ပျက်စီးသွားသော ရွှေအိုးစည်နှင့် မလုံတော့သော ကိုယ်လုံးဖေါ်မှု။
ပြောင်းလဲနေတဲ့ ခေတ်ကာလနဲ့  ညီအောင် ဆန်းသစ်ဖန်တီးရတယ်ဆိုသော်ငြားလည်း မိမိတို့ တန်ဖိုးထားသင့်တဲ့ တိုင်းပြည်နဲ့  လူမျိုးဂုဏ်ကို ဖေါ်ကျူးသော ရိုးရာယဉ်ကျေးမှုကိုတော့ မထိခိုက် မပျက်စီးသင့်ပါ။ မိမိတို့ ရဲ့  ရိုးရာယဉ်ကျေးမှုကို မိမိတို့ မှ မထိန်းသိမ်းရင် တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
မကြာခင်က ပြုလုပ်ခဲ့တဲ့ City FM ရဲ့  (၆) နှစ်မြောက်မှာ သီဆိုကပြဖြော်ဖြေတဲ့ ရွှေအိုးစည် Remix ကတော့ အင်မတန်တန်ဖိုးရှိလှတဲ့ မြန်မာ့ယဉ်ကျေးမှုတစ်ခုကို ဖျက်ဆီးပြစ်လိုက်ပါတယ်။
ရွှေအိုးစည် သီချင်းနဲ့  ၀တ်စားဆင်ယင် ကပြမှုဟာ မြန်မာ့ရိုးရာဓလေ့ကို ဖေါ်ညွန်းခဲ့တဲ့၊ မြန်မာလူမျိုးတွေ အလေးအမြတ် တန်ဖိုးထားတဲ့ မြန်မာ့ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ ဒီလို ထိန်းသမ်းစောင့်ရှောက်သင့်တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ခေတ်နဲ့ ညီအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ အလွယ်တကူ ပြုပြင်ဖန်တီးပြစ်တာတွေဟာ မလုပ်သင့်တဲ့ လုပ်ရပ်ပါ။
အခုလို မြန်မာယဉ်ကျေးမှုကို ထိခိုက်စေတာကို ဘာလို့  ဆင်ဆာဘုတ်အဖွဲ့ က ခွင့်ပြုရတာလည်း၊ ဖြော်ဖြေတင်ဆက်ခွင့်ကို ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့  တိုင်း မြို့ နယ်က နအဖလူကြီးတွေဆိုသူတွေက ဘာလို့  ခွင့်ပြုရတာလည်း။ City FM က တာ န်ရှိသူတွေကရော ဘာလို့  ဒီလိုတင်ဆက်ရတာလည်း။
ဒီ ရွှေအိုးစည် Remix ထဲမှာ ပါဝင်သီဆို ကပြသူတွေအနေနဲ့  စီမံသူတွေရဲ့  စီစဉ်မှုနဲ့  ဆောင်ရွက်ရတာဖြစ်လို့  သူတို့ အနေနဲ့  တာဝန်မရှိပါ။ အရေးယူသင့်သူတွေကတော့ နအဖဆင်ဆာဘုတ်အဖွဲ့  င်တွေ၊ နအဖယဉ်ကျေးမှုဝန်ကြီး၊ တိုင်းနဲ့  မြို့ နယ်က နအဖလူကြီးတွေကို အမျိုးဂုဏ် ဇာတိဂုဏ် ယဉ်ကျေးမှုအမွေအနှစ်များနဲ့  အမျိုးသားရေးလက္ခဏာများ ပျောက်ပျက်အောင် ခွင့်ပြုမှုနဲ့  နှစ်ပေါင်း (၆၅) နှစ်ကျော်အောင် ထောင်ချသင့်ကြောင်းပါ။
ဒီ့အပြင် Model Show တွေမှာလည်း ဒီဇိုင်းလှလှပပနဲ့  သစ်လွင်သော အ၀တ်အစားသတ်ဆင်မှုကို ခောတ်ကာလနဲ့  အညီ လက်ခံနိုင်ကောင်းပေမယ့်၊ မလုံမခြုံနဲ့  ဟိုဖေါ် ဒီပေါ် တ်တာမျိုးတွေကို နအဖတွေက ဘာလို့  မတားဆီးရသလည်းဆိုတာပါ။
လမ်းဘေးက ကြော်ငြာဘုတ်တွေမှာ မလုံမခြုံ တ်စားဆင်ယင်မှုတွေပါတဲ့ ကြော်ငြာတွေကြတော့ ဖြုတ်ခိုင်းတယ်။ လူကိုယ်တိုင် ပြသနေကြတဲ့ မလုံမခြုံတွေကိုတော့ လစ်လျူရှု ခွင့်ပြုတားတယ်ဆိုတော့ ကြော်ငြာက ကြော်ငြာဖြစ်လို့  လူကိုယ်တိုင် မဟုတ်လို့ နဲ့  တူပါတယ်။
နအဖလူကြီးတွေနဲ့  အပေါင်းအပါတွေကိုယ်တိုင်က ဒီလို ပြပွဲတွေကို သားရည်တမြားမြားနဲ့  သဘောခွေ့ နေပြီး အဖြော်ဖြေခံနေကြတာလား။
ဒီလို မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ တဖြေးဖြေး ပျက်စီးနေတဲ့ နအဖအုပ်ချူပ်မှုအောက်မှာ သမိုင်းဝင်အဆောက်အဦးတွေလည်း လေလံပြစ်ရောင်းစားခံရတယ်၊ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အဖိုးထိုက်တန်တဲ့ နေရာဒေသတွေလည်း ပျက်စီးအောင် ဖျက်ဆီးပြစ်ခံရတယ်။
အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးနဲ့  ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး - ဆိုပြီး ကြွေးကြော်အော်ဟစ်နေတဲ့ နအဖအနေနဲ့  အပြောနဲ့  အလုပ် ကွာဟနေပါလား။
တကယ်တော့ နအဖဟာ မြန်မာ့ယဉ်ကျေးမှုတွေ ပျက်စီးအောင် အားပေးလုပ်ဆောင်နေတဲ့ အဓိကတရားခံ ဖြစ်ပါတယ်။
No comments:
Post a Comment