ဖမ်းဆီးခံနေရတဲ့ 88 မျိုးဆက်ကျောင်းသားတွေကို မိသားစုတွေနဲ့  တွေ့ ဆုံခွင့်ရက် လျှော့ချ။
88 မျိုးဆက်ကျောင်းသားတွေက သူတို့တွေကို ရုံးထုတ်စစ်ဆေးတဲ့အခါ အများပြည်သူလာရောက်နားထောင်ခွင့်ပေးဖို့ကို နအဖကို တောင်းဆိုထားတာ အားလုံးအသိပါ။
ဒါပေမယ့် နအဖဟာ မလိုက်ရောတဲ့အပြင် ယနေ့ (၃.၁၀.၂၀၀၈) တွင် မိသားစုများရုံးထုတ်မှပြန်အထွက် ထောင်ဘူးဝအရောက်တွင် အ.က.စ အရာရှိတစ်ဦးမှ နောင် တနလာင်္မှ သောကြာနေ့များတွင် လာစရာမလိုတော့ဘဲ၊ စနေ(သို့) တနင်္ဂနွေ တရက်ရက်တွင်သာ လာကြရန် ပြောဆိုလိုက်ပါတယ်။
ဒါဟာ ဘာသဘောလည်းဆိုရင် 88 မျိုးဆက်ကျေင်းသားအဖွဲ့၏ မိသားစုဝင်များအားလည်း လာရောက်နားထောင်စရာ မလိုတော့သောသဘောပင်ဖြစ်သည်။
အရင်က 88 မျိုးဆက်ကျောင်းသားများအား ရုံးထုတ်ရက်သည် တနလာင်္၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့များ ဖြစ်ပါတယ်။ မိသားစုများ သွားရောက်နားထောင်၍ ရပါတယ်။
ယခုတော့ အများပြည်သူများ သွားရောက်နားထောင်ဖို့ နေနေသာသာ မိသားစုများပင် သွားရောက် နားထောင်ခွင့်မရတော့အောင် ပိတ်ပင်လိုက်ခြင်း ဖြစ်ပါတယ်။
နအဖရဲ့  ဒီလုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေးကို ဗြောင်ကျကျ ထပ်မံချိုးဖောက်ခြင်း ဖြစ်ပါတယ်။ 88 မျိုးဆက်ကျေင်းသားအဖွဲ့၏ မိသားစုများမှလည်း ကျေနပ်ခြင်းမရှိ ကြကြောင်း ကြားသိရပါတယ်။
ဒီလိုအခြေအနေ ဖြစ်ပေါ်နေတာကို မိတ်ဆွေတို့ အနေနဲ့  မြန်မာပြည်သူများနဲ့  ကမ္ဘာက သိအောင် အသိပေးပြောဆိုပေးကြပါ။
No comments:
Post a Comment