နအဖများ၏ လက်အောက်မှ တို့ များဘ၀ သေသော်မှတည့် သြော် ကောင်း၏။
တိရိစ္ဆာန်ကာကွယ်ရေး နိုင်ငံတကာဥပဒေများအရ တိရိစ္တာန်များအား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ညဉ်းပမ်းနှိပ်စက်ခြင်းပါက ကျူးလွန်ပါက တရားဥပဒေအရ အရေးယူခြင်းခံရခြင်းများ ရှိပါတယ်။ အဆိုပါ နိုင်ငံတကာဥပဒေများတွင် တိရိစ္ဆာန်ရုံများတွင် ထားရှိသော တိရိစ္ဆာန်များလည်း အကျူံးဝင်ပါတယ်။ တိရိစ္ဆာန်ရုံမှ တိရိစ္ဆာန်များအား မည်သို့ မည်ပုံထိန်းသိမ်းစောင့်ရှောက်ရမည်ကို အကျဉ်းချူပ် ဖေါ်ပြထားပေးပါတယ်။
တိရိစ္ဆာန်ရုံများတွင် ထားရှိသော တိရိစ္ဆာန်များအတွက် သန့် ရှင်းစင်ကြယ်မှု လုံလောက်စွာ မရရှိခြင်း၊ ပတ်ဝန်းကျင်နေရာထိုင်ခင်း ညစ်ပတ်ခြင်း၊ ပြည့်စုံလုံလောက်သော အဟာရပါ အစားအသောက်များ မကျွေးမွေးခြင်း၊ အစားအစာ မလုံလောက်ခြင်း၊ သင့်တော်လိုက်ဖက်မှုမရှိသည့် အစားအသောက်များ ကျွေးမွေးခြင်း၊ သောက်သုံးရေနှင့် သန့် ရှင်းရေ မစင်ကြယ်ခြင်း၊ ရေမလုံလောက်ခြင်း၊ လုံလောက်သော ဆေးဝါးကုသမှု မရှိခြင်းတို့ ကြောင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာများ ရရှိခြင်းနှင့် သေကြေပျက်စီးကြရပါက တိရိစ္ဆာန်များအား ကာကွယ်စောင့်ရှောက်မှု မရှိခြင်းကြောင့်ဖြစ်သဖြင့် ၄င်းတို့ အား ညဉ်းပမ်းနှိပ်စက်ခြင်းတွင် အကျူံးဝင်ပါတယ်။
ဒီ့အတွက် တိရိစ္ဆာန်ရုံထိန်းသိမ်းစောင့်ရှောက်သူများအနေနှင့် အဓိက တာဝန်ရှိပါတယ်။ အဆိုပါ တိရိစ္ဆာန်ရုံတာဝန်ခံများအား ညွန်ကြားသော၊ တိရိစ္ဆာန်ရုံပြောင်းရွှေ့ တည်ဆောက်သောစီမံကိန်းအား တာဝန်ယူညွန်ကြားခဲ့သည့် သက်ဆိုင်ရာဝန်ကြီးဌာန ၀န်ကြီးသည် ထိပ်ပိုင်းဆိုင်ရာ အဓိကတာဝန်ရှိသူ ဖြစ်ပါတယ်။
ယခု နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်တွင် ရာသီဥတုပူပြင်းခြင်း၊ အပင်ကြီးများ နည်းပါးခြင်းတို့ကြောင့် မွေးမြူထားသည့် တိရိစ္ဆာန်အချို့ သေဆုံးကြရကြောင်း သိရှိရပါတယ်။
ပင်းဂွင်းငှက် (၆) ကောင်ရှိသည့်အနက်မှ မကြာသေးခင်က (၁) ကောင် သေသွားကြောင်း၊ အခြား သမင်တို့၊ ငှက်တို့လည်း ရာသီဥတုအပူရှိန်ကြောင့် သေဆုံးကြရကြောင်း သိရှိရပါတယ်။
တိရိစ္ဆာန်ဥယျာဉ်ကို ငွေကြေးမြောက်မြားစွာ အကုန်အကျခံပြီး တည်ဆောက်ခဲ့သော်လည်း တိရိစ္ဆာန်များ ရှင်သန်ရေးနှင့် အခြားသော ကာကွယ်စောင့်ရှောက်ရေးပိုင်းဆိုင်ရာများအား ဂရုစိုက်မှု မပြုလုပ်ဘဲ၊ နအဖတို့ ရုံးစိုက်ရာ ဒေသမြို့ တော် ကြီးကျယ်ခန်းနားစေရေးနှင့် နအဖ မိသားစုအသိုင်းအ၀ိုင်းတို့ အတွက် ဇိမ်ခံရာဒေသဖြစ်မြောက်ရေးတို့ အတွက်သာ ဦးစားပေးပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့  အများပြည်သူများမှ သုံးသပ်ကြပါတယ်။
ပင်းဂွင်းငှက်ထားသည့် အဆောင်အား လေအေးပေးစက် တပ်ဆင်ထားပြီး ရေခဲတောင်ဒေသသဖွယ် ဖန်တီးပြုပြင်ထားသော်လည်း ပြင်ပလေထုအပူရှိန် မတည်ငြိမ်ခြင်းနှင့် လျှပ်စစ်မီးအား မတည်ငြိမ်ခြင်းကြောင့် အဆောင်တွင်း အအေးချိန် မညီမမျှဖြစ်ပြီး သေခြင်းဖြစ်နိုင်ကြောင်း သိရှိရပါတယ်။
တိရိစ္ဆာန်များ အသက်အန္တရာယ်ကာကွယ်စောင့်ရှေက်ရေးအတွက် စီမံခန့် ခွဲမှု အလွန်ညံ့ဖြင်းမှု သက်သေပြနေမှုမှာ သာမိုမီတာအား အခန်းအတွင်းနှင့် အပြင် အခန်းအပူချိန်အား တိုင်းတာရမည့်အစား ပင်ဂွင်းငှက်အဆောင်အတွင်းတွင်သာ ထားရှိခြင်း၊ ပြင်ပလေဟာပြင်တွင်ထားရှိထားသော တိရိစ္ဆာန်များမှာ အရိပ်ရအပင်ကြီးများ မရှိခြင်းနှင့် ပြင်ပအပူရှိန်ဒဏ်မခံနိုင်သောကြောင့် အရိပ်အနည်းငယ်သာ ရရှိသည့် အမိုးအောက်တွင်နေနေကြရခြင်းတို့ ဖြစ်ပါတယ်။
ကျောက်တောင်ကို တိရိစ္ဆာန်ဥယျာဉ် ဆိုင်းဘုတ်ပြသဖို့ သာ အဓိကနေရာသတ်မှတ် ပြုလုပ်ထားခြင်းသာ တွေ့ ရှိရပါတယ်။ နအဖဖန်တီးထားတဲ့ နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်ဟာ သဘာဝဘေးမဲ့တောပုံစံလည်း မကျ၊ တိရိစ္ဆာန်ရုံတစ်ခုအဖြစ်လည်း ပီသမှု မရှိခြင်းကြောင့် တိရိစ္ဆာန်များအတွက် ငရဲဘုံသဖွယ် ဖြစ်နေပါတယ်။
နအဖများ၏ လက်အောက်မှ တို့ များဘ၀ဟာ သေသော်မှတည့် သြော် ကောင်း၏ ဟုသာ တိရိစ္ဆာန်များ ညီးညူနေကြမည် ဖြစ်ကြောင်းပါ။
No comments:
Post a Comment