အာဏာရှင်နဲ့  ရဟန်းသံဃာတော်များ။
အာဏာရှင်တွေဟာ ရဟန်းသံဃာတော်တွေကို အမြဲတမ်း ပြစ်မှား စော်ကားနေခဲ့တာပါ။
အာဏာရှင်တွေဟာ သံဃာတော်တွေကို သူတို့ နဲ့  အလိုကျ ပြောဆိုနေထိုင်အောင် လက်ဆောင်လာဘ်လာဘတွေ ပေးကမ်းပြီး သံဃာတော်တွေကို ဆွဲဆောင်စော်ကားပါတယ်။
သို့ သော် သာသနာတော်အကျိုးနဲ့  တိုင်းသူပြည်သားများအကျိုးကို ကြည့်ရှူတဲ့ ဘုရားသားတော်အစစ် မြင့်မြတ်တဲ့ ရဟန်းသံဃာတော်များကတော့ ရိုင်းစိုင်းတဲ့ မိစ္ဆာဒိဌိ ပြည်သူ့ ရန်သူများကို ရဲရဲဝန့် ဝန့်  ဆန့် ကျင်ခဲ့ကြလို့ ၊ မြန်မာရဟန်းသံဃာတော်များကို ကမ္ဘာပြည်သူ့ပြည်သားအပေါင်းက လေးစားဂုဏ်ယူ ချီးမွန်းခဲ့ကြပါတယ်။
နတ်လူသာဓုခေါ်ဆိုထိုက်သော လုပ်ဆောင်ချက်ဖြစ်လို့  ရဟန်းသံဃာတော်များ ဦးဆောင်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီးဟာ ကမ္ဘာတည်နေသမျှ ထာဝရ သမိုင်းတွင်ပါပြီ။
ခေတ်အဆက်ဆက်တစ်လျှောက်မှာ သာသနာတော်အကျိုးကို မှန်ကန်စွာ ထမ်းရွက်ခဲ့ကြသော၊ တိုင်းသူပြည်သားအများ ငြိမ်းချမ်းသာယာဝပြောရေးအတွက် ဦးဆောင်လမ်းပြခဲ့ကြသော ရဟန်းသံဃာတော်အပေါင်းအား ယနေ့ တွင်ကျရောက်သော ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နေ့ များတွင် ဦးညွတ်ကန်တော့ကာ ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။
အမိမြန်မာနိုင်ငံတော်ဝယ် စစ်မှန်သော သာသနာတော် ထွန်းကားပြီး၊ ဘာသာတရားအပေါင်းကို စော်ကားနေကြသော၊ ရဟန်းရှင်လူပြည်သူများအား ညဉ်းပမ်းနှိပ်စက်သတ်ဖြတ်နေကြသော အာဏာရှင် မိစ္ဆာဒိဌိများ အမြန်ဆုံး ကွယ်ပျောက်ပါစေလို့ ။
ဘာသာသာသနာတော်အား ရဟန်းသံဃာတော်များနှင့်အတူ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းမှလည်း ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။
(ကာတွန်းရုပ်ပုံရေးဆွဲသူ - Mr. Burma)
No comments:
Post a Comment