Monday, September 22, 2008

ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ဖို့  လိုအပ်ပါတယ်။ နအဖရဲ့ ပေါ့ဆမှုကြောင့် နာဂစ်လေမုန်တိုင်းဘေးကို ပြည်သူတွေ ကြုံခဲ့ရပြီးပြီ။
















အိန္ဒိယတိုက် ပြတ်ရွေ့ ကြောင်းကြီးဟာ အာရှတိုက်သို့  ဆက်လက်တိုးဝင်နေမှုကြောင့် မြန်မာနိုင်ငံသည် ငလျင်ဘေးအန္တရာယ်ကို သတိပြုကြရန် လိုအပ်ကြောင်း စက်တင်ဘာလ (၁၂) ရက်နေ့ တွင် ပြုလုပ်သော အင်ဂျင်နီယာအသင်းစာတမ်းဖတ်ပွဲတွင် မြန်မာဘူမိသိပ္ပံအသင်းမှ ဖတ်ကြားပြောဆိုခဲ့ပါသည်။

ထို့ ကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်တိုင်းထွာမှုတွေ ပြင်ဆင်မှုတွေ၊ နည်းပညာတွေ၊ စက်မှုကိရိယာတွေ၊ ငလျင်ဘေးအန္တရာယ် ကြိုတင် သတိပေးမှုတွေ၊ ငလျင်ဘေးကယ်ဆယ်ရေး ကြိုတင်လေ့ကျင့်မှုတွေ၊ ငလျင်ဒဏ်ခံအဆောက်အဦးတွေ ကြိုတင်တည်ဆောက်တာတွေ ယခုကတည်းက တိုင်းပြည်တစ်ဝှမ်းလုံးက ဆောင်ရွက်သင့်နေပါပြီ။

နာဂစ်လေမုန်တိုင်းလိုမျိုး အဖြစ်ဆိုးတွေ ထပ်မကြုံရအောင် တာဝန်ရှိသူတွေက စပြီး တာဝန်ရှိတာတွေ တာဝန်ယူဆောင်ရွက်ပေးတာရော၊ ပြည်သူပြည်သား တစ်ဦးချင်းစီတိုင်းက ငလျင်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ ကြိုတင်ကာကွယ်မှုတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြဖို့ ရော အထူးလိုအပ်ပါတယ်။

No comments: