ကျွန်တော် ချစ်မြတ်နိုးပြီး လေးစားရတဲ့ ကဖိုးဇေ (သို့ ) တော်လှန်ရေးကြယ်တစ်ပွင့်အတွက် အထူးကြေကွဲရပါတယ်။
ကျွန်တော် ချစ်မြတ်နိုးပြီး လေးစားရတဲ့ ကဖိုးဇေ (သို့ ) တော်လှန်ရေးကြယ်တစ်ပွင့်အတွက် အထူးကြေကွဲရပါတယ်။
သူ ကျွန်တော့်ကို ခေါ်တာ “ကနစ်” တဲ့။ ကျွန်တော်တို့  ရင်းရင်းနှီးနှီး ရဲဘော်ရဲဘက်ကဲ့သို့  ညီအကိုရင်းချာကဲ့သို့  ခေါ်တာ ကိုနစ် (သို့ ) ကနစ် ပေါ့ဗျာ။ ကျွန်တော် ရင်ထဲမှာ ဘယ်တော့မှ မမေ့ တော့မယ့် “ကဖိုးဇေ” ရုတ်တရက် ကွယ်လွန်သွားတာ သိလိုက်ရတော့ ကျွန်တော် မယုံချင်ဖူးဗျာ။ မယုံကြည်မှုနဲ့ အတူ ရင်ထဲမှာ တန်းဖိုးထားတဲ့ သူတစ်ဦး ဆုံးရှုံးသွားရတာမို့  ဖေါ်ပြမရလောက်ကို ကြေကွဲဝမ်းနည်းမိရတယ်။
သူဘယ်သူလည်း ဘယ်မှာနေလည်းဆိုတာ ကျွန်တော် မသိသလို၊ သူလည်း ကျွန်တော် ဘယ်သူလည်းဆိုတာ မသိပါဖူး။ ဒါပေမယ့် ကျွန်တော်တို့ ရဲ့  အသွေးအသားတွေဟာ တော်လှန်ရေးကာလအတွင်းမှာ ထပ်တူထပ်မျှကျနေပါတယ်။
နာမည်ရင်းနဲ့  အခြားသူတွေ ခေါ်တဲ့ နာမည်တွေထက် ကျွန်တော် ခေါ်တဲ့ ကဖိုးဇေဆိုတဲ့ နာမည်ကို ကျွန်တော်တို့  ရင်ထဲမှာ ထာဝရ ရှိနေပါမယ်။
ကဖိုးဇေ - ဟုတ်တယ်။ သူဟာ ရွှေဝါရောင်တော်လှန်ရေးကာလ ကျွန်တော်နဲ့ အတူ စက္ကန့် ပိုင်း မိနစ်ပိုင်းနဲ့ အမျှ လက်တွဲဆောင်ရွက်ခဲ့တဲ့ ဘလော့ဂါတစ်ဦးပါ။ ကျွန်တော်တို့  ပြည်သူတွေ အာဏာရှင်လက်အောက်ကနေ လွှတ်မြောက်ဖို့ အတွက် သူတတ်ကျွမ်းတဲ့ပညာရပ်နဲ့  အပြည့်အ၀ စွမ်းဆောင်ခဲ့သူ တစ်ဦးပါ။
ကျွန်တော် ကဖိုးဇေကို ရွှေဝါရောင်တော်လှန်ရေး မဖြစ်ခင် လပိုင်းလောက်မှာ အင်တာနက်အွန်လိုင်းပေါ်မှာ စတင်စုံဆည်းခဲ့ပါတယ်။ သူနဲ့  စကားပြောဖြစ်တိုင်း သူရဲ့  တော်လှန်ရေး စိတ်ဓါတ် ဘယ်လောက်ပြင်းပြတယ်၊ အများသူငှာအပေါ်မှာ သူဘယ်လို စိတ်စေတနာထား ရိုးသားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ သူဟာ ပျော်ပျော်ရွှင်ရွှင် ပြောတတ်သူ၊ အေးအေးဆေးဆေး နေတတ်သူဆိုတာ သူရဲ့ စကားတိုင်းက ဖေါ်ပြနေပါတယ်။
ကျွန်တော် ကနစ်ကို သူဘယ်လောက်ခင်မင်းရင်းနှီးတယ်ဆိုတာ သူနဲ့ စကားပြောတိုင်းမှာ သိရပါတယ်။ ကျွန်တော် သူ့ ကို သူခေါ်တဲ့အတိုင်း ကဖိုးဇေလို့  ရင်းရင်းနှီးနှီးပြန်ခေါ်ရာကနေ ရွှေဝါရောင်တော်လှန်ရေး စတင်ဖြစ်ပေါ်တဲ့အချိန်မှာ သူအနေနဲ့  အချိန်တွေအပြည့်အ၀ပေးပြီး ကျွန်တော်နဲ့ အတူ ကျွန်တော့်ရဲ့ စီဘောက်မှာ သတင်းတွေ ၀င်ရောက်ရေးသားဖေါ်ပြခဲ့ပါတယ်။ သူ့ ရဲ့  ကိုယ်ပိုင်ဘလော့မှာ ပုံမှန် ရေးသားနေတာတွေကို ခဏရပ်ထားပြီး၊ ရွှေဝါရောင်တော်လှန်ရေးအတွက် မိမိကိုယ်ရေးကိုယ်တာကို ရှေ့ တန်းမတင်ဘဲ ရဲဘော်ရဲဘက်အဖြစ် လာရောက်လက်တွဲဆောင်ရွက်ပေးခဲ့တာပါ။
ကျွန်တော့်ကို ခင်မင်ရင်းနှီးတာထက် သူ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ထားရှိတဲ့ စိတ်ဓါတ်ကို ပြတာပါ။ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဖြစ်ပျက်နေသမျှ သတင်းတွေကို ကျန်တဲ့သူတွေအားလုံး သိစေချင်လွန်းလို့  ဘယ်သူကမှ မပေးအပ်တဲ့တာဝန်ကို မိမိဖာသာ အသိစိတ်ဓါတ်အပြည့်နဲ့  ခံယူပြီး ကျေပွန်အောင်ဆောင်ရွက်ပေးခဲ့တဲ့ ဘလော့ဂါတစ်ဦး ဖြစ်ပါတယ်။
သူဟာ ဘလော့ဂါတစ်ယောက်အနေနဲ့  နှလုံရည်နဲ့  ပြည့်စုံသလို၊ လက်နက်စွဲကိုင်ပြီး အာဏာရှင်ကို တော်လှန်တိုက်ခိုက်တဲ့ လက်ရုံးရည်နဲ့  ပြည့်စုံတဲ့ တော်လှန်ရေးသမားတစ်ဦးလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့  ဘလော့ဂါတွေရဲ့  ကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ရွှေဝါရောင်တော်လှန်ရေးသတင်းတွေကို တာဝန်ကျေပွန်စွာ ဖေါ်ပြပေးခဲ့တဲ့ ဘလော့ဂါ အာဇာနည်တစ်ဦးဆိုတာ ကျွန်တော်အနေနဲ့  မှတ်တမ်းတင် ပြောကြားလိုက်ပါတယ်။
သူနဲ့  ကျွန်တော် မဆုံဖြစ်ခဲ့ကြပါဖူး။ သူနဲ့  အင်တာနက်အွန်လိုင်းပေါ်မှာ စကားပြောဖြစ်တယ်။ ရွှေဝါရောင်တော်လှန်ရေးကာလမှာ အချိန်ပြည့်နီးပါး ကျွန်တော့်  စီဘောက်နဲ့ မေးလ်တွေထဲမှာ အတူတူ ရှိနေတယ်။ အချိန်ရတိုင်း သူပြောတယ်။ တိုင်းပြည်ကို အာဏာရှင်လက်အောက်က အမြန်လွတ်မြောက်ချင်လှပြီဗျ တဲ့။ သူမြတ်နိုးတဲ့သူနဲ့  အေးချမ်းသာယာတဲ့ မိသားစုဘ၀ကိုလည်း ထူထောင်ရင်း တော်လှန်ရေးကို ဆက်လက်ဆင်နွဲနေမယ်လို့  သူရဲ့ ရင်ထဲက ဆန္ဒတွေကို ပြောပြခဲ့ပါတယ်။
သူနဲ့  ကျွန်တော် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းကာလတွေမှာ အင်တာနက်အွန်လိုင်းပေါ်မှာ သိပ်မဆုံဖြစ်ခဲ့ကြတော့ပါဖူး။ သူ့ မှာ အခြားတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နေတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တစ်ဦးဖြစ်တာကြောင့် ခရီးတွေထွက်နေရတာရယ်၊ ကိုယ်ရဲ့  ဘလော့တွေမှာ ရေးသားမှုတွေကို ပုံမှန်ပြန်လုပ်နေကြရတာနဲ့  အရင်လို မဆုံဖြစ်ခဲ့ကြပါဖူး။ သူနဲ့ ကျွန်တော် မဆုံဖြစ်ပေမယ့် မိတ်ဆွေတွေနဲ့  စကားပြောတိုင်း မေးဖြစ်နေပါတယ်။ ကဖိုးဇေရော ဘယ်မှာလည်း၊ ဘာလုပ်နေလည်း။ ကျွန်တော်တို့ ရဲ့  ခင်မင်ရင်းနှီးမှု အတိုင်းအတာအရ မမေ့ ကြတာပါ။
တစ်နေ့  ကျွန်တော့်ဆီကို စာအုပ်တစ်အုပ် ရောက်လာပါတယ်။ တော်လှန်ရေးစာအုပ်ကို သူ ကျွန်တော့်အတွက် ဖတ်ရအောင် မရရတဲ့နည်း အခက်အခဲတွေကြားထဲကနေ ပို့ ပေးလိုက်တာပါ။ ကျွန်တော် ကဖိုးဇေရဲ့  ရဲဘော်ရဲဘက်မိတ်ဆွေရင်းအပေါ်မှာ ထားတဲ့ သံယောဇဉ်နဲ့  အမှောင်ကျနေတဲ့ မြန်မာပြည်အတွက် လွတ်မြောက်လိုတဲ့ သူရဲ့  စိတ်ဆန္ဒကို ပြတဲ့ သူဖတ်တဲ့ စာအုပ်ဆိုတာ ဖေါ်ပြလိုက်တာပါ။
သူပို့ လိုက်တဲ့ “အမှောင်ကြားက မြန်မာပြည်” စာအုပ်အဖုံးလေးမှာ ‘ကနစ်အတွက် ကဖိုးဇေ” တဲ့။ သူရဲ့  သံယောဇဉ်ကို သူ ဒီစကားလုံးလေးနည်းနည်းနဲ့  ထိထိရောက်ရောက် ပြောပြလိုက်တာပါ။ ကျွန်တော် သူ့ ကို ထပ်ပြီး ခင်မင်လေးစားရပါတယ်။
တစ်နေ့ က ကျွန်တော်တို့  နှစ်ဦးရဲ့  မိတ်ဆွေတစ်ဦးနဲ့  စကားပြောရင်း မှတ်မှတ်ရရ ကျွန်တော် သူ့ ကို သတိရမိလို့  - ကဖိုးဇေရော ဘယ်လိုလည်းလို့  - မေးလိုက်ခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီ မိတ်ဆွေကို ကျွန်တော် ပြောပြခဲ့ပါတယ်။ ကဖိုးဇေကို ကျွန်တော် တွေ့ ချင်တယ်။ ကျွန်တော့်ရဲ့  နစ်နေမန်းဘ၀မှာ တွေ့ ချင်တဲ့သူတွေထဲမှာ ကဖိုးဇေကို ရှေ့ ဆုံးနေရာမှာ ရှိနေပါတယ်။ သူရဲ့  လေးစားလောက်တဲ့ ရွှေဝါရောင်တော်လှန်ရေးအတွင်းက ဘလော့ဂါသမားတစ်ဦးရဲ့  လုပ်ဆောင်ချက်ကို အများ မသိနိုင်ပေမယ့် ကျွန်တော် အသိဆုံးဖြစ်နေလို့  သူ့ ကို လူချင်းတွေ့ ပြီး လေးစားရကြောင်း၊ ခင်မင်းရင်းနှီးကြောင်း ပြောပြချင်လို့ ပါ။
သူနဲ့  ကျွန်တော် အင်တာနက်ပေါ်မှာ မဆုံဖြစ်ဘဲ နေတာ လအတော်ကြာ ကြာမြင့်နေတာ။ ကျွန်တော် သူနဲ့  ဆုံတွေ့ ချင်တယ်လို့  ပြောတာ နှစ်ရက်ဘဲ ရှိပါသေးတယ် … ကျွန်တော်မျက်စိ မယုံနိုင်စွာနဲ့  တွေ့ မိတာကတော့ ကဖိုးဇေ ဆုံးသွားပြီဆိုတဲ့  သတင်းလေးပါ။
ကဖိုးဇေ - ကျွန်တော် ရင်ထဲထိခိုက်ရပါတယ်။ ကျွန်တော်နဲ့ အတူ တော်လှန်ရေး ရဲဘော်ရဲဘက်တွေ၊ ဘလော့ဂါတွေ၊ ကဖိုးဇေ ချစ်တဲ့ ပြည်သူတွေကလည်း ကဖိုးဇေ ကွယ်လွန်သွားတာကို ယူကျုံးမရ ဖြစ်ကြမယ်ဆိုတာ ကျွန်တော် ပြောကြားလိုက်ပါတယ်ဗျာ။
၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းက ကဖိုးဇေ၊ ရွှေဝါရောင်တော်လှန်ရေးထဲက ကဖိုးဇေ၊ ကျောင်းသားတပ်မတော်အတွင်းက ကဖိုးဇေ၊ ဘလော့ အင်တာနက်စာမျက်နှာတွေပေါ်က ကဖိုးဇေ၊ ကျွန်တော်တို့  မိတ်ဆွေတွေ ရင်ထဲက ကဖိုးဇေကို ကျွန်တော် “ကနစ်” မှ “ကဖိုးဇေ” ကို ဦးညွတ်ပြီး အလေးပြုလိုက်ပါတယ်ဗျာ။
ပမာဏဖေါ်ပြမရတဲ့ ကျွန်တော့်ရဲ့  သွေးတစ်စက်ဆုံးရှုံး သွားတာပါ ကဖိုးဇေ။
ကဖိုးဇေ ကောင်းရာမွန်ရာ ဘုံဘ၀ကို ရောက်ရှိမှာ အမှန်မလွဲပါ။
ကဖိုးဇေအတွက် ကနစ်မှ ရင်တွင်းကြေကွဲမှုများစွာနဲ့  မှတ်တမ်းစကားလေး ပြောကြားလိုက်ပါတယ် ကဖိုးဇေ။
နစ်နေမန်း (သို့ ) ကနစ်။
နေ့ စွဲ - (၂၀) ရက်၊ နိုဝင်ဘာလ၊ ၂၀၀၈ ခုနှစ်။
Ko Myint Aung
No comments:
Post a Comment