Friday, January 9, 2009

ရေနံမှော်ရေနံတွင်းမှာ မတရားဝင်ရောက်ပစ်ခတ်လို့  တစ်ဦးဒဏ်ရာရရှိ။

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်မြို့ နယ် ဗဟင်းကျေးရွာအနီး နှောပင်ရေနံမှော်က ရေနံတွင်းကို မကွေးတိုင်း တိုင်းမှူးဖြစ်သူ ဖုန်းမော်ရွှေရဲ့  အမ သီတာရွှေ ပိုင် ကောင်းဇော်ဟိန်းကုမ္ပဏီ (နေသူရိန်ကုမ္ပစီ အမည်ပြောင်း) က သန်းရွှေမိန်းမ ဒေါ်ကြိုင်ကြိုင်ကို သိန်း (၃၀၀၀) နဲ့  သန်းရွှေရဲ့  မြေး ဖိုးလပြည့်ကို မုန့် ဖိုးအဖြစ် သိန်း (၁၀၀၀) ပေးပြီး လာဘ်ထိုးကာ ရေနံထွက်သော ဧရိယာများအားလုံးအား အကုန်သိမ်းပိုက်လိုက်ပါတယ်။

ဒီနောက်မှာ အဲ့ဒီ့ နှောပင်ရေနံမှော်ရေနံတွင်းက ရေနံတစ်ပေပါတူးလို့ ရတဲ့ လက်ရိုက်တွင်းသမားတွေကို တစ်ပေပါလျှင် (၈၅၀၀) အခွန်ခအဖြစ် ကောက်ပါတယ်။ မပေးနိုင်ရင် ရေနံတူးတာကို ရပ်လို့  ပြောပါတယ်။

အဆိုပါ ကောင်းဇော်ဟိန်းကုမ္ပဏီနဲ့  ရေနံတွင်းတူးသူတွေ မပြေမလည်ဖြစ်တာကြောင့်ရော လက်ဝါးကြီးအုပ် လာရောက်ချယ်လှယ်တာကြောင့်ရော မကျေမနပ်ဖြစ်ကြပြီး၊ မနေ့ ညက နယ်ခံရေနံတွင်းတူးသူတွေ နယ်ခံတွင်းပိုင်တွေ စုစုပေါင်း အယောက် (၂၀၀) ခန့် က အကောက်ခွန်ဂိတ်များ၊ ကုမ္ပဏီရုံးခန်း၊ ဆီပေပါ (၅၀) နှင့် ထရပ်ကားတစ်စီးတို့ ကို မီးရှို့ ဖျက်ဆီးပြီး ဆန္ဒပြကြပါတယ်။

ထိုကဲ့သို့  တင်းမာမှုဖြစ်နေစဉ် ရေစကြိုမြို့  တပ်ရင်း (၂၅၇) တပ်ရင်းမှူး မျိုးခိုင်ဆွေ ဦးစီးတဲ့ တပ်က အဆိုပါ နယ်ခံရေနံတွင်းတူးသူတွေ နယ်ခံတွင်းပိုင်တွေကို ၀င်ရောက်ပစ်ခတ်ပါတယ်။ ဒီလို ၀င်ရောက်ပစ်ခတ်မှုကြောင့် အသက် (၃၄) နှစ်အရွယ် မ၀င်းမာဆိုသူ ဒဏ်ရာရရှိသွားပါတယ်။ ယခုအခါတွင် အဆိုပါ ရေနံတွင်းတွင် စစ်တပ်မှ လုံခြုံရေးအပြည့်ချထားကြောင်း သိရှိရပါတယ်။

No comments: