ဝမ်းနည်းသတင်း - ဒီမိုကရေစီ ဘက်တော်သားတစ်ဦး ဦးဟန်လင်း ကွယ်လွန်သွားခြင်း။
ABSDF ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦးဖြစ်တဲ့ ဦးဟန်လင်း ဟာ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့  နံနက်(၂) နာရီ (၄၃) မိနစ်မှာ ကွယ်လွန်သွားပါတယ်၊ ကျနော်တို့ အနေနဲ့ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း ကျန်ရစ်သော မိသားစုဆွေမျိုးများကို အသိပေးအပ်ပါတယ်။
ဦးဟန်လင်း ဟာ အမိမြန်မာပြည် ဒီမိုကရေစီ နဲ့ ငြိမ်ချမ်းရေး ရရှိရေးအတွက် သူတတ်စွမ်းသမျှ တိုက်ပွဲဝင်ခဲ့သူ တဦးဖြစ်ကြောင်း သူဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းက ပြသနေပါတယ်။
အမိမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် အစဉ်မပြတ် ကြိုးစားခဲ့သော ဦးဟန်လင်းအား အလေးပြု ဂုဏ်ပြုအပ်ပါတယ်။
(ထိုင်း မြန်မာနယ်စပ်ဒေသတစ်နေရာတုန်းက ဦးဟန်လင်းနှင့် မိသားစု ဓါတ်ပုံတစ်ပုံအား ပြန်လည်ဖေါ်ပြရင်းဖြင့် ဒီမိုကရေစီတိုက်ပွဲဝင်သူရဲကောင်းတစ်ဦး အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်)။
No comments:
Post a Comment