Sunday, January 25, 2009

ကိုယ်ရဲ့ သောက်သုံးရေ သုံးစွဲဖို့ ရေကိုတောင် ကိုယ်တိုင်ကိုယ်ကျ မခပ်ယူဘဲ ရွာသူရွာသားများအား လူလူချင်း အဓမ္မခိုင်းစေနေသော နအဖစစ်သားများ။

ရွာများမှ ရွာသူရွာသားများအား ပေါ်တာအဖြစ် ဖမ်းဆီးကာ ရှေ့ တန်းအခြေချတပ်စခန်းများသို့ ခေါ်ဆောင်သွားပြီး လက်နက်ခဲယမ်းမီးကျောက်များ၊ ကုန်ထုတ်ကုန်ပိုးများ သယ်ပိုးခိုင်းခြင်းနှင့် တပ်စခန်းအတွက် လိုအပ်သော သောက်သုံးရေ သုံးစွဲရေများ ခပ်ခိုင်းနေရာ အဆိုပါ ရေခပ်နေကြသော ပေါ်တာ ရွာသူရွာသားများအား စောင့်ကြည့်နေသော နအဖစစ်သားများ ဖြစ်ပါတယ်။



























































တစ်နေ့ တာ အဓမ္မခိုင်းစေမှုကို မလွန်ဆန်ရဲဘဲ လုပ်ဆောင်ပေးအပြီး နအဖတပ်စခန်းမှ မိမိရွာသို့  ပြန်လာနေသော အမျိုးသမီးတစ်ဦး။
























ကံမကောင်း အကြောင်းမလှတဲ့အခါမှာတော့ အဆိုပါ နအဖတပ်စခန်းမှာ ညဘက်ပါနေနေကြရပြီး အတင်းအကြပ်ခိုင်းစေမှုအောက်မှာ လိုအပ်သမျှကို လုပ်ပေးကြရတဲ့ အမျိုးသမီးအပျိုအအိုများရဲ့  ဘ၀အခြေအနေဟာလည်း မတွေးဝန့် စရာပါဘဲ။

အဓမ္မပြုကျင့်ခံရတာတို့ ၊ အဓမ္မခိုင်းစေခံရတာတို့ ၊ ညဉ်းပမ်းနှိပ်စက်သတ်ဖြတ်ခံရတာတို့ ကို ကြုံတွေ့ နေကြရတဲ့ ကျွန်တော်တို့  မြန်မာပြည်ဖွား ရွာသူရွာသားများရဲ့  ဘ၀တွေကို စာနာတတ်ကြမယ်ဆိုရင်တော့ တစ်ခုတည်းသော လုပ်ဆောင်ချက်ကတော့ ပြည်သူတွေဘ၀ မလုံခြုံတဲ့ ခေတ်ဆိုးကြီးမှာ မတရားအုပ်ချူပ်နေတဲ့ အာဏာရှင်များကို တော်လှန်တိုက်ထုတ်ဖို့ ဘဲ ဖြစ်ပါတယ်။

No comments: