Wednesday, December 3, 2008

မော်လမြိုင်အောက်ဈေးကြီးမီးလောင်မှုနှင့် နအဖ၏ အလေးမထားသော သတင်းထုတ်ပြန်မှု။

မော်လမြိုင်အောက်ဈေးကြီးမီးလောင်မှုနှင့် နအဖ၏ အလေးမထားသော သတင်းထုတ်ပြန်မှု။

မော်လမြိုင်အောက်ဈေးကြီး တစ်ခုလုံး မီးလောင်လို့ ကုန်သွားတာကို အခုဖေါ်ပြထားတဲ့ ဓါတ်ပုံများအရရော အခြားသော သတင်းဌာနများက ထုတ်ပြန်တဲ့ သတင်းများအရရော၊ ကိုယ်တိုင်ကြုံတွေ့ ရသူတွေရဲ့  ပြောကြားချက်တွေအရရော မီးလောင်မှု ဘယ်လောက်ကြီးမားသလည်းဆိုတာ သက်သေပါဘဲ။














































































ဒီလို ဈေးကြီးတစ်ခုလုံး မီးလောင်သွားပြီး ဆိုင်ခန်းပေါင်း မြောက်မြားစွာပျက်စီး ဆုံးရှူံးခဲ့ရတဲ့ အခြေအနေနဲ့  ဘာကြောင့် မီးစလောင်ရသလည်း၊ မီးလောင်ဆုံးရှူံးသွားတဲ့ ပျက်စီးမှုတွေအတွက် ဘယ်လို အကူအညီတွေ ပေးမလည်း၊ ထိခိုက်ဒဏ်ရာရသူတွေ ဘယ်လောက်ရှိသလည်း၊ သေကြေပျက်စီးမှုတွေ ရှိသလား စသဖြင့် သတင်းတိတိကျကျနဲ့  နိုင်ငံတော်က ဒုက္ခရောက်ကြရတဲ့ ပြည်သူလူထုကို ဘယ်လိုကူညီမလည်း ဆိုတာကို ဖေါ်ပြရမှာပေါ့။

အခုတော့ နအဖ ၀ါဒဖြန့် ဖြန့် ချီရေးသတင်းတွေကြတော့ သတင်းစာ စာမျက်နှာတွေမှာ ဘုန်းပေါလအော ဖေါ်ပြပြီး၊ မော်လမြိုင်မီးဘေးသတင်းကြတော့ စာကြောင်းရေ နည်းနည်းလေးနဲ့ သာ ပြီးစလွယ် တာဝန်မဲ့စွာနဲ့  ဖေါ်ပြထားတာကြည့်ရင် နအဖဟာ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်ပျက်စီးတာကို ဂရုမစိုက် အလေးမထား၊ ဘယ်သူတေတေ ငတေမာရင် ပြီးရောဆိုသလို လစ်လျူရှူလွန်းတာဟာ တိုင်းပြည်အုပ်ချူပ်နေသူ မစစ်မှန်ကြောင်း သက်သေပါဘဲ။
























(ဓါတ်ပုံများအား လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA မှ ပြန်လည်ဖေါ်ပြပါသည်)။

No comments: