Tuesday, October 7, 2008

သခင်အားရအောင် ကိုက်ပြနေသော ကျွန်ခွေးများအကြောင်း (ထပ်မံဖြည့်စွက် ဖေါ်ပြချက်)။

ကိုထိုက်ဘလော့မှာ ရေးထားတဲ့ (မ)တရားသူကြီး တွေအကြောင်းဖတ်ရပြီးနောက် ထပ်မံ ဖြည့်စွက်ဖေါ်ပြလိုလို့  ထပ်ရေးသား ဖေါ်ပြလိုက်ပါတယ်။

ကိုထိုက်ဘလော့မှာ ရေးထားဖေါ်ပြထားတာတွေကတော့ - ကျောက်တံတားမြို့နယ်၊ အထူးအာဏာရ (မ)တရားသူကြီး ဒေါ်ညွန့်ညွန့်ဝင်း၊ (သင်္ကန်းကျွန်းမှ ကိုမြသန်းထိုက်အား နအဖ အလိုကျ ဥပဒေမဲ့ မတရား အမိန့်ချသူ)။

မြောက်ဒဂုံမြို့နယ်၊ (မ)တရားသူကြီး ဒေါ်မြမြဆွေဆိုသူက ကိုသားကြီး ၈၈ မျိုးဆက်ကျောင်းသား၏ အမှုတွင် နအဖ အလိုကျ ဥပဒေမဲ့ မတရား အမိန့်ချသူ ဖြစ်ပါတယ်။ (ထို့ အပြင် ထိုအမှုကို တရားလို သက်သေလုပ်ခဲ့သူက ရဲအုပ် ဟန်စိန်)။

အင်းစိန် ထောင်တွင်းမှ (မ)တရားသူကြီး ဦးစိန်လှဆိုသူက (ကုန်ဈေးနှုံး ကျဆင်းရေး ဆန္ဒပြသူ ကိုစိုးမြင့်ထိန်၏ အမှုတွင် နအဖ အလိုကျ ဥပဒေမဲ့ မတရား အမိန့်ချသူဖြစ်ပါတယ်)။

အထက်က ကိုထိုက်ဘလော့မှာ ဖေါ်ပြခဲ့တာတွေကို အောက်ပါအတိုင်း ထပ်မံဖြည့်စွက် ဖေါ်ပြလိုက်ပါတယ်။

သူတို့တွေအပြင်…

တရားသူကြီး၊ ဥပဒေအကြံပေးအရာရှိ၊ စခန်းမှူးနှင့် အမှုစစ်(အိုင်အို) စတာတွေဟာ အတူတူတွေပါဘဲ။ အမှုတစ်ခုဖြစ်ရင် ပထမဆုံး ငွေ စရတာက (ဂတ်စာရေး)၊ ဒုတိယက စခန်းမှူး ၊ ပြီးရင် ထိုအမှုကိုင်ရတဲ့ အိုင်အို ၊ အိုင်အို ကနေ တဆင့် ဥပဒေအကြံပေး၊ အကြံပေးကနေတဆင့် တရားခွင်စာရေး၊ တရားခွင်စာရေးမှတဆင့် (မ)တရားသူကြီးတို့  ဖြစ်ပါတယ်။

တရားခွင်စီရင်ရေးဆိုတာ တရားသူကြီးလက်ထဲမှာ ရှိတာပါ။ ရာဇသတ်ကြီး မှာ ဖော်ပြထားတာက အနည်းဆုံးငွေဒဏ်ကနေ အများဆုံး ထောင်ဒဏ်(ဘယ်လောက်) အထိလို့ သတ်မှတ်ပြီးသားပါ။ ဒ့ါကြောင့် (မ)တရားသူကြီးတွေက တချို့ငွေရလိုတဲ့အမှုဆိုရင် ငွေဒဏ်နဲ့ပြီးသွားတာတွေက အများကြီးပါ။

အပေါ်က ဖော်ပြထားတဲ့ (နိုင်ငံရေး) အမှုတွေ ကျတော့ (မ)တရားသူကြီးတွေက ငွေမှ မရတာ။ တရားမမှု နိုင်ချင်ရင် (မ)တရားသူကြီးက အစ နောက်ဆုံး စစ်အစိုးအလိုကျ ဖွဲ့စည်းပုံအခြေခံမူရေးတဲ့ (မ)တရားသူကြီးချုပ် ဦးအောင်တိုးအထိ ငွေအနည်းဆုံး သိန်း(၂၀) ကနေ စပေးရပါတယ်။

(မ)တရားသူကြီးချုပ် ဦးအောင်တိုးဆီကို ငွေပေးချင်ရင်တော့ (မ)တရားသူကြီးချုပ် ရဲ့တူမကနေတဆင့် ပေးနိုင်သလို၊ တိုင်းတရားရုံးရှေ့က အမှတ်(၅၀) ဘဏ်လမ်းမှာရှိတဲ့ ရှေ့နေ အမျိုးသမီးတွေကနေတဆင့် ပေးနိုင်ပါတယ်။

ရာဇ၀တ်မှုဆိုရင်တော့ အာမခံရတဲ့(ပုဒ်မ) ဖြစ်အောင် ဥပဒေအရာရှိကို ငွေပေးရတယ်။ တချို့တရားလိုတွေကလဲ တရားခံကို အာမခံ မရတဲ့ပုဒ်မဖြစ်အောင် ငွေပေးရတယ်။ (မ)တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ ရှေ့နေချုပ် ဦးလွန်းမောင်ကအစ မကောင်းမှတော့ ကျန်တဲ့(မ)တရားသူကြီးတွေနဲ့ ဥပဒေအကြံပေးလဲ ဘယ်မှာ သွားကောင်းနိုင်တော့မှာလဲ။

ဒါအပြင် ရဲလဲ ဘာထူးမှာလဲ နယ်ထိန်းကစပြီး ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးအဆုံး ဘယ်မှာကောင်းလို့လဲ။ နယ်ထိန်းဆိုရင် နှစ်လုံးထီကအစ ဖာသည်အဆုံး သူတို့အခေါ်(လိုင်းကြေး) လိုက်တောင်းတယ်။ သူတို့ ကိုယ်တိုင် မတောင်းရင်လဲ ရဲဖားတွေက လိုက်တောင်းတယ်။ နောက်ပြီး စခန်းမှူးအိမ်အတွက်ဆိုပြီး နှစ်လုံး၊သုံးလုံး ဒိုင်တွေဆီမှာ ငွေတောင်းတယ်။ မပေးရင်တော့ စီမံချက်ဆိုပြီး ဖမ်းတော့တာဘဲ။

ရဲဆိုရင်ဘယ်ရဲမှ မကောင်းပါဘူး ။ သူတို့တွေ ရဲ့အပြစ်တွေကို ကာကွယ်ချင်ရင် လှည့်လာတာကတော့ ကျွန်တော်တို့လို ပြည်သူတစ်ရပ်လုံးအတွက် ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ ကျောင်းသားတွေရယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဆီကိုပါ။

အဲဒီလူတွေအားလုံးအား သခင်အားရအောင် ကိုက်ပြနေသော ကျွန်ခွေး တွေပါ။

ဒါပေမဲ့ သူတို့ရဲ့သခင်ကြီးဖြစ်သူ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းရှင်လူတွေရဲ့သွေး မြေကျအောင် လုပ်ခဲ့တဲ့ အာဏာရူးကြီး မှူးကြီးသန်းရွှေဟာလဲ လူသတ်သမား နေ၀င်း ၊ ၈၈ လူသတ်သမား စောမောင် နဲ့ ဒီပဲယင်း လူသတ်သမား စိုးဝင်းနောက် သူလုပ်ခဲ့တဲ့ အကုသိုလ်ကံ မကောင်းမှုတွေနှင့်အတူ မကြာခင် အချိန်အတွင်း မှာ လိုက်ရတော့မှာဖြစ်ကြောင်း ဒေါ်ကြိုင်ကြိုင်၏မောင် ဗိုလ်မှူးချုပ် မင်းနိုင်(ဆေးဘက်ဆိုင်ရာအကြံပေး) ထံမှ သတင်းအတိအကျ ရပါတယ်။

နောက်ပြီး အမျိုးသာသနာကို စော်ကားနေပြီး သခင်အားရအောင် ကိုက်ပြနေသော ကျွန်ခွေး တွေဟာလဲ မကြာခင်အချိန်အတွင်းမှာ ဘုရားဆုံးမတာကို ခံရတော့မှာပါ ကျိန်းသေပါဘဲ။

(ရေးသားသူ - ၈၈ ကျောင်းသားဟောင်းတစ်ဦး)။

No comments: