Friday, December 12, 2008

နအဖရဲ့ ယာဉ်တိုက်မှုကင်းမဲ့ဇုန်ဆိုင်းဘုတ်။
























နိုဝင်ဘာ (၂၅) ရက်နေ့  မနက် (၁ဝ) နာရီက မဟာဗန္ဓုလပန်းခြံအနီး ဧမာနွေလဘုရားကျောင်းဘေးမှာရှိတဲ့ ယာဉ်တိုက်မှုကင်းမဲ့ဇုန်ဆိုင်းဘုတ်နဲ့  လူ ကူးမျဉ်းကျားမီးပွိုင့်အား (၁၇၉) ပါရမီခရီးသည်တင်ယာဉ်က တိုက်မိကြောင်း ပြည်တွင်းသတင်းအရ သိရှိရပါတယ်။ ကားဘရိတ်ပေါက်လို့  အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိတာလို့  သိရှိရပြီး တစ်ဦးတစ်ယောက်မှ ဒဏ်ရာ မရရှိဖူးလို့  သိရှိရပါတယ်။

မော်တော်ယာဉ်ကိုကြည့်တော့ ဘရိတ်ပေါက်တာထက် စည်းမဲ့ကမ်းမဲ့မောင်းပြီး အရှိန်မထိန်းနိုင်လို့  တိုက်မိတာ ဖြစ်မှာပါ။ ဒီ ယာဉ်တိုက်မှုကင်းမဲ့ဇုန်ဆိုင်းဘုတ်ကိုမှ ၀င်တိုက်တယ်ဆိုတော့။

ယာဉ်တိုက်မှုကင်းမဲ့ဇုန်ဆိုင်းဘုတ်လို့ သတ်မှတ်ပြီးထားတာကလည်း မည်သည့်နေရာမှာ ယာဉ်တိုက်ခွင့်ရှိပါတယ်ဆိုတဲ့ ဆိုင်းဘုတ်လေးများပါ သတ်မှတ်ပေးမယ့် သဘောနဲ့ တူပါတယ်။ နောက် ဒီဆိုင်းဘုတ်ထောင်ထားရင်ဘဲ ယဉ်တိုက်မှု လုံးဝ မဖြစ်ဖူးလို့  အာမ ခံနိုင်တယ်နဲ့ တူပါတယ်။

No comments: