Sunday, January 11, 2009

သမိုင်းဂုဏ်ရောင် ထွန်းပြောင်စေတဲ့ မန္တလာသူ မန္တလာသားတို့ ရဲ့  ပြည်သူ့ အောင်ပွဲ။

၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြန်မာပြည်သူပြည်သားများအားလုံး ညီညာတက်ကြွစွာနဲ့  တစ်ပါတီအာဏာရှင်စနစ်ကို အတူတစ်ကွ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်ကြခဲ့တဲ့အထဲမှာ သမိုင်းအစဉ်အလာကြီးမားတဲ့ မန္တလေးမြို့ မှ မန္တလာသူ မန္တလာသားများရဲ့  လှုပ်ရှားဆောင်ရွက်မှုများဟာလည်း အင်မတန်ချီးကျူးဂုဏ်ပြုထိုက်သော ဆောင်ရွက်မှုများ ဖြစ်ပါတယ်။

ကျောင်းသားသမိုင်းလှုပ်ရှားမှု၊ နယ်ချဲ့ ဆန့် ကျင်ရေး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၊ တစ်ပါတီအာဏာရှင်စနစ်ပြုတ်ကျရေး လှုပ်ရှားမှုတို့ မှာ ရှေ့ တန်းကနေ ရဲရဲဝန့် ဝန့် ဦးဆောင်ပါဝင်ခဲ့ကြတဲ့ လူထုဒေါ်အမာတို့ လို အမျိုးသမီးတွေအပါအ၀င် မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်လောက်ရတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် အမျိုးသားကောင်း အမျိုးသမီးကောင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာလည်း မန္တလေးမှ ကျောင်းသူကျောင်းသားအပေါင်းဟာ မန္တလေးမှ မြို့ သူမြို့ သားများနဲ့ အတူ တက်တက်ကြွကြွနဲ့  လူတန်းစားပေါင်းစုံပါဝင်တဲ့ အထွေထွေသပိတ်တွေ ဆင်နွဲပြီး၊ တစ်ပါတီအာဏာရှင်နေ၀င်း ဦးဆောင်တဲ့ မဆလပါတီ ဖြုတ်ချမှုကို ရန်ကုန် အစရှိတဲ့ မြို့ ကြီးနယ်ကြီးများနဲ့ အတူ ဟန်ချက်ညီစွာနဲ့  သမိုင်းတာဝန်ကျေပွန်စွာ လှုပ်ရှားဆောင်ရွက်ခဲ့ကြတာဟာ သမိုင်းမှတ်တမ်းမှာ မော်ကွန်းတင်ခဲ့ကြပါတယ်။

ယခု ဖေါ်ပြထားတဲ့ - ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မန္တလေး စာပေနှင့် အနုပညာအဖွဲ့ က ထုတ်ဝေခဲ့သော “ရှစ်လေးလုံးသတင်းစာ” များမှာ ကြည့်လျှင် မန္တလေးမြို့ သူမြို့ သားတွေရဲ့  ရှစ်လေးလုံးလှုပ်ရှားမှုပုံရိပ်များ ထင်ရှားပေါ်လွင်သလို၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့  ညီညာစွာ ပူးပေါင်းလက်တွဲ တော်လှန်မှုကြောင့် ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီးမှာ တစ်ပါတီအာဏာရှင် ပြုတ်ကျခဲ့စေတဲ့ ပြည်သူ့ အောင်ပွဲ ရရှိခဲ့တာကို တွေ့ ရှိရမှာ ဖြစ်ပါတယ်။

မြန်မာပြည်တစ်ဝှမ်းလုံး မြို့ အသီးသီး နယ်အသီးသီးတိုင်းမှာ ကိုယ်မြို့ ကိုယ့်ရွာရဲ့  သမိုင်းပေးတာဝန်ကို ကျေကျေပွန်ပွန်ဖြစ်အောင် သမိုင်းဂုဏ်ရောင် မညိုးရလေအောင် ပြည်သူ့ အကျိုးကို စွမ်းစွမ်တမာန် ဆောင်ရွက်ခဲ့ကြတာကြောင့် တစ်ပြည်လုံးအုံကြွမှုကို အင်အားအရှိန်အဟုန်ပြင်းစွာနဲ့  ဆင်နွဲနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

“ပြည်တင်းလျှင် မင်း မခံနိုင်” ဆိုတဲ့ စကားနဲ့ အညီ - မြန်မာပြည်သူပြည်သားတွေ နေရာဒေသတိုင်းမှာ မိမိတို့ တာဝန်ကို မိမိတို့  ကျေပွန်စေဖို့ ၊ တစ်ပြည်လုံး အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ၊ တစ်မျိုးသားလုံး ကိုယ့်ကျွန်ဘ၀လက်အောက်မှ ရုန်းထွက်နိုင်ဖို့ ၊ မတရားအုပ်ချူပ်ဖိနှိပ်တဲ့ အာဏာရှင်အစိုးရ ကွယ်ပျောက်စေဖို့  အစရှိတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ကြတဲ့ ပြည်သူပြည်သားများထဲက မန္တလေးမြို့ သူမြို့ သားအပေါင်းအား ချီးကျူးလေးစား ဂုဏ်ယူမိပါတယ်။

ယခုထိတိုင် မတရားဖိနှိပ်ချူပ်ချယ်မှုတွေနဲ့  ပြည်သူကို နေ့ စဉ်နဲ့ အမျှ ဒုက္ခပေးနေဆဲဖြစ်တဲ့ သန်းရွှေဦးဆောင်တဲ့ အာဏာရှင်ဂုတ်သွေးစုတ်တွေကိုလည်း မန္တလေးမြို့ သူမြို့ သားတွေအနေနဲ့  ဆက်လက်ပြီးတော့ တော်လှန်ဆန့် ကျင်ဦးမယ်၊ သမိုင်းအစဉ်အလာကြီးမားတဲ့ မန္တလေးမြို့ ရဲ့  ဂုဏ်ရောင်ကိုလည်း ဆက်လက်ထွန်းတောက်စေဦးမယ်၊ တပြည်လုံးအတိုင်းအတာအနေနဲ့  မန္တလေးမြို့  အပါအ၀င် အခြားသော မြို့ အသီးသီး နယ်အသီးသီးမှလည်း လူထုအုံကြွမှုကြီး ပေါ်ပေါက်စေဦးမယ်ဆိုတာ မလွဲမသွေ ယုံကြည်ပါတယ်။

မန္တလာသူ မန္တလာသားအပေါင်းတို့ ရဲ့  အာဏာရှင်ဆန့် ကျင်ရေး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများအား အထူးလေးစားဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းက မန္တလေး စာပေနှင့် အနုပညာအဖွဲ့ က ထုတ်ဝေခဲ့သော “ရှစ်လေးလုံးသတင်းစာ” များ။

8888 Newspaper No 1 - Mandalay


8888 Newspaper No 2 – Mandalay
စာစောင်များအား download လုပ်လိုပါက -

http://www.mediafire.com/?cj3omniujlj

http://www.mediafire.com/?mb2e44t3ocx

No comments: