နအဖခေတ်ဆိုးအောက်မှာ အကြွင်းအကျန်များကို ရယူစားသောက်နေကြရတဲ့ ရင်နာစရာ ဘ၀များ။
ဒီပုံတွေက မနေ့ က (အစ်နေ့ ဖြစ်တော့) လာပြစ်တဲ့ အကျွင်းအကျန် အမဲရိုးလေးတွေရဖို့ ရန်ကုန်မြို့ ၊ သိမ်ဖြူဈေးနားတစ်ဝိုက်မှာ စောင့်နေ၊ ကောက်နေကြသူတွေပါ။
ယခင်က ယခုကဲ့သို့  အမဲရိုးများအား လာရောက်ပြစ်ခွင့်မပြုသော်လည်း စည်ပင်သာယာမှ ငွေလာဘ်စားကာ လာပြစ်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
နအဖ တည်ဆောက်နေတဲ့ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးရဲ့ တစိတ်တဒေသ မြင်ကွင်းပေါ့ဗျာ။
ပြည်သူလူထုရဲ့  ဘ၀စားဝတ်နေရေးတွေ ဘယ်လောက်အခက်အခဲ ဖြစ်နေကြသလည်းဆိုတာ စွန့် ပစ်လာတဲ့ အကျွင်းအကျန် အရိုးများကို စောင့်မျှော်ကောက်ယူနေကြရတဲ့ ဆိုးရွားလွန်းတဲ့ ဘ၀တွေက သက်သေပါ။
နအဖဗိုလ်ချူပ်ကြီးများရဲ့  စားသောက်ဖွယ်ရာ စုံစုံလင်လင်နဲ့  ထမင်းဝိုင်းနဲ့  ပြည်သူတွေရဲ့  မနေ့ က ကောက်လာလို့ ရလာတဲ့ ဒီအရိုးဟင်းလေးတစ်မယ်နဲ့ တော့ အတော့ကို ကွာခြားပါတယ်။ ရင်နာစရာပါဘဲ။
(ဓါတ်ပုံများ ပေးပို့ လာသော ကိုအောင်ဇေယျနှင့် မိတ်ဆွေတစ်ဦးအား အထူး ကျေးဇူးတင်ရှိပါသည်)။
No comments:
Post a Comment