Thursday, September 18, 2008

တစ်ပေါက်ပေါက် တစ်ပေါက်ဖာပါ ပြောတဲ့ နအဖ၀န်ကြီးချူပ် သိန်းစိန်။

အင်မတန်ချော်တဲ့ နအဖ၀န်ကြီးချူပ် သိန်းစိန်ပါ။ မှတ်သားလောက်စရာ စကားများကို မှာကြားနေတာ အခုလည်း နောက်ထပ်မှာကြားပါသေးတယ်။















ရန်ကုန်-ပုသိမ်လမ်းကို ထိန်းသိမ်းပြုပြင်ဖို့ အတွက်တဲ့ လမ်းတွေကို တစ်ပေါက်ပေါက် တစ်ပေါက်ဖာစနစ်နဲ့  ပြုပြင်ဖို့  မှာကြားပါတယ်။ နိုင်ငံတစ်နိုင်ငံကို အုပ်ချူပ်နေတဲ့ ၀န်ကြီးချူပ်အဆင့် နေရာယူထားသူတစ်ဦးက လမ်းညွန်ပြောကြားလိုက်တဲ့ စကားက နအဖတွေရဲ့ အရည်အချင်းရော၊ နအဖတွေရဲ့  စီမံခန့် ခွဲမှုတွေကိုရော၊ နအဖလက်အောက်က တိုင်းပြည်ရဲ့ အခြေအနေကိုရော တစ်ခါတည်း မြင်သာအောင် မီးမောင်းထိုးပြလိုက်တာပါဘဲ။

နအဖခောတ်မှာ နေ့ မြင်ညပျောက်ဆိုသလို ဟုတ်ပြီးဆိုပြီ တာဝန်ပေးခိုင်းစေလိုက်တဲ့ ၀န်ကြီးချူပ်အသီးသီးထဲမှာတော့ သိန်းစိန်က အချာဆုံး အညံ့ဆုံးလို့ ပြောရတော့မှာဘဲ။

နအဖအုပ်ချူပ်ရေးစနစ် ဘယ်လောက်ညံ့ဖျင်းကြောင်း ပြောလိုက်တဲ့ စကားက သက်သေပြလိုက်တာမှ ပေါ်တင်ကြီးလို့  ပြောရမှာပါ။ လမ်းတွေပြင်ရမယ့် ၀န်ထမ်းတွေတော့ ဒုက္ခရောက်တော့မှာပါဘဲ။

လမ်းမတွေရဲ့ သဘောသဘာဝအရ ပေါက်နေတဲ့နေရာလောက်ကိုဘဲ တစ်နေရာထဲ ကွက်ဖာရင် နဂိုက ခင်းထားတဲ့ ကတ္တရာတို့ ၊ အင်္ဂတေကျောက်တို့ နဲ့  နောက် ဖာတဲ့ကတ္တရာတို့  အင်္ဂတေတို့  မတူညီမှုကြောင့်ရော၊ သံဂဟေဆက်သလို မဟုတ်တဲ့အတွက် အဲ့ဒီဖာထားတဲ့နေရာတွေက ဘေးနခမ်းတွေ ပြန်ပြီးပဲ့ထွက်ကုန်ပြီး အပေါက်တွေ ပြန်ဖြစ်တတ်တယ်ဆိုတာ သိန်းစိန်ခင်မျာ နားမလည်ရှာဖူး။ နောက် လမ်းတွေဟာ ဖာရာတွေနဲ့ ဖြစ်ပြီး လမ်းကောင်းမွန်ခိုင်ခံ့မှုဟာ ရေရှည်မခံဖူး၊ လမ်းတွေမှာ ကောင်းမွန်တဲ့ စံချိန်မှီ အရည်အသွေးမရှိလို့  ယာဉ်တိုက်မှုတွေဖြစ်ပွားစေဖို့  ပံ့ပိုးပေးနေတယ်ဆိုတာ သိန်းစိန်တစ်ယောက် ဦးနှောက်မရှိ ပညာမရှိ အတွေးအခေါ်မရှိလို့  မသိရှာဘဲ ပါးစပ်ထဲတွေ့ တဲ့ အလုံးနဲ့  ဟုတ်ပြီဆိုပြီး ညွန်ကြားပြောကြားလိုက်တာက ကြားရသူတိုင်းအတွက် ပြောင်မြောက်တဲ့ ဟာသတစ်ခုပါဘဲ။

သန်းရွှေတို့  မောင်အေးတို့ လက်အောက်ထွက်ဆိုတော့ ဒီလိုအရည်အချင်းဘဲ ရှိတယ်ဆိုတာ စကားထဲက ဇာတိပြလိုက်တာပါဘဲ။

ဖွံ့ ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် လမ်းတွေပြင်တာများ နေ့ ချင်းအပြီး ပြင်ဆင်နိုင်တယ်။ လမ်းမကြီးတွေ တစ်ခုလုံးကို ပြင်တဲ့နေရာတွေမှာ သိန်းစိန်ပြောသလို တစ်ပေါက်ပေါက် တစ်ပေါက်ဖာသာလုပ်နေရင် ပြည်သူလူထုရဲ့  သဘောမကျမှုကို ခံရရုံသာမက၊ နိုင်ငံတော်ဂုဏ်သိက္ခာပါ တစ်ပြားမှ ကျန်မှာ မဟုတ်ဖူး။

လမ်းမတွေ ပေါက်ပြဲနေတာ၊ လမ်းအနိမ့်အမြင့် မညီတာ၊ ယာဉ်တိုက်မှုကို ဖြစ်စေနိုင်တဲ့ လမ်းပြေပြစ်မှု မရှိတာတွေကြောင့်ဆိုရင် အဲ့ဒီလမ်းမကြီး တစ်ခုလုံးကို အောက်ခြေတစ်ခုလုံး တောက်လျှောက် ခွာထုတ်ပြီး၊ မြေကြီးတွေ ညီအောင်ပြန်ဖို့ ၊ ပြီးရင် ကတ္တရာပြန်ခင်းလုပ်လေ့ရှိပါတယ်။ နောက် အင်္ဂတေကျောက်ပြားတွေ ခင်းထားတဲ့ လမ်းကို ပြန်ပြုပြင်ရမယ် ဆိုရင်လည်း၊ အင်္ဂတေကျောက်ပြားတစ်ချပ်လုံးကို ဖယ်ထုတ်လိုက်ပြီး ကျောက်ပြားချပ်အသစ်တွေနဲ့  အစားထိုးတာတွေ လုပ်လေ့ရှိပါတယ်။

သိန်းစိန်ကို အကြံပေးချင်ပါရဲ့ ။ စက်မှုတက္ကသိုလ်မှာ နှစ်ပေါင်းမြောက်မြားစွာနဲ့  ပညာကိုသင်ယူပြီးမှ လက်တွေ့ လေ့လာမှုတွေနဲ့  လမ်းတံတားဆောက်လုပ်ရေးကို လုပ်ကိုင်နေကြတဲ့ ပညာတတ် အင်ဂျင်နီယာများထံမှာ သွားရောက်ပြီး အောက်ကျို့ ခံကာ လေ့လာသင်ယူပါဦးလို့ ။

အရှင်မွေးလို့  နေ့ ချင်းကြီးလာလို့ သာ ၀န်ကြီးချူပ် တက်လုပ်နေတဲ့ သိန်းစိန်ကို ပြောပြရမှာကတော့ လမ်းပြုပြင်ရေးတွေတင်မက တိုင်းပြည်ကို ဘယ်လိုအုပ်ချူပ်ရတယ်ဆိုတဲ့ ပညာတွေ၊ နိုင်ငံခေါင်းဆောင်တစ်ယောက်ဆိုတာ ဘယ်လို အဆင့်အတန်းရှိရှိ သိက္ခာရှိရှိနဲ့  ကိုယ်ရဲ့ အရည်အချင်းကို ဖေါ်ကျူးတဲ့စကား တိုင်းပြည်ရဲ့ ဂုဏ်သိက္ခကို မြင့်မားစေမယ့်စကားမျိုး ဘယ်လိုပြောကြားရတယ်ဆိုတဲ့ သိရအောင် တတ်ရအောင် အတတ်ပညာတွေ အသိပညာတွေကို အချိန်ယူပြီး လေ့လာဆည်းပူးပါဦးလို့ ။

နို့ မဟုတ်ရင်တော့ တပည့်မကောင်း ဆရာ့ခေါင်းဆိုတာလိုဘဲ သန်းရွှေတို့  မောင်အေးတို့  အမျက်တော်ထွက်လို့  ဖြုတ်ထုတ်သတ်ထဲ ပါသွားဦးမယ်။ ဒါမှမဟုတ်လည်း မှတ်သားစကားတွေ မိန့် ချွေတတ်လေ့ရှိတဲ့၊ ရပ်ကွက်ထဲမှာ ပြောလေ့ရှိတဲ့ “ကိုပေါလို့  အများခေါ်တဲ့ ပေါချာချာ လူတစ်ယောက်ရယ်” ဆိုတာ သိန်းစိန်တစ်ယောက် ခပ်ပေါပေါ ညံ့ဖျင်းဖျင်း ၀န်ကြီးချုပ်အဖြစ် ပြည်သူတွေရဲ့  သြဘာပေး ကဲ့ရဲ့ ခြင်းကို ဆက်ခံနေရဦးမယ်ဆိုတာ အသိပေးလိုက်ပါတယ်။

(ဒီအောက်ဘက်မှာ ဖေါ်ပြထားတဲ့ပုံကတော့ အခြားနိုင်ငံတွေမှာ လမ်းတွေပြင်လို့ ရှိရင် ပျက်နေတဲ့ တစ်ပေါက်လောက်ကို ကွက်မဖာဘဲ သေသေချာချာ ပြင်ဆင်နေတာကို သိန်းစိန် မမြင်ဘူးရင် မြင်ရအောင် ပြလိုက်ပါတယ်)။

No comments: