ဂျပန်နိုင်ငံ၊ နာဂိုယာမှ မြန်မာနိုင်ငံသားများအား ဖိတ်ကြားခြင်း။
(၆၁) နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် မတရား အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားတို့၏ မိသားစုများအတွက် အလှုငွေပေးအပ်လှုဒါန်းပွဲကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာ-ဂျပန်) မှ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပါမည်။
နာဂိုယာရှိ မြန်မာနိုင်ငံသားတိုင်း မည်သူမဆို မလွတ်လပ်သေးသော မြန်မာနိုင်ငံအတွက်၊ ယုံကြည်ချက်ကြောင့် မတရားအကျဉ်းချခံနေရသော ကျွန်ုပ်တို့၏ ပြည်တွင်းရှိ ခေါင်းဆောင်များ၊ ရဲဘော်များအတွက် မပျက်မကွက် တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက် - ၄.၁.၂၀၀၉ (လွတ်လပ်ရေးနေ့-တနင်္ဂနွေ)။
နေရာ - မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာ) ရုံးခန်းအောက်ထပ်ရှိခန်းမ။
အချိန် - ဂျပန်စံတော်ချိန် ညနေ ၄ နာရီမှ ၆ နာရီအထိ။
ဆက်သွယ်ရန် - ရဲတင် +၈၁ ၈၀၃၆၂၈၉၉၇၉
No comments:
Post a Comment