Tuesday, November 4, 2008

နအဖရဲ့  ကလိမ်ကကျစ်လုပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ပြသနာမှာ တရုတ်ကုမ္ပဏီကြီးပါ ကြားညှပ်နေရပြီ။




















ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူရဲ့ ရေပိုင်နက်ထဲကို နအဖက လာရောက်ကျူးလွန်ပြီး ရေနံနဲ့ သဘာဝဓါတ်ငွေ့  တူးဖေါ်ရှာဖွေလို့ ဆိုပြီး ပြသနာဖြေရှင်းဖို့ အတွက် ဘင်္ဂလားဒေ့ရှ်ရေတပ်သဘောင်္တွေကို အဆိုပါရေပိုင်နက်ကို လွှတ်လိုက်ပါပြီ။

ပြသနာဖြစ်ပွားတဲ့နေရာမှာ နအဖက တရုတ်ကုပ္မဏီ (China National Petroleum Corp. CNPC) ရယ်၊ Daewoo International Corp ရယ်၊ ONGC Videsh Ltd. ရယ်ကို ခွင့်ပြုချက်ပေးပြီး ရေနံနဲ့  သဘာဝဓါတ်ငွေ့  ရှာဖွေရေး လုပ်ငန်းတွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

နအဖဟာ သူရဲ့ ကိုယ်ကျိုးစီးပွားရေးကိုလုပ်ဖို့ အတွက် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့  အခြားသော နိုင်ငံငယ်တွေအကြားမှာ မရိုးမသား ကုလားဖန်ထိုးပြီး၊ မလိမ့် တစ်ပတ်နည်းတွေနဲ့  ကလိမ်ကကျစ်လုပ်တာကြောင့် အခုဆိုရင် ပြသနာက စပါပြီ။

ဘင်္ဂလားဒေ့ရှ်က ပြောပြီ၊ သူ့ ရဲ့ ရေပိုင်နက်ထဲကို ကျူးကျော်စော်ကားတယ်။ တရုတ်ကုမ္ပဏီနဲ့  အခြားကုမ္ပဏီတွေ သိထားတာက နအဖက သူရဲ့ ရေပိုင်နက်ဖြစ်လို့  သူတို့ ကို လုပ်ပိုင်ခွင့်ပေးထားတာ။

နအဖရဲ့  မလိမ့် တပတ် အရှုပ်ဇာတ်မှာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့  စပြီး ပြသနာတက်ပြီ။

နအဖအနေနဲ့  အားကိုးအားထားပြုနေရတဲ့ တရုတ်နိုင်ငံကြီးလက်အောက်ခံ တရုတ်ကုမ္ပဏီ အကျိုးစီးပွား ဆက်လက်အဆင်ပြေရအောင် တရုတ်ကြီးဘက်ကို လိုက်မလား။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့  ပြောဆိုချက်ဖြစ်တဲ့ ရေပိုင်နက်ကျူးလွန်စွပ်စွဲချက်ကို ဖြေရှင်းတဲ့အနေနဲ့  ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကျေနပ်အောင် လေပြေထိုး ဖြေရှင်းမလား။

ဒါမှ မဟုတ် နှစ်ဘက်လုံးအဆင်ပြေရအောင် အရှက်မရှိတဲ့ မျက်နှာနဲ့ ဘဲ ရက်ဖား စကားတွေနဲ့  နအဖကိုသာလျှုင် ကြိုက်သလို လုပ်ပါလို့  ပြောမလား။ မျက်နှာတော် မငြိုရအောင် ပေးသင့်တာတွေပေးပြီး ချော့မော့ မလား။

နအဖကတော့ ဒေသဆိုင်ရာ နိုင်ငံတွေအကြား ဂြိုလ်မွေတဲ့  ဂြိုလ်ကောင်ကြီးပါဘဲ။

No comments: