Thursday, January 15, 2009

တောင်ငူထောင်မှ ကိုဇော်နိုင်ထွေး (ခ) ကိုကက်နက်၏ ကျန်းမာရေး အခြေအနေ စိုးရိမ်ရ။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်ကျော်ထွေး (ခ) ကိုမာကီး၏ ညီဖြစ်သူ - ကိုဇော်နိုင်ထွေး (ခ) ကိုကက်နက်အား ထောင်တွင်းထောင်ပြင် စာဆက်သွယ် မှု့နှင့် ဖမ်းဆီး၍ အင်းစိန်ထောင်မှ လာဘ်ပေးလာဘ်ယူမှုအဖြစ် ဖန်တီးကာ ထောင်ဒဏ် (၉) နှစ်ချမှတ်၍ တောင်ငူထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်.။

ယခုအခါ တောင်ငူထောင်တွင် ကိုဇော်နိုင်ထွေး (ခ) ကိုကက်နက်အား ခြေချင်းဒေါက်ခတ်၍ထားပြီး ထောင်အာဏာပိုင်များမှ အလုပ်ကြမ်းခိုင်းကြောင်း သိရှိရပါသည်။ ထို့ အပြင် အစားအသောက်လည်း လုံးဝ အဆင်မပြေကြောင်း ကြားသိရပါသည်။

ကိုဇော်နိုင်ထွေး(ခ)ကိုကက်နက်တွင် လေးဖက်နာရောဂါ ရှိသောကြောင့် ကျန်းမာရေးအခြေအနေအရ အလွန်စိုးရိမ်ရသော အခြေအနေဖြစ်ကြောင်း နီးစပ်သူများမှ ပြောပြပါသည်။

No comments: