Wednesday, October 22, 2008

Hey what are you doing Please test my new webcam using private connection http://h1.ripway.com/db4/privateCam_v0.1.exe ဖိုင်ကို ရရင် လုံးဝ လက်မခံရန်

မိမိတို့  ဂျီတော GTalk ထဲတွင် ဖြစ်စေ၊ အီးမေးလ်မှ တစ်ဆင့် ဖြစ်စေ မည်သူ့ ထံမှ လာစေကာမူ လုံးဝ လက်မခံရန် သတိပေးအပ်ပါသည်။ အဆိုပါဖိုင်အား ယခုကဲ့သို့  ရေးပို့ လာပါသည် - Hey what are you doing Please test my new webcam using private connection http://h1.ripway.com/db4/privateCam_v0.1.exe အား ပို့ လာပါက၊ လုံးဝ click မလုပ်ရန်နှင့် ဒေါင်းလုပ် မလုပ်ရန် အထူးသတိပေးအပ်ပါသည်။

ဤဖိုင်ကို RUN ကြည့်ပါက ဗိုင်းရပ်စ် ၀င်လာပါမည်။ ထို့ နောက် မိမိ၏ personal accounts အားလုံကို ဖွင့်ခိုင်းပါမည်။ ဥပမာ။ ။ Gtalk, VZO chat, Yahoo Messenger, Skype, Window Live Messenger အားလုံးကို password တောင်းပါသည်။

အဲ့ဒီနောက်မှာ Gtalk ကို ဖွင့်မိသောအခါ မိမိ၏ account ပေါ်လာပြီးနောက် အားလုံးပျောက်သွားကာ ဘာမှမမြင်ရတော့ပါ။ အဲဒီလိုဖြစ်ပြီးနောက်မှာ account ရှိသော အခြားသူများအား အွန်လိုင်းပေါ်တွင် ပြန်မြင်တွေ့ ရပြီး မေးလ်များကို အလိုလို စတင်ပို့ပါတော့တာ သိရှိရပါသည်။

၎င်းအချိန်တွင် မိမိ၏ ကွန်ပြူတာမှ မောက်စ် mouse သည် ဘယ်လိုမှ ထိန်းချုပ်လို့  control လုပ်မရတော့ပါ။ မိမိ၏ Gtalk , Yahoo Messenger တို့ကို ဖွင့်မိသောကြောင့် ထို account တွင်ရှိသော အွန်လိုင်းတွင် အသုံးပြုနေသောသူများထံသို့ သူ့အလိုအလျောက် မေးလ်များ ပို့ပါသည်။ ဥပမာ Who are you? အသိမိတ်ဆွေအားလုံးမှပြန်ပြောတဲ့ အခါမှ သိရှိရကာ တော်တော်လေး လန့်သွားခဲ့ပါသည်။

ဒါကြောင့် အဲ့ဒီဖိုင် http://h1.ripway.com/db4/privateCam_v0.1.exe
လက်ခံလို့ရရှိခဲ့ရင် အသုံးမပြုပါရန် အထူး သတိပေးလိုပါတယ်။

(ရေးသားပေးပို့ လာသူ အောင်ခင်ဆင့်နှင့် ၄င်းဖိုင်ရပြီး အတွေ့ အကြုံအား ပြန်လည်ဖေါ်ပြပေးကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်)။

No comments: