစ်ပါတယ်။ သို့ မဟုတ်ဘဲ ဘာသာဖျက် လူမျိုးဖျက် တိုင်းဖျက်ပြည်ဖျက် နအဖတွေ အလိုကျ ဖြစ်မယ့် ဘုန်းကြီးတစ်ပါးအဖြစ် ပေါ်ပေါက်လာတာဆိုရင်တော့ ဦးကျော်ဟိန်းတစ်ယောက် ဘ၀ကုသိုလ်မရဘဲ နအဖမိစ္ဆာဒိဌိတွေသွားမယ့် အပါယ်ငရဲကို ကိုယ်ပါ ရောက်သွားနိုင်တယ်ဆိုတာ မေတ္တာရှေ့ ထားပြီး သတိပေး ပြောကြားလိုပါတယ်။