ရှမ်းပြည်လူ့ အခွင့်အရေးအဖွဲ့ သို့  ကျေးဇူးတင်စကား ပြောကြားခြင်း။
ရှမ်းပြည်လူ့ အခွင့်အရေးအဖွဲ့ သို့  ကျေးဇူးတင်စကား ပြောကြားခြင်း။
လေးစားရပါသော ရှမ်းပြည်လူ့ အခွင့်အရေးအဖွဲ့ ခင်ဗျာ -
ကျွန်တော့်ကို အခုလို ဂုဏ်ပြုလာခြင်းအား အထူးကျေးဇူးတင်ရှိ ၀မ်းမြောက်ရပါတယ်။
ကျွန်တော် နစ်နေမန်း၏ သဲတစ်ပွင့် အုတ်တစ်ချပ်မျှသာဖြစ်သော ကြိုးပမ်းမှုအား ဂုဏ်ပြုခြင်းအား မြန်မာပြည် ပြည်သူလူထုတစ်ရပ်လုံး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် အသက်စွန့် လွှတ်ကြိုးပမ်းခဲ့ကြသူများ၊ အကျဉ်းစံဘ၀သို့  ရောက်ရှိနေကြသော နိုင်ငံရေးအကျဉ်းသားများအားလုံး၊ နေရာဒေသအသီးသီးနှင့် အဖွဲ့ အစည်းအသီးသီးတွင် စိတ်ဓါတ်ပြည့်ဝစွာဖြင့် စွမ်းဆောင်နေကြသော ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သူလူထုအပေါင်းအား ပြန်လည် မျှဝေအပ်ပါသည်။
ကျွန်တော်တို့  ပြည်သူများအားလုံးရဲ့  ဘုံရန်သူဖြစ်တဲ့ အာဏာရှင်များအား အမိမြေမှ ပပျေက်သွားစေရေးနဲ့  တိုင်းသူပြည်သားတိုင်း ရှိသင့်ရှိထိုက်တဲ့ လူသားများရဲ့ အခွင့်အရေးအား ပြန်လည်ပြည့်ဝစွာ ခံစားနိုင်ရေးအတွက် အတူဆောင်ရွက် အားထုတ်ကြပါစို့ လို့ ။
လေးစားစွာဖြင့် -
နစ်နေမန်း။
No comments:
Post a Comment