Monday, September 22, 2008

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့မှ အ၀ါရောင်လှုပ်ရှားမှု ဆောင်ရွက်ခြင်း။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့မှ ရဲဘော်များသည် ၂၀၀၇ ခုနှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး (၁)နှစ်ပြည့် အထိမ်းအမှတ်နှင့် စစ်အာဏာရှင်မှ ဘုရားသားတော်သံဃာတော်များ၊ မိဘတွေရဲ့ရင်နှင့်သည်းချာ ကျောင်းသား/သူများနှင့်ပြည်သူလူထုအား ပစ်ခတ်ဖမ်းဆီး နှိပ်စက်ညှင်းပန်းမှု့များ ပြုလုပ်လာသည့်အတွက် ၀မ်းနည်းကြောင်းပြသသည့် လှုပ်ရှားမှု၊ လူထုစည်းရုံးစာရွက်စာတမ်းဖြန့်ဝေမှု့များ ပြုလုပ်ခဲ့ပါသည်။

ယခုလို အကြမ်းဖက်နှိပ်စက် ဖမ်းဆီးနေရုံနှင့် ကျွန်ုပ်တို့ရင်ထဲတွင်ရှိနေသော နအဖ စစ်အာဏာရှင်
အား ဖယ်ရှားတော်လှန်ပြီး လူထုအားကိုးယုံကြည်သည့် အရပ်သားအစိုးရတရပ် မပေါ်ပေါက်မချင်း အောက်ပါ လှုတ်ရှားမှု့မျိုးများကို အကြမ်းမဖက် ငြိမ်းချမ်းသောနည်းနာပေါင်းစုံဖြင့် ဆက်လက် လှုတ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပြည်သူလူထုတရပ်လုံးမှလည်း ကျွန်ုပ်တို့နှင့်အတူ အကြောက်တရားများ ဘေးဖယ်ထားပြီး ငြိမ်းချမ်းသောနည်းများနှင့် လှုပ်ရှားနေသော လှုပ်ရှားမှု့များတွင် ပါဝင်ဆောင်ရွက်ကြပါရန်ကျွန်ုပ်တို့အဖွဲ့မှတိုက်တွန်းလိုက်ပါသည်။

၂၀-၉-၀၈ ရက်နေ့ည၁၂ နာရီခန့်တွင် အင်းတိုင်၊စစ်ပစ္စည်းသိုလှောင်ရေးတပ်(COD)ခြံစည်းရိုးနဲ့ ကားမှတ်တိုင်များပဲခူး မြို့ပေါ်ကားလမ်းမများနှင့် ရန်ကုန် အင်းစိန်မြို့သစ် ဘုရင့်နောင်လမ်းတချို့တွင် အ၀ါရောင် ကမ်ပိန်းလှုတ်ရှားမှု့အဖြစ် ဆေး အ၀ါများ ကို မြေသြဇာ အဖွဲ့မှ ပက်ဖြန်း ဆောင်ရွက်ခဲ့ပါသည်။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ။

ဆက်သွယ်ရန်-www.thebestmanure.blogspot.com

pyoezin@gmail.com

kyawkyaw1978@gmail.com

No comments: