ရှေ့ နေကိုဖိုးဖြူအား မတရားဖမ်းဆီးခေါ်ဆောင်သွားခြင်း။
မနေ့ ည (၉) နာရီခွဲခန့်  အချိန်တွင် အောင်လံမြို့ အထွက်တွင် ရှေ့ နေကိုဖိုးဖြူအား မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။
မကွေးတိုင်းအတွင်း အဓမ္မလုပ်အားပေးခိုင်းစေမှုကြောင့် တရားပြန်ဆွဲတဲ့သူတစ်ဦးရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးတာနဲ့  ပတ်သက်ကြောင်း သိရှိရပါတယ်။
ကိုဖိုးဖြူရဲ့  ဖုန်းထံ လူတစ်ဦးကနေ ဖုန်းဆက်ပြီး မင်းလိုက်ခဲ့ပါလို့  ခေါ်ဆိုကြောင်း၊ ကိုဖိုးဖြူကနေ လိုက်တာပေါ့ဆိုပြီး ချိန်းဆိုတဲ့နေရာကို လိုက်မယ်ဆိုပြီး သွားပါတယ်။
ကိုဖိုးဖြူဟာ အမှုလိုက်ရာကအပြန်မှာ အောင်လံဂိတ်မှ ကားပေါ်အတက်မှာပင် အနောက်မှ လူနှစ်ယောက် ကပ်ပါလာပြီး သာမာန်ပုံစံနဲ့  စီးနင်းလိုက်ပါလာပါတယ်။ အောင်လံမြို.အထွက် ဂိတ်အရောက်တွင် ထိုနှစ်ဦးမှ ကားပေါ်မှဆင်းကာ အရာရှိလုပ်သူနှင့် ထပ်မံရောက်ရှိလာကာ ကားပေါ်ပါသူများအား မတ်တပ်အရပ်ခိုင်းကာ တစ်ဦးချင်းအား သေချာစွာကြည့်ပြီး ကိုဖိုးဖြူအားကြည့်ကာ မင်းလိုက်ခဲ့ဟု ခေါ်ဆောင်ရာ ကိုဖိုးဖြူမှ လိုက်တာပေါ့ဆိုကာ သီချင်းတစ်ပုဒ်အား သီဆိုလိုက်ပါသွားကြောင်း သိရပါတယ်။ ကိုဖိုးဖြူအား မကွေးတိုင်း ရဲစခန်း အမှတ် (၁) ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  သိရှိရပါတယ်။
ရှေ့ နေတစ်ဦးဖြစ်တဲ့ ကိုဖိုးဖြူကို မည်သည့်အကြောင်းပြချက်မှ မရှိဘဲ ယခုလို မတရားဖမ်းချင်သလို ဖမ်းတာဟာ တရားဥပဒေကို အာဏာပိုင်တွေက ချိုးဖောက်ဖျက်ဆီးတာဘဲ ဖြစ်ပါတယ်။
ဒီလို ရှေ့ နေ ကိုဖိုးဖြူ မတရားဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး သတင်းဌာနများ၊ ဥပဒေပညာရှင်များ၊ လူ့ အခွင့်အရေးကာကွယ်သူများအနေနဲ့  ပြည်တွင်းပြည်ပ သက်ဆိုင်ရာဌာနတွေကို အရေးယူတိုင်ကြားပေးဖို့  မေတ္တာရပ်ခံပါကြောင်း ရှေ့ နေကိုဖိုးဖြူရဲ့  သတင်းအသေးစိတ်ကို ပြောကြားလာတဲ့ သူငယ်ချင်းတစ်ဦးကနေ မေတ္တာရပ်ခံလာပါတယ်။
No comments:
Post a Comment