မတရားတဲ့ ဖမ်းဆီးမှု အကြမ်းဘက်ဖြိုခွင်းမှုမှန်သမျှ ခုခံကာကွယ် လက်တုန့် ပြန်ကြ။
စစ်တွေမြို့ က ရဟန်းတော်များနှင့် အရပ်သား လူငယ်များက အကယ်လို့  အာဏာရှင်လက်ပါးစေတွေဖြစ်တဲ့ စွမ်းအားရှင်နဲ့ ကြံ့ဖွတ်တွေက ၀င်ရောက်နှောင့်ယှက်ပါမယ်ဆိုရင် အသေသတ်ပစ်မည့် အပြင် အိမ်များကိုလည်း မီးရှို့ပစ်မယ်လို့  ခြိမ်းခြောက်ထားပါတယ်။ စွမ်းအားရှင်နဲ့ ကြံ့ဖွတ်တွေအနေနဲ့  မနှောင့်ယှက်ကြရန်နှင့် နှောင့်ယှက်ပါက ကြီးမားသော အန္တရာယ်ဆိုးများကို ကျရောက်နိုင်မယ်လို့  သတိပေးထားပါတယ်။ စစ်တွေမြို့ မှ အရေးအခင်း ပေါ်ပေါက်တိုင်း စစ်အစိုးရနှင့် ပူးပေါင်းပြီး ပြည်သူများကို နှိပ်ကွက်သူများအား အိမ်များကို ခဲနှင့် ပစ်ပေါက်ပြီး ဖြိုဖျက်ပစ်လေ့ရှိသဖြင့် မည်သူမျှ လူထုအား နှိပ်စက်သော အလုပ်ကို မလုပ်ရဲကြောင်းလည်း သိရှိရပါတယ်။
ဒီလို စစ်တွေမှာ စွမ်းအားရှင်နှင့် ကြံ့ဖွတ်များကို ရဟန်းတော်များနဲ့  ရခိုင်ပြည်သူတွေက ခြိမ်းခြောက်ထားလို့  ရှေ့မထွက်ရဲကြဖူး၊ နအဖ လက်ပါးစေ စွမ်းအားရှင်နှင့် ကြံ့ဖွတ် အဖွဲ့များ ရှေ့သို့ ပေါ်ပေါ်ထင်ထင် မထွက်ရဲဘဲ ပုန်းလျိုးကွယ်လျိုး သွားလာ လှုပ်ရှားနေကြကြောင်း ကြားသိရတော့ ကျန်ခဲ့တဲ့နှစ် ရွှေဝါရောင်တော်လှန်ရေးမစခင် သြဂုတ်လနှောင်းပိုင်းအချိန်က လောင်စာဆီဈေးနှုန်းကြီးမှုကို အေးချမ်းစွာ ဆန္ဒပြခဲ့တဲ့ ကိုထင်ကျော်ရဲ့  တစ်ဦးတည်းဆန္ဒပြပွဲ၊ ၈၈မျိုးဆက်သစ်ကျောင်းသားများအဖွဲ့ က ဦးဆောင်ခဲ့တဲ့ လမ်းလျှောက်ပွဲတွေမှာ နှောင့်ယှက်ဖမ်းဆီးခဲ့တာမက၊ မစုစုနွေးတို့ လို မိန်းမပျိုလေးတွေကိုတောင် ကာယအိနြေ္ဒထိခိုက်လောက်အောင် လူမြင်ကွင်းမှာ ဆွဲလားရမ်းလားနဲ့  မိုက်ရိုင်း ရမ်းကားပြခဲ့ကြတဲ့ သခင် ရှူးတိုက်တိုင်း ရမ်းဟောင်ကိုက်ဖဲ့ကြတဲ့ ခွေးသူရဲဆိုးတွေလို ရိုင်းစိုင်းခဲ့ကြတဲ့ ကြံ့ ဖွတ်တွေ စွမ်းအားရှင်တွေကို မျက်စိထဲ ပြန်မြင်ယောင်လာပါတယ်။
ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြနေခဲ့ကြတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေကို အကြမ်းဖက်နှိမ်နှင်းဖို့  အတွက် ရပ်ရွာထဲက အလေနတ်တော အခြေမဲ့ အနေမဲ့  ဆန်ကုန်မြေလေး ဆောင့်ကြွားကြွားနဲ့  ရုပ်ကိုက ကြည့်ရင် အော်ဂလီဆန်ချင်စရာ လူရမ်းကားတွေကို နအဖက အသုံးချဖို့အတွက် လူစုဆောင်းပြီး တစ်ရက် ငွေဘယ်လောက်နှုန်းနဲ့ ပေးပြီး၊ အရေးပေါ်လူရိုက်နည်းသင်ပြ၊ အရက်သေစာမူးယစ်ဆေးဝါးတွေ တိုက်ကျွေးပြီး လူရိုက်ရဲအောင် ဘုန်းကြီးရိုက်ရဲအောင် ရဲဆေးတွေတင်ပေးခဲ့ကြတယ်။ ဒီလို မိုက်ရိုင်းသူတွေသူကို ဆန္ဒပြတဲ့သူတွေဆီမသွားခင် သွေးကြွနေအောင်ဆိုပြီး အကြမ်းဖက်မြင်ကွင်းတွေပါတဲ့ ဗွီဒီယိုဇာတ်လမ်းတွေကိုပြ၊ ပြီးရင် နေ့ လည်စာအဖြစ် ဒန်ပေါက်ထမင်းတွေကျွေးနဲ့  ပြုစုပြီး ပေးတဲ့အမိန့် အတိုင်းလုပ်အောင် စည်းရုံးသွေးဆောင်ကာ စနစ်တကျ ခိုင်းစေခဲ့တယ်။
ဒီအရိုင်းအစိုင်း ကြံ့ ဖွတ်နဲ့  စွမ်းအားရှင်တွေက သာမန်လူတင်မက သံဃာတော်တွေကိုပါ ရိုက်နှက်စော်ကားလာတာတွေ့ ရတော့ သံဃာထုတစ်ရပ်လုံးက ပြည်သူတွေရှေ့ က မားမားမတ်မတ်ရပ်တည်လာတဲ့ အခါမှာတော့ မိုက်ရိုင်းနေတဲ့ (သတ္တိအမှန်မရှိတဲ့) ကြံ့ ဖွတ်နဲ့ စွမ်းအားရှင်တွေ အမြီးကုတ်ပြီး ရှေ့ မထွက်ရဲတော့ဘဲ ငြိမ်ကုပ်ကုန်ကြခဲ့တာ အများအမြင်အသိပါဘဲ။ စက်တင်ဘာလ နောက်ပိုင်း ဒီနှစ်ထဲမှာတော့ သူတို့ ရဲ့  ဘိုးအေ စစ်တပ်က လက်နက်အားကိုးနဲ့  ရှေ့ ကရပ်ပြလာတော့ ဒီ ကြံ့ ဖွတ်တွေ စွမ်းအားရှင်တွေ မရဲတရဲနဲ့  ခေါင်းပြန်ကြွလာကြပြန်တယ်။ မိဘပြည်သူနဲ့  သူတော်စင်ရဟန်းသံဃာတွေကို ထပ်မံစော်ကားလာကြပြန်တယ်။
ကြံ့ ဖွတ်တင်မက စွမ်းအားရှင်တွေသာမက ပြည်သူကမွေးပြီး ပြည်သူကကျွေးတဲ့၊ ပြည်သူ့ တပ်မတော်သား မပီသသူတွေဖြစ်တဲ့ နအဖကျေးကျွန်လက်ပါးစေ လက်နက်ကိုင်ယူနီဖောင်းဝတ်ထားသူတွေရော ပြန်လည်ရမ်းကားလာကြပြန်တယ်။
ဒီအရိုင်းအစိုင်းတွေဟာ တကယ်တမ်းမှာ လက်နက်ရှိနေလို့  အုပ်စုဖွဲ့ ထားလို့ သာ အနိုင်ကျင့်နိုင်တာပါ။ သူတို့ ကို ပြည်သူတွေက လက်နက်မရှိအောင်လုပ်မယ်၊ လက်နက်ခြင်း ယှဉ်ပြိုင်မယ်၊ အင်အားစုတွေ ဖွဲ့ စည်းပြီး တုန့် ပြန်မယ်၊ သူတို့ ကို နည်းလမ်းပေါင်းများစွာနဲ့  တစ်ယောက်ခြင်းစီ ခွဲထုတ်ပြစ်ပြီး တိုက်ထုတ်ပြစ်မယ်ဆိုရင် သူတို့ တွေ ပြေးဖို့ အရင်ပြင်ကြမယ့် သူရဲဘောကြောင်သူတွေ ဖြစ်ပါတယ်။ အကြမ်းဘက်ဖို့ ဝေးစွ ပြည်သူကို ရင်ဆိုင်ရဲမှာတောင် မဟုတ်ပါဖူး။
အကြမ်းဖက်မှုဆိုတာဟာ လက်နက်များဖြင့်ဖြစ်စေ၊ ခွန်အားဗလဖြင့်ဖြစ်စေ၊ အင်အားစုဖြင့်ဖြစ်စေ တစ်ဦးတစ်ယောက် (သို့ ) အစုအဖွဲ့ တစ်စုက လက်နက်မရှိသူ ခွန်အားဗလမရှိသူ အင်အားစုမရှိသူ တစ်ဦးတယောက် (သို့ ) အစုအဖွဲ့ တစ်စုကို ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ထိခိုက်နာကျင်ပျက်စီးစေရန် စတင် ပြလုပ်ခြင်းကို ခေါ်ပါတယ်။ ဒီလို စတင်ပြုလုပ်သူ (သို့ ) အစုအဖွဲ့ ကို အကြမ်းဖက်သူ (သို့ ) အကြမ်းဖက်အုပ်စုလို့  ခေါ်ဆိုပါတယ်။
ဒီလို သတ်မှတ်ချက်အရ ကြည့်ရင် နအဖရဲ့ အခိုင်းအစေ ကြံ့ ဖွတ်တို့  စွမ်းအားရှင်တွေ လုံထိန်းတွေက အကြမ်းဖက်သူတွေ အကြမ်းဖက်အုပ်စုတွေ ဖြစ်ကြပါတယ်။ ဒီလိုအကြမ်းဘက်သူတွေက အကြမ်းဘက်လာမှုကို ခုခံကာကွယ် ပြန်လည်တိုက်ထုတ်တာဟာ ပြည်သူတွေအတွက် အောင်ပွဲရမယ့် အခြေခံ ခြေလှမ်းဘဲ ဖြစ်တယ်။ ရန်ပြုသူကို ရဲရဲဝန့် ဝန့်  ခုခံတိုက်ထုတ်အောင်ပွဲခံခြင်းဟာ ရန်ပြုသူ နောက်နောင် ရန်ထပ်မပြုနိုင်အောင် အကောင်းဆုံး ကာကွယ်တားဆီး ဖယ်ရှားပြစ်ခြင်းလည်း ဖြစ်တယ်။
ရန်ကို ရန်ခြင်း မတုံ့ နှင်းနဲ ၊့ သည်းခံတရား ထားကြပါတို့ ဆိုတာ သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်နေတာမျိုးဆိုရင်တော့ မှန်ကောင်းမှန်လိမ့် ပေမယ့်၊ ဘီလူးအရိုင်းအစိုင်းနဲ့  ဖြစ်ရင်တော့ ဒီနည်းသုံးရင် အသက် ဘယ်ကထွက်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ပါဖူး။ ကာလံဒေသံ အချိန်အခါ နေရာ အခြေအနေပေါ်မှာ မူတည်ပါတယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာနဲ့ သည်းခံခြင်း ဖြစ်ပါတယ်။ ခေါင်းငုံ့ ခံတာနဲ့  သည်းခံတာ မတူပါဖူး။ ရန်ကို ရန်ခြင်းတုန့် ပြန်တာနဲ့  ရန်ကို ကာကွယ်ဖယ်ထုတ်တာနဲ့  မတူပါဖူး။ မဟတ္တမဂန္ဒီကြီးရဲ့  အကြမ်းမဖက် အနုနည်းနဲ့  သည်းခံခြင်းတရားဟာ လူ့ တန်ဖိုးကို လေးစားတဲ့ စည်းမျဉ်းစည်းးကမ်းကို လိုက်နာကျင့်သုံးတဲ့ ကိုလိုနီနယ်ချဲ့ ခောတ်က အင်္ဂလိပ်တွေကို တော်လှန်ဆန့် ကျင်တဲ့နေရာမှာ မှန်ကန်ပေမယ့်၊ လူတန်ဖိုးကို နားမလည်တဲ့၊ ဥပဒေဆိုတာ ပါးစပ်ကသာ ထွက်လေ့ရှိတဲ့ နအဖတွေကို သွားပြောလို့ ကတော့ ကျွဲပါးစောင်းတီးသာဖြစ်ပြီး မိမိလည်ပင်းကိုဖြတ်ဖို့  ကြည်ကြည်ဖြူဖြူ လည်စင်းခံပေးသလိုသာ ဖြစ်နေပါလိမ့်မယ်။
မြတ်စွာဘုရားရှင်တော်မြတ်တောင် မာရ်နတ်ရဲ့ ရန်အပေါင်းကို လက်တုန့် ပြန်ပြီးမှ အောင်မြင်မှုကိုရယူခဲ့ရလို့  အောင်ခြင်းရှစ်ပါးဆိုတာ မှတ်တမ်းအဖြစ် ယခုတိုင် ကျန်ရစ်နေဆဲပါ။ မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်းမှာလည်း မတရားအုပ်ချူပ်သူတွေကို ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့လို့  လွတ်လပ်ရေးဆိုတာ ရခဲ့တာပါ။ ခွေးကိုက်တာကို ဟဲ့  ခွေး သွားစမ်းလို့  ပြောဆိုမောင်းထုတ်မရတဲ့အခါ ဒီအတိုင်း ငြိမ်ပြီး ခွေးကိုက်ခံလို့ တော့ မရပါဖူး။
အကြမ်းဖက်မည့်ရန် အကြမ်းဖက်သည့်အန္တရာယ်ကို ခုခံကာကွယ်တာဟာ ဥပဒေအရဘဲဖြစ်ဖြစ် တရားမျှတမှုအရဘဲကြည့်ကြည့် လူတစ်ယောက်အတွက် ဆောင်ရွက်ပိုင်ခွင့်ရှိပါတယ်။ ဒီလိုခုခံတာကိုလည်း အကြမ်းဘက်တယ်လို့  သတ်မှတ်လို့ မရပါဖူး။ ကျရောက်မယ့် ဘေးအန္တရာယ်ကို ကာယအားဖြင့် အထိခိုက်မခံရအောင် ကာကွယ်တာပါ။ လိုအပ်ရင် အသက်ဘေးအန္တရာယ်ထိခိုက်စေလောက်တဲ့အထိ ရန်ပြုတိုက်ခိုက်မှုကို နောက်ထပ် အန္တရာယ်ထပ်ပြုလာလို့  မရအောင် ချေဖျက်ပြစ်သင့်ရင် ချေဖျက်ပြစ်တာဟာ တရားမျှတပါတယ်။
ထိုင်းနိုင်ငံမှာလည်း အခုဖြစ်နေတဲ့ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုပေမယ့် အုပ်ချူပ်သူတွေက အကြမ်းဘက်လာရင် ဘယ်လိုကာကွယ်ဖို့  လိုတယ်ဆိုတာ၊ ဘယ်လိုအကာအကွယ်တွေ ပြင်ဆင်ခဲ့ကြတယ်ဆိုတာ၊ ဘယ်လိုကာကွယ်နေကြသလည်းဆိုတာ ကျွန်တော်တို့  မြန်မာပြည်သူတွေအနေနဲ့  အကာအကွယ် နည်းလမ်းကောင်းတွေ ခုခံကာကွယ်နည်းတွေကို အတုယူရပါလိမ့် မယ်။ ငြိမ်းချမ်းစွာတော့ ဆန္ဒပြကြမယ်၊ သို့ သော် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပြသနေမှုအပေါ် ထိပါးအောင် လုပ်ကြံဖန်တီးပြီး အကြမ်းဖက်နှိမ်နင်းလာမယ်ဆိုရင်တော့ ဒီအတိုင်း ၀ံပုလွေရန်ကို ခေါင်းငုံ့ ခံနေတဲ့ ယုန်သူငယ်လို အဖြစ်ခံလို့ တော့ မရပါဖူး။ ကြောက်ရွံ့ ထိတ်လန့် ပြီး ထွက်ပြေးလို့  မရပါဖူး။ လည်စင်းခံခြင်း၊ ကြောက်ရွံ့ ထွက်ပြေးခြင်းဟာ အောင်မြင်မှုဘယ်တော့မှ ရမှာ မဟုတ်သလို ပိုမိုဆုံးရှုံးမှုတွေ နောက်ပိုင်းမှာ ဆက်တိုက်ကြုံတွေ့ ရတတ်ပါတယ်။
မြန်မာနိုင်ငံရဲ့  အာဏာရှင်ဆန့် ကျင်ရေး ဒီမိုကရေစီရရှိရေး လုထုတော်လှန်ရေးကြီးဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကာလအတွင်းတုန်းကလည်း အခု ကြံ့ ဖွတ်တို့  စွမ်းအားရှင်တို့  လိုမျိုး ရဲတွေ လုံထိန်းတပ်တွေက ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တာပါ။ ဒါကို သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်ဆုံးခဲ့တဲ့ ပြည်သူလူထုက လက်ရုံးရည်နဲ့  ပြန်လည်ရင်ဆိုင်ခဲ့တဲ့အခါမှာ ဒီ ရဲတွေ လုံထိန်းတပ်တွေ ဆက်လက်အကြမ်းမဘက်ရဲတော့ဘဲ နောက်ဆုတ်သွားခဲ့ရပါတယ်။
ဒီ့အပြင် ရာဇ၀တ်မှုနဲ့  ထောင်ကျနေတဲ့သူတွေကို ထောင်တွင်းကနေ ထုတ်ပြီး၊ ငွေပေး အစားအသောက်ပေးရုံသာမက စိတ်ပိုင်းဆိုင်ရာ သွေးကြွစေတဲ့ ရိုင်းစိုင်းစေတဲ့ နောက်ဆုံး အမိခံရရင်တောင် ကိုယ့်ကိုကိုယ် နှုတ်ပိတ်သတ်သေဖို့ အတွက် မူးယစ်ဆေးပြားတွေ တိုက်ပြီး ပေးထားပြီး ပြည်သူလူထုကို နှိမ်နင်းဖို့ ရော ပြည်သူတွေ သေကြေပျက်စီးအောင်ရော ခိုင်းစေခဲ့ပါတယ်။ ဆန္ဒပြနေသူတွေအကြား ဒါးနဲ့ ဝင်ထိုးတာတွေ၊ ပြည်သူတွေရဲ့  အစားအစာ သောက်သုံးရေတွေထဲ အဆိပ်ခတ်တာတွေ လုပ်လာတဲ့အထိ အာဏာရှင်တွေဘက်မှ အကြမ်းဘက်လာခဲ့ပါတယ်။ ဒါကို ကျောင်းသားပြည်သူ ရဟန်းသံဃာတွေ စုပေါင်းပြီး စနစ်တကျ ပြန်လည် ခုခံတုန့် ပြန်ခဲ့လို့  အာဏာရှင်တွေဘက်က စတင်ပြုလုပ်ခဲ့တဲ့ ဒီလိုအကြမ်းဘက်မှုတွေ ရပ်ဆိုင်းသွားခဲ့တာပါ။
မဆလ တစ်ပါတီအုပ်ချူပ်တဲ့ စနစ်ကျဆုံးပြီး အာဏာရှင်အုပ်ချူပ်မှုယန္တယား ပြိုကွဲတဲ့ကာလအတွင်းမှာ ကျောင်းသားပြည်သူတွေဟာ မိမိတို့  မြို့ နယ်ရပ်ကွက်တွေမှာ တုတ်တွေ ဒါးတွေကိုင်ပြီး မြို့ ရွာရပ်ကွက်အတွင်း လူဆိုးလူမိုက် ရမ်းကားသူတွေ အကြမ်းဘက်သူတွေ အာဏာရှင်ရဲ့ ဒလံသူလျှိုတွေ ၀င်ရောက်အန္တရာယ်ပေးလို့  မရအောင် ကာကွယ်ခဲ့ကြပါတယ်။ နောက်ဆုံး စစ်တပ်ကနေ လက်နက်အားကိုးနဲ့  အာဏာသိမ်းပြီး ထင်ရာစိုင်းကာ မဲမဲမြင်သမျှ ပြစ်ခတ်ခဲ့လို့ သာ ပြည်သူတွေရဲ့  ၁၉၈၈ ခုနှစ် ရှစ်လေးလုံးတော်လှန်ရေးဟာ အားမတန်လို့  မာန်လျှော့ခဲ့ရပါတယ်။ ဒါပေမယ့် ရှစ်လေးလုံးသွေးဟာ မခန်းခြောက်သေးပါဖူး။
ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ပြည်သူ့ တပ်မတော်သားတွေမှာသာ သေနတ်လက်နက်ပါလာခဲ့လို့  ရှိရင်၊ အဲ့ဒီအချိန်က အခြေအနေ အကြောင်းကြောင်းကြောင့် လက်နက်နဲ့ ပြန်လည်တုန့် ပြန်ရင်ဆိုင်မှု မလုပ်ဖို့ တားဆီးခဲ့ကြတဲ့ ပြည်သူ့ ခေါင်းဆောင်လူကြီးတွေရဲ့  စကားကို နာမခံခဲ့ ရင် အကြမ်းဘက်တဲ့ အာဏာရှင်လက်ပါးစေ စစ်အုပ်စုကို ပြန်လည်တုန့် ပြန်နိုင်ခဲ့မှာ ဖြစ်ပါတယ်။
အနှစ်ချုပ်ပြောရရင် အာဏာရှင်လက်ပါးစေတွေရဲ့  မတရားအကြမ်းဘက်တာကို ငြိမ်ခံရတော့မယ့် အချိန်၊ ခေါင်းငုံ့ ခံရတော့မယ်အချိန်၊ ကြက်ကလေး ငှက်ကလေးဖမ်းသလို အဖမ်းခံရတော့မယ့်အချိန်၊ ကျွဲနွားတိရစ္ဆာန်တွေ ညဉ်းပမ်းနှိပ်စက်သတ်ဖြတ်ခံရသလို ခံရတော့မယ့်အချိန် မဟုတ်တော့ပါဖူးဆိုတာ ပြည်သူလူထုကို အသိပေးလိုပါတယ်။
အာဏာရှင်တွေရဲ့  အာဏာရှင်လက်ပါးစေတွေရဲ့  မတရားအကြမ်းဘက်မှု သေးသေးကြီးကြီးကို မိမိတို့  နှလုံးရည်နဲ့ ဆန့် ကျင်တာမျိုးလောက်နဲ့  မလုံလောက်တော့ပါ။ လက်ရုံးရည်နဲ့  ဘယ်နည်းလမ်းနဲ့ မဆို ပြန်လည်တုန့် ပြန်ကြဖို့  အချိန်ကျပါပြီ။
ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းတဲ့ အာဏာရှင်နဲ့  လက်ပါးစေတွေ၊ အမျိုးသားလောက်ကောင်တွေ၊ ကိုယ်ကျိုးရှာ ပူးပေါင်းဆောင်ရွက်နေသူတွေကို လက်တွေ့  တိုက်ထုတ်ကြဖို့  အချိန်ကျပါပြီ။ အာဏာရှင် (သို့ ) အာဏာရှင်လက်ပါးစေ တစ်ဦးရရင် တစ်ဦးကို တိုက်ထုတ်ဖို့ က စရပါလိမ့်မယ်။
စစ်တွေမြို့ က ရဲဝန့် တဲ့ ရခိုင်အမျိုးသား အမျိုးသမီးများနဲ့  ရဟန်းသံဃာတွေရဲ့  ကြံ့ ဖွတ်၊ စွမ်းအားရှင်တွေ အာဏာရှင်လက်ပါးစေတွေအပေါ် ပြတ်ပြတ်သားသား ဆောင်ရွက်မယ့် လုပ်ရပ်တွေကို အခြားသော မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြည်သူတွေလည်း ထပ်တူထပ်မျှ လုပ်ဆောင်ကြဖို့  ဖြစ်ပါတယ်။
ပြည်သူတွေရဲ့  အင်အားကို တကယ်တမ်း နအဖ ရင်မဆိုင်နိုင်ပါဖူး။ နအဖနဲ့  လက်ပါးစေတွေကို လက်ရုံးရည်နဲ့  ရင်ဆိုင်ကြပြီဆိုရင်၊ နအဖဗိုလ်ချူပ်တွေရဲ့  မတရားတဲ့အမိန့် အောက်မှာ နေနေကြရတဲ့ အောက်ခြေအကြပ်တပ်သား စစ်ဗိုလ်ငယ်များလည်း ပြည်သူုနဲ့  ပူးပေါင်းလာကြမှာ အမှန်ပါ။
မြန်မာပြည်သူတွေ ငြိမ်းချမ်းစွာနဲ့  လက်ရုံးရည်ဖြင့် မတုန့် ပြန်သော နည်းလမ်းပေါင်း မြောက်မြားစွာကိုသုံးခဲ့ ကြိုးစားခဲ့ကြတာ နှစ်ပေါင်းမြောက်မြားစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။ မြန်မာပြည်သူတွေ မျှော်လင့်စောင့်စားနေခဲ့ကြတဲ့ မြန်မာပြည်အရေး ကူညီဖြေရှင်းပေးမလားဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂနဲ့  အိမ်နီးချင်းနိုင်ငံတွေကလည်း လက်တွေ့ မှာ ဘာမှ မလုပ်ပေးနိုင်ရုံသာမက နအဖအာဏာရှင်ရဲ့ လှည့်ကွက်အောက်မှာ ရောက်ကာ နအဖအလိုကျ စကားတွေပြောနေကြပြီး၊ နအဖနဲ့  ပူးပေါင်းဆောင်ရွက် အမြတ်ထုတ်ဖို့ လောက်ဘဲ ဖြစ်နေကြတာ ပြည်သူအများ အသိဖြစ်ပါပြီ။ ဒီ့အတွက် နိုင်ငံတကာက သူ့ အလုပ် သူဘယ်လိုဘဲ လုပ်လုပ်၊ မြန်မာပြည်သူတွေကလည်း ကိုယ့် အားနဲ့  ကိုယ် လုပ်သင့်တာတွေကို အဓိကထားလုပ်ဖို့ ဘဲ လိုအပ်ပါတယ်။
အကြမ်းဖက်နှိမ်နှင်းမှုတွေကို ခုခံကာကွယ်ဖို့  ကြိုတင်ပြင်ဆင်မှုတွေကို လေ့လာကြပြီး၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေအပေါ် နအဖနဲ့  နအဖဘက်တော်သားများမှ မတရား အကြမ်းဖက်လာမယ်ဆိုလျှင် လိုအပ်သော တုန့် ပြန်ဆောင်ရွက်မှုတွေကို လုပ်ဆောင်ကြဖို့  အချိန်ကာလနဲ့  အခြေအနေက စကားပြောနေပါပြီဆိုတာ တင်ပြလိုက်ပါတယ်။
မတရားတဲ့ အမိန့် အာဏာဟူသမျှ ဖီဆန်ကြ။
မတရားတဲ့ ဖမ်းဆီးမှု အကြမ်းဘက်ဖြိုခွင်းမှုမှန်သမျှ ခုခံကာကွယ် လက်တုန့် ပြန်ကြ။
အာဏာရှင်ဘက်တော်သား အမျိုးသားသစ္စာဖောက်လောက်ကောင်မှန်ရင် ရှင်းထုတ်ကြ။
No comments:
Post a Comment