Monday, December 8, 2008

ဗိုလ်လောင်းအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ (လူသားအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ) ။

မကြာခင်မှာ ပြုလုပ်တော့မယ့် နအဖရဲ့  ဗိုလ်လောင်းကျောင်းဆင်းပွဲကို ရက်ရွှေ့ ဆိုင်းထားလိုက်ရတဲ့ သတင်းတစ်ခုက အခုဆိုရင် ပြန့် နှံ့ နေပါတယ်။ ဘာလို့  ဒီလိုရွှေ့ ဆိုင်းရတာလည်းဆိုတာကတော့ ကျောင်းဆင်းတော့မယ့် စီနီယာဗိုလ်လောင်းတွေက နောက် အခုမှ စရောက်လာကြတဲ့ ဖရက်ရှာ ဂျူနီယာ ပထမနှစ်ဗိုလ်လောင်းလေးတွေကို ပညာပေးလိုက်တာ လက်လွန်သွားပြီး အငယ်ဗိုလ်လောင်းလေး သေသွားလို့ ပါ။ ဗိုလ်လောင်းကြီးတွေက လက်သီးကျွေးတာများသွားပြီး နံရိုးကျိုးကာ အတွင်းအင်္ဂါအစိတ်အပိုင်းမှာ စူးပြီး သေဆုံးသွားတာလို့  သိရပါတယ်။



















ပညာပေးတာကတော့ ကြီးတဲ့သူတွေ ပြောတာ ခိုင်းတာကို တစ်သွေမသိမ်းလိုက်နာဖို့ ၊ ပြန်မပြော ခံမချဖို့ ၊ ကြီးတဲ့သူက ဘာလုပ်လုပ် နာခံရမယ်ဆိုတဲ့ ပညာပေးမှုပါ။ ဒါကို အခုကတည်းက ခံနိုင်နေရအောင် နမူနာအနေနဲ့  လက်သီးစာကျွေးတာ ဖြစ်ပါတယ်။
















အထက်က ဗိုလ်ကျတာကိုလည်း ခံနိုင်ရမယ်၊ ကိုယ့်အလှည့်ကျရင်လည်း ဗိုလ်ပြန်ကျရမယ်ဆိုတဲ့ စိတ်ဓါတ်ယုတ်ကို နအဖက အခုကတည်းက ရိုက်သွင်းတော့တာ။ ဒီတော့ ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျဖို့ ဆိုတာ နအဖရဲ့  စစ်တက္ကသိုလ်မှာကတည်းက ဗိုလ်လောင်းအချင်းချင်းကို ဗိုလ်ကျနည်းတွေ ပြတာပေါ့။ အထက်အောင် အနိုင်ကျင့်တာ။














ဂျူနီယာဗိုလ်လောင်းကို စီနီယာဗိုလ်လောင်းက အနိုင်ကျင့်တာ၊ အောက်ခြေတပ်သားတွေကို အထက်က အရာရှိက အနိုင်ကျင့်တာ၊ ဗိုလ်မှူးတွေကို ဗိုလ်ချူပ်တွေက အနိုင်ကျင့်တာ၊ ဗိုလ်ချူပ်တွေကို ဗိုလ်ချူပ်မှူးကြီးက အနိုင်ကျင့်တာ အတူတူပါဘဲ။ နအဖတပ်ကြီးက အနိုင်ကျင့်တပ်ကြီး ဖြစ်နေပါတယ်။


























































































နအဖတပ်က အချင်းချင်း အနိုင်ကျင့်ရုံမက အခြား ရဲတွေ မီးသတ်တွေ စွမ်းအားရှင်တွေကို အာဏာပြ အနိုင်ကျင့်၊ တစ်ခါ အဲ့ဒီ ရဲတွေ မီးသတ်တွေ စွမ်းအားရှင်တွေက ပြည်သူကို အနိုင်ကျင့်နဲ့  နောက်ဆုံးခံရသူကတော့ လက်နက်မရှိ အာဏာမရှိ ငွေမရှိတဲ့ ပြည်သူကတော့ ခါးစီးခံရတာပါဘဲ။

ဒါကြောင့် ရွှေဝါရောင်တော်လှန်ရေးကာတုန်းက ရဟန်းသံဃာတော်တွေ မိန့် ကြားခဲ့ကြတဲ့ “လူသားအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ” ဆိုတဲ့စကားဟာ ပြည်သူတွေအတွက်မှ မဟုတ်ပါဖူး။ လူသားတွေ ဖြစ်ကြတဲ့ လူအားလုံးနဲ့  အကျူံးဝင်တယ်ဆိုတာ၊ နှိပ်စက်အနိုင်ကျင့်တဲ့သူတွေရော နှိပ်စက်အနိုင်ကျင့်ခံရတဲ့သူတွေအတွက်ရော ဆိုလိုတာပါ။ ကိုယ်က သူများကို နှိပ်စက်အနိုင်ကျင့်၊ ကိုယ်အလှည့်မှာလည်း သူများက အနိုင်ပြန်ကျင့်ဆိုတဲ့ သံသရာကြီး ပပျောက်စေဖို့ အတွက် သွန်သင်ပြတဲ့ အမှန်စကားပါ။

ဗိုလ်ဖြစ်သူများ ဗိုလ်မကျကြဖို့ နဲ့  ကိုယ်ခံရမယ့် အလှည့်မှာ သံသရာဘ၀ တစ်လျှောက် တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ ဗိုလ်အကျခံရနိုင်တယ်ဆိုတာ သတိပေးတာပါ။

ဗိုလ်လောင်းများအနေနဲ့  နောက်နောင် အထက်မှ ဗိုလ်ကြီးကြီးများရဲ့  မမှန်ကန်တဲ့ အမိန့် ပေးခိုင်းစေမှုများဖြင့် ဘ၀တစ်လျှောက် ဗိုလ်အကျမခံရဖို့ နဲ့  ကျေးဇူးရှင်အစစ်အမှန် ပြည်သူများကို ဗိုလ်မကျကြဖို့  အသိအမှန် ခွဲခြားသိမြင်ကြဖို့ ပါ။

ပြည်သူ့ တပ်မတော်သားအမှန်ဖြစ်ပါစေ၊ ယခုလက်ရှိ ဗိုလ်ချူပ်ကြီးများလို ဗိုလ် (သို့ ) တိုင်းပြည်နဲ့  လူမျိုးအပေါ်မှာ ဗိုလ်ကျစိုးမိုးနေသူများ မဖြစ်ပါစေနဲ့ ။

လောလောဆယ်တော့ ဗိုလ်လောင်းလေးများကိုယ်တိုင် အချင်းချင်း ဗိုလ်ကျခံနေရခြင်းမှ ကင်းဝေးကြပါစေ။

“လူသားအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ” ။

No comments: