Monday, January 5, 2009

လေးစားဂုဏ်ယူပါတယ် ဆရာ ဦးအောင်ဖေ။

လေးစားဂုဏ်ယူပါတယ် ဆရာ ဦးအောင်ဖေ။

လွတ်လပ်ရေးနေ့  (ဇန်န၀ါရီလ ၄ ရက်နေ့ ) အာရုဏ်ဦး နံနက် (၄) နာရီကျော်ကျော်အချိန်မှာ တွံတေးမြို့ ၊ အုန်းပင်စုရပ်ကွက်နေ ကျူရှင်ဆရာ ဦးအောင်ဖေဟာ မိမိလက်နှစ်ဘက်ကို ကြိုးနဲ့ ချီနှောင်ပြီး တွံ့ တေးမြို့ ရဲ့  လွတ်လပ်ရေးကျောက်တိုင်ရှေ့ မှာ တစ်ဦးတည်း သွားရောက် အလေးပြုခဲ့ပါတယ်။

ဒီ တွံတေးမြို့  မင်းပိုင်ရပ်ကွက်နဲ့  အုန်းပင်စုရပ်ကွက်အကြားမှာ ရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်ကို ယခုလို လက်နှစ်ဘက်ချီနှောင်ပြီး သွားရောက်အလေးပြုခဲ့တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည် လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ ယခုဆိုရင် နှစ်ပေါင်း (၆၁) နှစ်မြောက်ပြီးဖြစ်ပေမယ့်၊ မြန်မာပြည်သူပြည်သားတွေကတော့ အာဏာရှင်လက်အောက်မှာ မလွတ်လပ်သေးဘဲ မတရားအုပ်ချူပ်ခံနေရပြီး ဖိနှိပ်ညှင်းစဲသတ်ဖြတ်ခံနေရကြောင်း ပြသလိုတဲ့ သဘောဖြစ်ကြောင်း သိရှိရပါတယ်။

ကျူရှင်ဆရာ ဦးအောင်ဖေဟာ ၂၀၀၅ ခုနှစ်တုန်းက ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့ ရက်မှာ သူရဲ့  တပည့်တွေကို ဗိုလ်ချူပ်အောင်ဆန်းအကြောင်း ဟောပြောခဲ့လို့ ၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့ မှာ အလေးပြုတာတွေ ပြုလုပ်ခဲ့လို့  အဖမ်းခံခဲ့ရပြီး၊ ထောင် (၃) နှစ် ကျခံခဲ့ရဖူးပါတယ်။ အကျဉ်းထောင်ကလွတ်တဲ့အခါမှာ အင်းစိန်ထောင်ကနေ သူရဲ့ နေအိမ်ရှိရာ တွံတေးမြို့  အုန်းပင်စုရပ်ကွက်ကို ခြေလျင်လမ်းလျှောက်ပြန်ခဲ့ပါတယ်။ နအဖအာဏာရှင်တွေက ဆရာဦးအောင်ဖေကို သူနေတဲ့နေရာဒေသကနေ ဘယ်ပြင်ပဒေသကိုမှ မသွားရောက်ရဖူးဆိုပြီး ကန့် သတ်တားမြစ်ထားပါတယ်။

ဒီလို နယ်မြေကန့်သတ်ခံထားရပြီး နယ်မြေခံအာဏာရှင်လက်ပါးစေတွေရဲ့  စောင့်ကြည့်ခံနေရတဲ့အခြေအနေအောက်ကဘဲ တိုင်းပြည်နဲ့  လူမျိုးအတွက် ရဲရဲဝန့် ဝန့်  မကြောက်မရွံ့ တမ်း ယခုလို လှုပ်ရှားမှုတွေကို တက်တက်ကြွကြွနဲ့  လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ယခုလို တိုင်းပြည်နဲ့  လူမျိုးအတွက် တာဝန်သိသိ သစ္စာရှိရှိနဲ့  လုပ်သင့်လုပ်ထိုက်တာကို ရဲရဲတောက် လုပ်ဆောင်နေတဲ့၊ အာဏာရှင်တွေကို မမှုစတမ်း တော်လှန်အကောင်အထည်ဖေါ်ဆောင်ရွက်နေတဲ့၊ ပြည်သူ့ အတွက် ပြည်သူထဲက ပြည်သူတစ်ဦးဖြစ်တဲ့ ဆရာဦးအောင်ဖေကို အထူးလေးစား ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။

No comments: