Monday, October 6, 2008

ပြည်သူလူထုအတွက် မိုးလေ၀သ သတင်းလေး မှန်မှန်ကန်ကန် တိတိကျကျနဲ့  အချိန်မှီ ထုတ်ပေးစေလိုပါတယ်။ မမှန်မကန်သတင်းနဲ့  ခြောက်လှန့် တာမျိုးလည်း မဖြစ်စေချင်ပါ။


















မန္တလေးမြို့ တွင် (၁၃.၁၀.၀၈) မှ (၁၅.၁၀.၀၈) အတွင်း မုန်တိုင်းရှိသည်ဟုဆိုကာ မိုး၊လေ၀သနှင့် ဇလဗေဒဌာနမှ သင်္ဘောများကို သိရှိကြောင်း လက်မှတ်လိုက်ထိုးခိုင်းနေပါကြောင်း သိရှိရပါတယ်။ ထို့ အတူ ရန်ကုန်မြို့ သို့ လည်း နောက် (၄၈) နာရီအတွင်း မုန်တိုင်းဝင်မည်ဟု ပြောဆိုနေပါတယ်။

ယခုလို ရက်အတော်ကွာခြားနေတဲ့ မိုးလေ၀သ အခြေအနေ အတိအကျပြောနိုင်တဲ့ နအဖရဲ့  မိုးလေ၀သနဲ့  ဇလဗေဒဌာနကိုတော့ ဟုတ်ပါ့မလား မောင်ကာလုရယ်လို့ သာ မေးလိုက်ချင်ပါတယ်။

နာဂစ်မုန်တိုင်းလို ကြိုသိနိုင်တဲ့ မိုးလေ၀သမျိုးကြတော့ နောက်ကျပြီးမှ သတင်း မပြည့်မစုံထုတ်ပြန်တဲ့ မိုးလေ၀သနဲ့  ဇလဗေဒဌာနက အခုကျတော့ မြန်မာပြည် အလည်ပိုင်းမှာ မုန်တိုင်းရှိပါတယ်ဆိုပြီး မြစ်တွင်းသွားလာနေတဲ့ သင်္ဘောတွေကို လက်မှတ်လိုက်ထိုးခိုင်းနေတာကတော့ အတော့်ကို ရီစရာ ပျက်လုံးတစ်ခုပါဘဲ။

မည်သည့်သဘောနဲ့  တစ်ပတ်လောက်လိုတဲ့ မိုးလေ၀သအခြေအနေကို အတိအကျပြောဆိုပြီး (မှန်ကန်လား မမှန်ကန်လား မသိနိုင်တဲ့ အခြေအနေကို) ထုတ်ပြောပြီး လက်မှတ်ထိုးခိုင်းရတာလည်း။

အထက်ဖေါ်ပြပါ နအဖရဲ့  မိုးလေ၀သသတင်းကို လေ့လာကြည့်တဲ့အခါမှာ ကမ္ဘာ့မိုးလေ၀သစောင့်ကြည့်ရေး ထုတ်ပြန်ချက်အရ ရန်ကုန်မှာရော မန္တလေးမှာပါ အဆိုပါရက်များမှာ မုန်တိုင်းဆိုရလောက်အောင် ကြီးမားမယ့် အလားအလာ မရှိပါ။

နောက်ပြီး သင်္ဘောတွေကို လက်မှတ်ထိုးခိုင်းတာက ကိုယ်ဖြစ်ကိုယ်ခံ၊ ငါတို့  သတိပေးတယ်၊ ဖြစ်လာရင် ငါတို့ နဲ့  မဆိုင်ဖူးလို့  ဆိုလိုတာလား။ တော်တော်လည်း တာဝန်ကျေပွန်ကြတဲ့ ပြည်သူလူထု အသက်အိုးအိမ်စညာ်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးလိုစိတ် ရှိကြပါပေတယ်။

ပြောလိုတာကတော့ ပြည်သူလူထုအတွက် မိုးလေ၀သ သတင်းလေး မှန်မှန်ကန် တိတိကျကျနဲ့  အချိန်မှီ ထုတ်ပေးစေလိုပါတယ်။ မမှန်မကန်ဘဲ ပြည်သူလူထုကို ကြောက်လန့် စေတဲ့ သတင်းမှား ထုတ်ပြန်တာကလည်း ပြည်သူလူထုကို ဒူက္ခပေးတာနဲ့  အတူတူပါဘဲ။

အချိန်မှီ ထုတ်ပြန်ထဲ့တဲ့ မိုးလေ၀သ သတိပေးချက်ရှိခဲ့ရင်လည်း၊ ပြည်သူလူထုအပေါ် တာဝန်ကင်းမဲ့စွာနဲ့  လူအများ သေပြီးတော့မှ၊ သေသူတွေ ဒုက္ခရောက်သူတွေကို ဘန်းပြပြီး နာမည်ရရေး ဒေါ်လာငွေရရေးလို့ လောက်သာလုပ်တာမျိုးတော့ မလုပ်ကြပါနဲ့ လို့  နာဂစ်မုန်တိုင်းကြောင့် သေကြေပျက်စီး ဒုက္ခရောက်သူများကိုယ်စား ပြောလိုက်ချင်ပါတယ်။

No comments: