ဘလော့ဂ်ထဲမှာ အဖေါ်ပြခံရလို့  မှုခင်းသတင်းထောက်များ ခေါ်တွေ့ ခံရ။
ဘလော့ဂ်ထဲမှာ အဖေါ်ပြခံရလို့  မှုခင်းသတင်းထောက်များ ခေါ်တွေ့ ခံရ။
အဓိကခေါ်တွေ့ ရတဲ့ အကြောင်းရင်းကတော့ - ကိုနစ်နေမန်း၏ ဘလော့ဂ်တွင် အောက်တိုဘာလ (၉) ရက်နေ့ က ဖေါ်ပြခဲ့သော "စစ်တပ်နှင့်ရဲကို အားကိုးပြီး အနိုင်ကျင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်နေသူများ (သို့ ) မှုခင်းသတင်းဂျာနယ်နှင့် မှုခင်းရှုထောင့်ဂျာနယ်မှ သတင်းထောက်များ" ဆိုသည့် သတင်းကြောင့် ရန်ကုန်မြို့၊ ဘဏ်လမ်းရှိ မြန်မာနိုင်ငံရန်ကုန်တိုင်းရဲတပ်ဖွဲ့ဌာန ချုပ်တွင် ဒုတိယရဲမှူးကြီး ၀င်းနိုင် (ဒုတိုင်းရဲတပ်ဖွဲ့မှူး) မှ မှုခင်းသတင်းထောက် (၂၀) အား တွေ့ဆုံပြီး နောက်နောင် နစ်နေမန်းဘလော့ဂ်မှာ ဖော်ပြထားသလို မဖြစ်အောင် သတိပေးပြောကြားသည်ကို သိအောင်ပေးပို့ပါသည်။
(ပြည်သူတစ်ဦး) ။
(* အထက်ဖေါ်ပြပါ သတင်း ပေးပို့ လာသူ၏ အမည်အား လုံခြုံရေးအရ မဖေါ်ပြဖြစ်ပါ။)
ရည်ညွှန်းတဲ့ ပို့ စ်ပါ အကြောင်းအရာ အသေးစိတ်ကို ပြန်လည်ဖတ်ရှူလိုတယ်ဆိုရင်ဖြင့် အောက်ပါ လင့်ခ်မှာ ကြည့်ရှူနိုင်ပါတယ်။
စစ်တပ်နှင့်ရဲကို အားကိုးပြီး အနိုင်ကျင့် ချိမ်းခြောက်ပြီး ဓားပြတိုက်နေသူများ (သို့ ) မှုခင်းသတင်းဂျာနယ်နှင့် မှုခင်းရှုထောင့်ဂျာနယ်မှ သတင်းထောက်များ။
http://niknayman-niknayman.blogspot.com/2008/10/blog-post_09.html
No comments:
Post a Comment