Friday, September 19, 2008

ကုလသမဂ္ဂကြီးကို အခြားကမ္ဘာ့ကိစ္စတွေနဲ့ ပြာလောင်ခတ်နေစေဖို့  ဦးသန့်  ဂူဗိမာန်အမိုးပေါ်မှာ အပြာရောင်ပြုလုပ်။








ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းမှာရှိတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချူပ်ဟောင်း ဦးသန့်အုတ်ဂူ တည်ရှိရာ အဆောက်အအုံကို ပြန်လည်မွမ်းမံပြင်ဆင်ဖို့ အတွက်ဆိုပြီး အဲ့ဒီအဆောက်အအုံမှာ ငြမ်းဆင်မှုများကို ဆောင်ရွက်နေတာ ရက်တော်တော်ကြာပြီဆိုပေမယ့် ဘာမှ ဟုတ်တိပတ်တိ ပြင်ဆင်နေတာ မတွေ့ ရသေးပါဖူး။

ပုံမှာပြထားသည့်အတီုင်း နှစ်ပေါင်းမြောက်မြားစွာ ဒီအတိုင်းပစ်ထားခဲ့တာ ယခုနှစ်၊ ဇူလိုင်လအထိ အဆောက်အဦးအပြင်မှာရော အမိုးတွေမှာရော မြက်ပင်ပေါင်းပင်တွေ ပေါက်ပြီးနေတာ အဆောက်အဦးအတွင်းဆိုရင်တော့ ပျက်စီးနေတာ ကြည့်လို့ မြင်လို့ တောင် မကောင်းပါဖူး။

ဒီ ဦးသန့် ဂူဗိမာန်ကို နှစ်ပေါင်းမြောက်မြားစွာကတည်းက ဘာမှ မပြုပြင်မထိန်းသိမ်းဘဲ ထားရှိခဲ့တာ၊ တစ်လောက ဘန်ကီမွန်း သွားရောက် ဂါဝရပြုပြီးမှသာ၊ ကုသသမဂ္ဂကနေ ပြုပင်မွမ်းမံဖို့ ကုန်ကျငွေကို အထောက်အပံ့ပေးမယ်ဆိုတာကြောင့်ရော၊ ဘန်ကီမွန်းကိုယ်တိုင်က ဦးသန့် လို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ်ဟောင်းရဲ့  ဂူဗိမာန်ဟာ ဒီလို ပျက်စီးယိုယွင်းနေတာ မသင့်တော်ပါဖူးလို့  ထုတ်ပြောတာကြောင့်ရော နအဖဟာ မကောင်းတတ်လွန်းလို့ ကတစ်ကြောင်း ကုလသမဂ္ဂကို အဆင်ပြေအောင် ပြန်လည် ဆက်ဆံလိုတာကြောင့်တစ်ကြောင်း ဦးသန့် ဂူဗိမာန်အဆောက်အဦးကို ပြန်လည်ပြုပြင်မယ်လို့ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

စောစောကပြောသလို ရက်အတန်ကြာ ငြမ်းဆင်ထားရုံက လွှဲပြီး ထိထိရောက်ရောက် ပြင်ဆင်မှုမပြုလုပ်သေးပေမယ့်၊ ထူးထူးခြားခြားတွေ့မိတာကတော့ အမိုးပတ်ပတ်လည်မှာတော့ အပြာနုရောင်အပြားတွေ အသစ်စက်စက်တွေ လဲထားတာတွေ့ ရပါတယ်။

ဒါဟာထူးခြားမှုရှိတဲ့  နအဖရဲ့  အစီအစဉ်တစ်ခုပါ။ နအဖဟာ အခါပေးဘိုးတော်များရဲ့  ဓါတ်ရိုက်ဓါတ်ဆင် ကလိမ်ကကျစ် အောက်လမ်းနည်းများနဲ့ ပြုလုပ်ဖို့  အတွက်၊ ဦးသန့် ဂူဗိမာန်ကို အများပြည်သူအမြင်မှာရော ကူလသမဂအမြင်မှာရော ပြလို့ ရအောင် ပြုပြင်နေသလိုနဲ့  အပြင်ကနေ ငြမ်းတွေဆင်ပြထားပြီး အတွင်းမှာ ဦးသန့် ဂူဗိမာန်အမိုးကို အပြာရောင်တွေနဲ့  စီမံဓါတ်ဆင်ထားပါတယ်။

နအဖဟာ သူတို့ ရဲ့  ဘိုးတော်ဘေးတော်ကြီးများအတိုင်း ယတြာချေတာ ဓါတ်ရိုက်ဓါတ်ဆင်လုပ်တာမှာ အထူးယုံကြည်ပြီးလုပ်လေ့ရှိတယ်ဆိုတာ အများပြည်သူတွေ သိပြီးဖြစ်ပါတယ်။ သက်သေသာဓကတွေရော သူတို့ အတွင်း အသိုင်းအ၀ိုင်းက ထွက်ရှိလာတဲ့ သတင်းများအရရော နအဖတွေ အထူးသဖြင့် ဒေါ်ကြိုင်ကြိုင်တို့  ဗိုလ်ချူပ်ကြီးများ ကတော်များဟာ ဒီလိုပြုလုပ်လေ့ရှိတယ်ဆိုတာ ပြည်သူတွေ သိရှိပြီး ဖြစ်ကြပါတယ်။

နအဖဗိုလ်ချူပ်ကြီးများဟာ သူတို့  ကတော်များကိုးကွယ်နေတဲ့ ဘိုးတော်ယောင်ယောင် အောက်လမ်းဆရာယောင်ယောင်နဲ့  အခါတော်ပေးများက ပြောကြားသမျှတွေကို ကတော်များကနေတစ်ဆင့် ခိုင်းစေတာမှန်သမျှကို လိုက်လုပ်ကြရပါတယ်။

နောက်ပြီး နအဖဗိုလ်ချူပ်တွေကိုယ်တိုင် အရောင်တွေနဲ့ ပတ်သက်တာတွေကို ကြောက်ရွံ့ နေကြပါတယ်။ အထူးသဖြင့် အစိမ်းရောင်၊ အနီရောင်၊ အ၀ါရောင်နဲ့  အနက်ရောင်များကို ကြောက်ရွံ့ ကြပါတယ်။ ဒီအရောင်တွေကို ဘာကြောင့် သူတို့ ကြောက်ရွံ့ ရသလည်းဆိုတာ ပြည်သူတွေ သိရှိကြပါတယ်။ ကျောင်းသူကျောင်းသားများ ကိုယ်စားပြု၊ ရဟန်းသံဃာတော်များ ကိုယ်စားပြု၊ ကျဆုံးခဲ့ကြတဲ့ ပြည်သူများ ကိုယ်စားပြု အရောင်တွေ ဖြစ်နေလို့ ဆိုတာ သိကြပါတယ်။ ဒီအရောင်တွေကို ကြောက်ရွံ့ ထိတ်လန့် လို့  နအဖတွေဟာ အဖြူအစိမ်း မ၀တ်ရဘူး၊ အနီရောင် မ၀တ်ရဘူး၊ အနက်ရောင် မ၀တ်ရဘူးဆိုပြီး ပိတ်ပင်တားဆီးမှုတွေ ပြုလုပ်နေတာပါ။ ကြော်ငြာဆိုင်းဘုတ်ကြီးတွေမှာ မလုံမလဲနဲ့ ပုံတွေကို ဖြုတ်ပစ်ရမယ် ဒီပုံတွေပါရင် အရေးယူမယ်လို့  တရားဝင်ကြေညာပြခဲ့ပေမယ့် တစ်ချိန်ထဲမှာဘဲ ဆိုင်းဘုတ်ကြော်ညာပြုလုပ်သူတွေ ပိုင်ရှင်တွေ ကြော်ညာသူတွေကို ပြင်းပြင်းထန်ထန် သတိပေးခဲ့တာကတော့ ကြော်ညာဆိုင်းဘုတ်တွေမှာ အနီရောင်ရဲရဲတွေ၊ အ၀ါရောင်ရင့်ရင့်တွေ အနက်ရောင်တောက်တောက်တွေနဲ့  မရေးခြယ်ရဘူးလို့  တားမြစ်ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

တစ်ဘက်က ဒီလိုအရောင်တွေကို ကြောက်ရွံ့ ထိတ်လန့် နေတဲ့ နအဖဟာ ဘိုးတော်ယောင်ယောင်တွေ အောက်လမ်းဆရာယောင်ယောင်တွေရဲ့  အကြံပေးခိုင်းစေတဲ့အတိုင်း အခုဆိုရင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ်ဟောင်း ဦးသန့် ရဲ့  ဂူဗိမာန်အဆောက်အဦးမျက်နှာကျက် အမိုးပေါ်မှာ အပြာရောင်နဲ့  ဓါတ်ရိုက်ဓါတ်ဆင်လုပ်ထားပြီး၊ ကုလသမဂ္ဂရဲ့ လက်ရှိ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဘန်ကီမွန်းကိုရော၊ ကုလသမဂ္ဂကြီးတစ်ခုလုံးကိုရော၊ လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကိုရော အခြားကမ္ဘာ့အရေးတွေနဲ့  ပြာယာခတ်ပြီးနေအောင်၊ အပြာရောင်နဲ့  ဖုံးလွှမ်း မိုးကာထားတဲ့ သဘောနဲ့  သေဆုံးသွားတဲ့ (ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် ဖြစ်ခဲ့သူ) ဦးသန့် ရဲ့  ဂူဗိမာန်အပေါ်မှာ နာမ်နှိမ်ထားဖြစ်း ဖြစ်ပါတယ်။

ယခင်ကလည်း ဘန်ကီမွန်းကိုရော ဂန်ဘာရီကိုပါ သန်းရွှေမျက်နှာနဲ့  ပုံတူထုလုပ်ထားတဲ့ ဘုရားဆင်တုတော်ကို ရှိခိုးခိုင်းပြီး နာမ်နှိမ်ခဲ့တာ လူသိရှင်ကြားပေါ်ထွက်လာခဲ့လို့  ယခုတစ်ခါ နောက်ထပ်အစီအစဉ်တစ်မျိုးနဲ့  နာမ်နှိမ်တာကို ပြောင်းလုပ်တာဖြစ်တယ်လို့  သူတို့ ရဲ့ အတွင်းနီးစပ်သူများက ပြောပြပါတယ်။ ဘန်ကီမွန်းရဲ့ ဓါတ်ပုံကိုတောင် ဦးသန့် ရဲ့ ဂူဗိမာန်အတွင်းထဲမှာ ပြင်ဆင်တဲ့အခါ ထည့်သွင်းနိုင်တယ်လို့ လည်း အဆိုပါ အတွင်းနီးစပ်သူများက ပြောဆိုနေပါတယ်။

မြန်မာပြည်အရေးကို ဆောင်ရွက်ပေးနိုင်ဖို့ အတွက် ကြိုးစားပမ်းစားလုပ်နေပါတယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ်လည်း နအဖနဲ့ တွေ့ မှဘဲ ခံရနည်းအသစ်ပေါင်း မြောက်မြားစွာနဲ့  ကြုံတွေ့ နေရတာ အင်မတန် ရှက်စရာကြီးပါဘဲလို့  ပြောလိုက်ချင်ပါတယ်။

No comments: