Friday, January 2, 2009

လွတ်လပ်ရေး မရသေးသမို့ ဆက်ကာတိုက်ပွဲဝင်ကြစို့ ။

(၃၁.၁၂.၂၀၀၈) ရက်နေ့  ညအချိန်တွင် လှည်းတန်းပတ်ဝန်းကျင်တ၀ိုက်မှာ ပြည်သူတို့ရဲ့ လွတ်လပ်ရေး မရသေးသမို့ ဆက်ကာတိုက်ပွဲဝင်ကြစို့ ဟူသော စာတန်းပါစာရွက်များအားနေရာအနှံအပြားတွင် လိုက်လံ ကပ်ထားသည်များကို တွေ့ရသည်။

ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ်တ၀ိုက်နှင် (ဇ၀န) သုဝဏမြို့နယ်တ၀ိုက်တွင်လည်း ထိုစာများအား အများအပြားကပ်ထားသည်ကို တွေ့ ရပါသည်။

ထိုအပြင် (လွတ်လပ်ရေး) ဟူသော ခေါင်းစီးစာတန်းဖြင့် ပြည်သူသို့ လှုံ့ဆော်သော စာသားများပါရှိသည့် အရှေ့မျက်နှာနှင့် နောက်ကျောစာမျက်နှာတွင် တောင်းဆိုချက် (၃) ချက်ပါ စာသားဖြစ်သည့်

(၁) အမျိုးသားပြန်လည်သင့်မြတ်ရေး၊
(၂) စစ်မှန်သောတွေ့ဆုံဆွေးနွေးမှုအမြန်ဆုံး ပေါ်ပေါက်ရေး၊
(၃)နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရေး -

ဟူသည့် စာသားများပါသော စာရွက်များအား အင်းယားကန် တံတားဖြူမှတ်တိုင်နားနှင့် ကန်တော်ကြီး ပုဂံလုံးကျွန်းနားတွင် နှစ်နေရာပေါင်း စာရွက်ရေ (၂၀၀၀) နီးပါးမျှနှင့် အခြားနေရာ အတော်များများတွင်လည်း စာများအား ကားပေါင်းစုံပေါ်မှ ကျဲချသွားကြောင်း သိရှိရပါသည်။




No comments: