Sunday, September 28, 2008

အောက်ခြေအကြပ်တပ်သားတွေ အထက်အရာရှိဆိုးတွေရဲ့ မတရား ကြီးနိုင်ငယ်ညှဉ်းလုပ်ကြတာကို ခေါင်းငုံ့ မခံကြပါနဲ့ ။

ရန်ကုန်တိုင်း လှည်းကူးမြို့  နယ်ရှိ စစ်လက်နက်တပ် ( စ န ရ - ၁ ) တပ်အတွင်း ၌ တပ်ရင်းမှုး ဖြစ်သူ ၏ လာဘ်စား မှု့ ၊ အောက်လက်ငယ်သားများအပေါ် နိုင်ထက်စီးနင်း ဆက်ဆံမှု့ တို့  ကြောင့်  တပ်တွင်း မကျေလည်မှု့ များ ကြီးမားလာလျှက်ရှိနေပါသည်။ တပ်တွင်း နေထိုင်ကြသော သာမန်စစ်သည်များသည် ( ဖက်ထိပ် ) ခေါ် အပါတ်စဉ် စနေ နေ့  တပ် တွင်း လုပ် အား ပေး ခိုင်းစေမှု့  များအား တင်းကျပ်စွာ စေခိုင်းခြင်း ခံနေရပြီး ၊ အကြောင်းတခုခုကြောင့် မလုပ်နိုင်ခဲ့သည်ရှိသော် ထိုတပ်သားနှင့်  ပါက်သတ်သည့်  မိသားစုဝင်များမှ လုပ်ဆောင်ပေးရပါသည်။

အကယ်၍ မိသားစုဝင်များမှာ မလုပ်နိုင်ခဲ့သည်ရှိသော် အဌားလူစား ထည့် ပေးမည်ဟု ဆိုကာ တပတ်အတွက် ( ၅၀၀ ) ကျပ် မဖြစ်မနေပေးရသည်ဟု သိရပါသည်။ ထို့ အပြင် တပ်သားများ၏ လစာ မှနေ၍ တလလျှင် ( ၁၀၀၀-ကျပ် ) အား တပ်သားသစ် စုဆောင်းရန်အတွက်ဟုဆိုသည့်  အကြောင်း ပြချက်ဖြင့်  လစာထဲမှ ဖြတ်ယူခြင်း ခံနေရပါသည်။

အခြားသော အကြောင်းပြချက် အမျိုးမျိုးဖြင့် လည်း လစာဖြတ်ယူခြင်းများ ရှိနေပါသေးသည်။ သာမာန်ရိုးရိုး တပ်သားတဦး လစာငွေသည် ကျပ်သုံးသောင်း စွန်းစွန်းမျှသာ ဖြစ်သည့်အထဲမှ ဤကဲ့သို့  အကြောင်းပြချက်များဖြင့်  လစာဖြတ်မှု့ များကြောင့်  တပ်သားတဦး၏ လစာငွေသည် တလလျှင် နှစ်သောင်းခွဲ ၀န်းကျင်မျှသာ ရရှိပါသည် ။ တပ်မတော် အရှိကြီးများအဖို့  လစာငွေမှာ ကျပ်သိန်းနှင့်  ချီ ၍ ရရှိနေသော်လည်း သာမန်တပ်သားများမှာ အခွင့် လစာနည်းရအထဲမှ အကြောင်းအမျိုးမျိုးကြောင့်  လစာဖြတ်ယူခြင်းများ ခံနေရပါသည် ။

ထို့ အပြင် တပ်မိသားစုဝင်များ နေထိုင်ကြသော တန်းလျှားများ၊ အိမ်ဝန်းများအတွင်းရှိ သီဟို၊ သရက် ၊ ပိန္နဲ၊ မာလကာ အစရှိသည့်  သစ်ပင်များ သီးပွင့် ချိန်တွင်လည်း အပင်အမျိုးစားကို လိုက်၍ တပ်ရင်း သို့ အခွန်ငွေသဘောမျိုးဖြင့် ပေးရပြန်ပါသည်။ သီဟိုပင်တပင်အတွက် ကျပ် ၁၀၀၊ သရက်ပင် တပင်အတွက် ကျပ် ၅၀ စသည်ဖြင့် ပေးသွင်းရပါသည်။

မြေပေါ်တွင် ရှင်သန်ကြီးထွားနေ ကြပြီး သဘာဝတရားက ပေးသော အသီးအနှံ့ တို့ ကိုပင် အခွန်အခ ပေးပြီး ခူးဆွတ်စားသုံးနေကြရသည့် အတွက် အောက်ခြေတပ်သားများ၏ မကျေနပ်မှု့ တို့ သည် ပိုမိုကြီးထွားလာနေကြပါသည်။

ထို့ အပြင် နာဂစ်လေမုန်တိုင်းကျရောက်ပြီးချိန်တွင် လဲပြိုခဲ့သော သစ်ပင်ကြီးများအား တပ်ရင်းမှူး ဖြစ်သူနှင့်  အပေါင်းအပါ အောက်လက်ငယ်သားအချို့ တို့ သည် အထက်သို့  စာရင်းအနည်းငယ် မျှသာ တင်ပြကြပြီး လဲပြိုခဲ့သော သစ်ပင်ကြီးအများအပြားအား လှည်းကူမြို့  နယ်တွင်းရှိ သစ်ကုန်သည်များသို့  တဖက်လှည့်ဖြင့်  ပြန်လည်ရောင်းချရာ ငွေကျပ် သိန်းပေါင်း အမြောက်အများ ရရှိခဲ့သည်ဟုလည်း သိရပါသည် ။

ထိုသို့ တပ်မတော်အတွင်း၌ ကြီးနိုင်ငယ်ညှင်းဟူသော စနစ်ဆိုး တစတစ ကြီးထွားလာနေသည်ကို အောက်ခြေ တပ်သားများနှင့် မိသားစုများက ခေါင်းငုံခံ မနေကြ ပဲ အမြန်ဆုံးဖော်ထုတ်ကြပါရန် အထူးတိုက်တွန်းလိုက်ရပါသည်။

No comments: